Thursday, July 10, 2008

စိတ်ကြည်နှုးစရာဓာတ်ပုံများ





































































Read More...

Wednesday, July 9, 2008

ပိုက်ဆံ


လေမရှိရင် အသက်မရှုနိုင်။
ဓာတ်ဆီမရှိရင် ကားမသွားနိုင်။
ဒီအတိုင်းပါပဲ။
ငွေဟာ (ကျတော်တို့အတွက်)လေလို
(မော်တော်ကားအတွက်)ဓာတ်ဆီလိုပါပဲ။
အသက်ရှင်ဖို့လိုတဲ့အရာပဲပေါ့။
ငွေကိုသုံးပြီး ငွေရအောင်ရှာရတယ်။
သင်သုံးလေလေ ၊ ငွေက ကိုယ့်ဆီပြန်လာလေပဲ။
ပိုက်ဆံ စကားပြောတာကြားဖူးကြမှာပါ။
ဘာမှအလကားမရဘူး။
ဒါဆိုရင်ပိုက်ဆံကိုခြစ်ခြစ်ပါအောင် စုထားရမလား။
သွားမလုပ်နဲ့။
ပိုက်ဆံမှာအတောင်ပါတယ်။သူ့ကိုထိန်းထားလို့မရဘူး။
သွားမလုပ်နဲ့။
ပိုက်ဆံမှာခြေထောက်ပါတယ်။သူဟာနေရာတကာလှည့်လည်သွားလာနေတယ်။ပိုက်ဆံကိုသုံးပါ။ရင်းနှီးမြှုပ်နှ့ပါ။လှူဒါန်းပါ။ပေးကမ်းစွန့်ကြဲပါ။


Read More...

ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်းဆိုတာ လက်တွေ့မှာ ချစ်ခြင်းမေတ္တာပါပဲ။
လူတစ်ယောက်မဟုတ်တာလုပ်တာကို ခွင့်လွှတ်လိုက်ပါ။
ဒီအခါ မိမိမှာငြိမ်းချမ်းခြင်းနဲ့တည်ငြိမ်ခြင်းများရရှိသွားတယ်။
ခွင့်မလွှတ်နိုင်ဘူးဆိုရင်တော့ ခါးသီးနာကျည်း စိတ်ဆိုးမှု တွေဖြစ်လာတယ်။
ဒါဟာမိမိကိုဒုက္ခပေးတော့တာပဲ။
လက်တွေ့မှာခွင့်လွှတ်နိုင်ခဲတယ်။
ခွင့်လွှတ်မယ့်အစား လက်စားချေဖို့ စိတ်ကူးကြသူတွေများတယ်
ဒီအတွက် ခါးသီးနာကျည်းမှုတွေဟာရင်ထဲမှာတလိမ့်လိမ့်နဲတက်လာပြီး မိမိကို လှိုက်စားတော့တယ်။
မိမိအတွက်ရောဂါတွေကိုသိမ်းထားသလိုပဲ။
ကျတော်တို့မြန်မာဗုဒ္ဓဘာသာဝင်တွေဟာဌက်ကလေးတွေလွှတ်တယ်။
ငါးကလေးတွေလွှတ်တယ်။
ဒီအခါ ရင်မှာပီတိတွေပွားတယ်။
ကုသိုလ်တွေရတာပေါ့။
ဒီထက်ပိုပြီး စိတ်ကြည်နှုးမှုရတာကတော့ ရန်သူကိုခွင်လွှတ်ခြင်းပါပဲ။
ရန်သူဆိုတာ မိမိကိုတစ်ချိန်လုံးဒုက္ခပေးနေသူပဲ။
မိမိအသာစီးရတဲ့အခါ ခွင့်လွှတ်ကြည့်ပါ။
အနန္တသူရိယအမတ်ရဲ့ မျက်ဖြေလင်္ကာ ကိုသတိရကောင်းပါတယ်။
အဲဒါကတော့ ခိုက်ကြုံဝိဘက် ၊ သံသာစက်၌
ကျိုက်လတ်တုံမှု ၊ တုန့်မယူလို့….ဆိုတာမျိုးပါပဲ။

ဥပဒေသ-ခွင့်လွှတ်ပါ။ရန်ကိုရန်ချင်းမတုံနှင်းပါနဲ

Read More...

နေနည်းထိုင်နည်း

ဘ၀မှာအောင်မြင်စွာနေထိုင်ချင်ရင်တော့ ဆန့်ကျင်ဖက် အိုင်ဒီယာ နှစ်ခုကိုတစ်ပြိုင်နက်တည်းစွဲမြဲစွာ လုပ်ဆောင်ဖို့ပါပဲ။

ပထမကတော့ရေရှည်စီမံချက်ချပါ။ ကျတော်တို့တတွေဘယ်တော့မှမသေတော့ဘူးပုံစံမျိုးနဲ့ စီမံနေထိုင်ပါ။
ဒုတိယကတော့မိမိတို့နက်ဖြန်ပဲသေတော့မယ်ဆိုတဲ့ပုံစံမျိုးနဲဆောင်ရွက်ပါ။
သတ္တ၀ါလောကကြီးမှာလေ့လာတွေရှိထားတာကတော့ကျတော်တို့တတွေဟာ အသိညဏ် အမြင့်မားဆုံးသောသတ္တ၀ါဖြစ်တယ်။
ကျတော်တို့တတွေဟာသမိုင်းကိုလည်းရေးတယ်။
အနာဂတ်ကိုလည်းတွေးတယ်။
လူတွေဟာတစ်နေ့သေရမှာဲ့။
သေမှာပဲဆိုပြီးသေတဲ့နေ့ကိုစောင့်နေလိုမရဘူး။
တစ်ဖက်ကလည်းမသေဘူး။ငါအသက်ရှည်နေဦးမှာပဲလို့ ရေရှည်တွေးလို့မရဘူး။
ဒါအတွက် လုပ်သင့်တာက ရေရှည်စီမံချက်ဆွဲ။
မနက်ဖြန်သေလိုလည်းရအောင် ဒီနေ့ လုပ်ရမယ်အလုပ်ဒီနြေ့ပီးအောင်ကြိုးစားဆောင်ရွက်။
ဆိုလိုတာက လူတွေရဲ့ နေထိုင်နည်းဟာ အင်မတန် ခက်ခဲတယ်။
ကြမ်းတမ်းတဲ့ဘ၀ကလည်း သင်ခန်းစာတွေရတယ်။
တည်ငြိမ်အေးဆေးတဲ့ ဘ၀ဟာလည်းပတ်ဝန်းကျင်ကြောင့်လှုပ်တယ်။
အောင်မြင်တဲ့အချိန်ဟာ နောက်ကျနေတာလည်းရှိတယ်။
ဒုက္ခတွေကိုလည်းသိရမယ်။
ဒုက္ခ တွေကြားက ပျားရည်စက်ကိုလည်း မြိန်ယှ်စွာစားသုံးတတ်ရမယ်။
သူတော်စင်လို မကျင့်နိုင်ပေမယ့်
သူယုတ်လိုလည်းမကျင့်ရဘူး။
မာနကြီးလို့လည်းမရဘူး။
အစွမ်းကုန် လိုက်လျောပြန်တော့လည်း လူပေါကြီးဖြစ်လေရောပဲ။
ဥပဒေသ-နေတတ်ဖို့ဟာအရေးပါလှတယ်။

Read More...

ဂုဏ်သရေရှိလူကြီးလူကောင်း

စကားပုံတစ်ခုရှီတယ်
''လေးစားမှုကိုတောင်းခံလို့မရဘူး၊
ထိုက်တန်အောင်လုပ်မှရတယ်''

သင်ဒီအတွက် ဘာပြောချင်သလဲ။
သင်ဟာလူကြီးလူကောင်းတစ်ယေက်လို အရိုအသေ ခံချင်ရင်တော့ ' လည်စီးလေး'တော့လိုတာပေါ့။
ကာတွန်းရုပ်တွေပါတဲ့ ဟာ ဝေယံရှပ်နီနီရဲရဲ ၀တ်ထားရင်သင်ရဲ့ဖောက်သည်တွေနဲ့အလုပ်ရှင်တွေ သင့်ကိုဘယ်လိုလေးစားတော့မှာလဲ။
ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်ဖို့ အသက်၃၀ မှာလား ၄၀ မှာလား ၅၀ မှာလား
တကယ်တော့ လူကြီးလူကောင်းဖြစ်ဖို့အသက်နှင့်တော့မဆိုင်ပါ။
မိမိရဲ့အနေအထိုင်ကအပြောအဆိုတွေဟာအရေးပါတယ်။
ဒီထက်မိမိရဲအ၀တ်စားတွေလည်းအရေးပါတယ်။
ကော်လာကတုံး ရှပ်အင်္ကျီကလေးနဲ့ တိုက်ပုံလေးဝတ်သွားရင်လူရိုသေတာပေါ့။
နီရဲရဲကြောင်ကြောင် ကျားကျားတွေ ၀တ်သွားပြီ အရိုအသေခံချင်လို့တော့မရဘူးလေ။
အနောက်တိုင်းဝတ်စုံ ၀တ်သွားရင်တော့ နက်ကတိုင်းဟာ မရှိမဖြစ် လိုအပ်တာပေါ့။
သူအရပ်သူဇတ်ပေါ့လေ။
ဘယ်လိုဖြစ်ဖြစ်သေသေသပ်သပ် ၀တ်စားတယ်ဆိုတာဟာ လူတကာရဲ့ လေးစားမှုကိုရစေတာအမှန်ပါပဲ။

Read More...

နှစ်လိုဖွယ်ရာ စိတ်ဓာတ်ကျပါ။

စိတ်ဓာတ် ကျတယ်ဆိုတာ ဘာမှထူးဆန်းတာမဟုတ်ပါဘူး။နှစ်လိုဖွယ်ရာတစ်ခုပဲလို့လက်ခံပါ။သင်ဟာအချိန်တိုင်းတက်ကြွနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။တို့တတွေကို ဒီလိုတည်ဆောက်ထားတာမှမဟုတ်တာပဲ။
ဒီတော့ဆက်လက်ပြီးရှင်သန်နေပါ။
ဒီလိုနဲပဲ နေ့တွေ ကုန်သွားမှာပါ။
စိတ်ဓာတ်ကျတယ်ဆိုတာအကြောင်းရင်းတော့ရှိမှာပေါ့။မိမိဘာကြောင့် ဒီလိုဖြစ်လဲဆိုတာ ဆန်းစစ်ပါ။ ပုံပြင်လေးတစ်ခုရှိတယ်။တစ်ခါကကောင်လေး တစ်ယောက် ရှိတယ်တဲ့။သူမှာ ဖိနပ် ၀ယ်ဖို့ ပိုက်ဆံ မရှိလို့ စိတ်ညစ်နေတယ်။ဒီအခါမှာပဲ ခြေထောက်ပြတ်နေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့သတဲံ။စိတ်ဓာတ်ကျစရာတွေလောကမှာ တစ်လှေကြီး ရှိတယ်။ တစ်ချို့ ကပြောတယ် ။
ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့တဲ့။အလကားပြောတာ။
စိတ်ညစ်စရာရှိရင် စိတ်ညစ်လိုက်ပါ
။လူတွေဟာစိတ်နဲ့နေတဲ့ သတ္တ၀ါ တွေပါ။
''စိတ်ညစ်ရင်မျက်ရည်ကျ ခေါင်းဖွလို့ နေတတ်တယ်
စိတ်ပျော်ရင်မြုးတူးအရှုးလိုပဲကွယ် ''တဲ့
ဒါကြောင့် စိတ်ရဲ့အလိုကျ အတိုင်းအတာတစ်ခုအထိတော့နေပါ။စဉ်းစားကြည့်လေ
ဆုံးရှုံးမှုအတွက်စိတ်ညစ်ရင် ''ေးအတွက်လေး''မှာပေါ့။
မအောင်မြင် တာ ဟာ ဘာကြောင့်လဲဆိုတော့ မေးခွန်းကိုမေးပါ။
ဥပဒေသ-စိတ်ဓာတ်ကျတာအဖြေရှာပါ။
ငါဘာကြောင့် ဒီလိုဖြစ်တာလဲဆိုပြီး ဆန်းစစ်ပါအရေးကြီးပါတယ်။
ဒီအခါမှာ မိမိစိတ်ကျနေရာကနေ တဖြည်းဖြည်း လွတ်မြောက်သွားမှာပါ။

Read More...

Saturday, June 14, 2008

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၁)

သဗ္ဗေသတ္တာ ၊ သေနေယျာ ၊ သံသာရှည်လှပြီ။

အတည်ကျကျ ၊ ဘယ်ဘ၀ ၊ ရကြမရှိပြီ။

ရအံနိုးနိုး ၊ လောဘမျိုး ၊ အကျိုးယုတ်လှပြီ။

သုံးပါးညီးညီး ၊ လောင်မီးကြီး ၊ ဖိစီးလှလေပြီ။

လောင်မှန်းမသိ ၊မောဟဘိ ၊မိမိမိုက်လှပြီ။

ပိုးဖလံမျိုး ၊ မီးကိုတိုး ၊ ကိုယ့်ကျိုးနည်းလှပြီ။

ကာမဂုဏ်မွဲ၊သည်မိုက်မဲ ၊ မခွဲနိုင်ကြပြီ။

မခွဲနိုင်ကြ ၊လူဗာလ၊ မိုက်စသိမ်းသင့်ပြီ။

ဂဂါင်္သဲတူ၊ပွင့်တော်မှု ၊ဆူဆူ များလှပြီ။

များအသင်္ချေ ၊ရှင်စောတွေ ၊ ရှောင်သွေလွဲခဲ့ပြီ။

တစ်ဆူမသင့် ၊ တစ်ဆူသင့် ၊ဖူးခွင့်တွေ့သိုက်ပြီ။

မတော်မတရား ၊ ကျင့်ဖောက်ပြား ၊ မိုက်အားကြီးလှပြီ။

Read More...