Monday, December 31, 2007

ဘူးတစ်လုံးဆောင်အိုအောင်မဆင်းရဲ

သင်ကြီးပွားတိုးတက်ရန်ကိုသင်မှတစ်ပါး သာလျှင်ပိတ်ပင်တားထားနိုင်၏။ အသင်၏စီးပွားရေးအတွက်အကောင်းဆုံးသောလက်နက်သည်အသက်၏အတွေးစိတ်ဖြစ်၏။မလုပ်မီရှေးအဖို့တွင်တွေးရသည်မဟုတ်ပါလော။
အတွေးသည်အသိဥာဏ်တည်းဟူသောမီး၏အလင်းဖြစ်၏။အသိ ဥာဏ်တည်းဟူသောမီး၏အလင်းဖြစ်၏။အသိဥာဏ်ရှိသမျှ(၀ါ)မရှုးသွပ်သမျှဆင်းရဲအောက်ကျစွာနေရဖို့ အကြောင်းမရှိပေ။အသင်သည်ဒီဘ၀မှာသာ လူဖြစ်မည်မဟုတ်။အတိတ်ဘ၀တွင် မေ၇မတွက်နိုင်အောင်ရှိ၏။အတိတ်ကံတွေလည်း မရေတွက်နိုင်။
တစ်ချို့သူတို့မှာတစ်ရှူးစိတ်မျိုးရှိတတ်၏။ခဏပဲ တော်တော်ကြာပြောတာပဲ ဟုပြောကြ၏။ထိုစိတ်မျိုးသည်အသက်ကိုတိုစေတတ်၏။ထို့အပြင်ကောင်းသောစိတ်ဟုမဆိုနိုင်ချေ။
အကြောင်းမှုကား ခဏပဲဟူသောစကားအရခဏဒေါသထွက်ရင်ခဏအတွင်းစိတ်ပြေပြီး ၊နောက်ခဏထစ်ကနဲတစ်စုံတစ်ရာဖြစ်လျှင် ဒေါသကြီးတတ်လေရာ၊ အမြဲ စိတ်တိုသူနှင့် မခြားလှချေ။
တစ်ချို့ကား မည်သူဖြင့်ငါကိုဘယ်လိုသဘောထားတာပဲ ၊ သူစကားက ငါ့ကိုစောင်းတာပဲ ၊ ယနေ့ စကားပြောဘူး။ ဘာများဖြစ်သလဲမသိဘူး ။ ငါ့ကိုကောက်ကောက်နေတာပဲ။စသည့်ဖြင့်အပြစ်ကိုမြင်တတ်၏။အထ အနကောက်တတ်ပါမှ အပါး အလိမ္မာ အသိ အနပ်ဟု မှတ်ထင် ကြ၏။
ထိုစိတ်မျိုးသည်မိမိကိုယ်ကိုအမြဲဆင်းရဲစေပြီးနီးစပ်သူ ၊ အတူနေသူတို့ကို ပူလောင် စေလေရာ အစစ်မှန် လန့်ထိတ်သောစိတ် ၊ မအောင်မြင် သောစိတ ၊ဆင်းရဲ စေသောစိတ်မျိုးဖြစ်၏။
ဒေါသ အမျက်ထွက်လိုလျှင်ပါးစပ်ကိုပိတ်ပြီးထားလေ ။ ထိုအခါမျိုးတွင်ပြောမိဆိုမိလျှင် ဓာတ်ခိုးနှင့်မီးတွေ့သလိုတဟုန်းဟုန်း ဖြစ်တတ်`။ တစ်စုံတစ်ရာပြောလိုလျှင် ထိုအခါ ထိုအခါမျိုးတွင်တိုးတိုးပြောရမည်။ကျယ်ကျယ်ပြောလျှင် ကဆုန်းစိုင်းပြီးထွက်လာတတ်လာသည်။လူတစ်ယောက်သည် အသင်နှင့်ရန်ဖြစ်ဖို့ကြံလျှင် သူ့ဘာသာသူ ရန်သူဖြစ်နေပါစေ။ အသင်ကားပါးစပ်ကိုမဟ လေနှင့်။ မကြားဟန်ပြုပြီးနေရမည်။ အ တန်သည့်အခါ အ ရမည်။ ပင်း တန်သည့်အခါ ပင်းရမည် ။ ကန်းတန်သည့်အခါကန်းရမည်။နှာခေါင်းသည်ချီးကိုမနမ်း ။ နှခေါင်းသည်ရှူသင့်မရှူသင့်ကိုအလိုလိုသိ၏။
မခံချင်သောစိတ်သည် လွန်စွာဒုက္ခ ပေး၏။ မကြားဘဲနေ ။မမြင်ဘဲနေလျက် ထိုစိတ်၏ရန်ဘေးမှလွတ်ကင်းလေသည်။အသင်တွင်အပြစ်မရှိဘဲလျှက် ပရိသတ်အလယ်တွင်စော်ကားရိုင်းပျစွာအပြောခံရသဖြင့်ပြန်ပြီချေခြင်းသည် ပြန်ပြီးရိုင်းစိုင်းခြင်းပင်ဖြစ်၏။
ပြုံးပြီးနေလျှင်စော်ကားသူ ရှက်လိမ့်မည်။ထပ်ပြီးစော်ကားလျှင် ပရိသတ်သည်သက်`ဘက်တွင်ရှိ၏။
ထိုကြောင့် ငါစိတ်ကိုနိုင်ရမည် ငါစိတ်ကိုနိုင်ရမည် ။ဟူသောဂါထာ ကိုအမြဲစိတ်တွင်ရွတ်ပါလေ ။
လူနှစ်ယောက်အကြောင်းတစ်ခုခုနှင့်ပတ်သက်ပြီးဆွေးနွေးကြရာရာ မှ ငြင်းခုန်ခြင်း ဖြစ်ကြရာ တစ်ယောက်က ဖန်ခွက်ထဲက ၀ိုင်အရက်နှင့်တစ်ယောက်မျက်နှာကိုစိတ်ဆိုးပြီးပက်လိုက်၏။အပက်ခံရသူက ပြုံးလျက်အေးအေးဆေးဆေးမျက်နှာကိုပ၀ါဖြင့်သုတ်ပြီး စကားဆက်ပြန်အောင်မလုပ်ပါနဲ့လေ။ မေ့တောင်သွားပြီ ၊ ခုတင်က ဘာပြောလိုက်ပါလိမ့် ဟု ပြန်ပြီးပြောကာစဉ်းကားပြီးမိမိ၏စကားကိုဆက်ပြောလေသည်။
ဒေါသနှင့်ကလေးကိုဆုံးမသောမိဘ ၊ဆရာတို့သည် ရှေး ဦးစွာ မိမိကိုယ်ကိုပိုမိုပြီးဆုံးမသင့်၏။စိတ်ကိုချုပ်ခြင်းသည်လွန်စွာအသုံးဝင်၏။စိတ်ကိုချုပ်ခြင်းသည် သတိဥာဏ်ကိုမြဲစေ၏။ဒေါသသည်ရန်တိုးလေသည် ။စကားအပြောအဆိုတွင်ရုန်ရင်းကြမ်းတမ်းစွာ ဆဲဆိုတိုင်းထွာခြင်းသည် စိတ်ကိုမချုပ်တည်းနိုင်သူတို့၏လက္ခဏာဖြစ်လေ၏။အချို့သောသူတို့သည် အိမ်တွင်ဖြစ်ပျက်သမျှကိုအရပ်သိအောင်ပြောတတ်၏။ဆွေမျိုးသားချင်းအိမ်သားအပြစ်အတင်းကိုပြောကြလေသည်။ထိုအလေ့အကျင့်သည်စိတ်အားသတ္တိသိမ်ဖျင်းစေသောအကျင့်၊ စိတ်ဆင်းရဲခြင်း၏အကြောင်းအရင်းများဖြစ်ကြလေသည် ။
ကြီးပွားအောင်မြင်သူသည် တကယ်အရေးထဲတွင် တကယ့်အခက်ခဲကြီးများထဲတွင်အေးအေးနှင့်စိတ်ကိုချုပ်နိုင်သူဖြစ်၏။အကြောင်းကိုချုပ်ခြင်း ၊ အရဲကိုချုပ်ခြင်း ၊ အစွမ်းကိုချုပ်ခြင်း ၊ ဒေါသကိုချုပ်ခြင်း နှင့် သည်းညည်းခံခြင်းသည် အောင်မြင်ခြင်း၏ခံတပ်ကြီးများဖြစ်ကြလေသည်။စိတ်ကိုမချုပ်တည်းသမျှ လောကတွင်ကြီးမြင့်ခြင်းအဖြစ်သို့ရောက်မည်ဟုမရှိချေ။
(က)မလုပ်ကောင်းသောမပြုကောင်းအပ်သောအမှုကိုမပြုဘူး
(ခ) မပြောအပ်သောစကားကိုမပြောဘူး
(ဂ)မကြံအပ်သေအကြံကိုမကြံဘူး
(ဃ)မလိုက်အပ်သောအလိုကိုဆိုလို၏။
ထိုကြောင့်ဒေါသ ကိုစိတ်ထိန်းပါ။ အလိုမလိုက်ကြပါနဲလိုတိုက်တွန်းရင်း..............

Read More...

အသေးအဖွဲကလေးများ

မီးပွားကလေးသည် မြို့ ကိုပြာကျစေနိုင်၏ ။ စကောတစ်ချပ်လွင့်ရုံနှင့် တိုင်းပြည်ပျက်ဖူး၏ ။ မနု၏ထဘီသည် သီပေါနန်းကျသည့်တိုင်အောင်ခရီးရောက်၏။ နှစ်သည်စက္ကန့်ကစ၏ ။ ရေစက်ကလေးများမှပင်လယ်ဖြစ်ရ၏ ။ ကြီးသောရာဇာဝတ်မှုများသည် စုံထောက်များသည် မှန်ဘီလှုးနှင့်ကြည့်မှမြင်ရသောအမှတ်ကလေးတစ်ခုခုမှစပြီးပြစ်မှုကျုးလွန်သူကို တစ်ကျွန်းစက်တိုင်သို့ရောက်စေကြလေသည် ။ ထို့ကြောင့် သေးငယ်သောအရာများကိုမလေးမစားမပြုအပ်။
အသေးအဖွဲ့ကလေးများတွင်ပေါ့လျော့ခြင်းသည်ကြီးကျယ်သောအရေးတို့ကိုဖြစ်ပေါ်စေတတ်၏။
ထို့ကြောင့်သေးငယ်သောအရာကလေးများကို ပြု အပ်လေ့သည်။အနည်းငယ်မျှ ကျေးဇူးပြုဖူးသဖြင့် နောင်အခါတွင်မြောက်မြားစွာ ကျေးဇူးအဆပ်ခံရသူတွေရှိကြလေသည် ။ အသေးအဖွဲ တစ်ခုကို ဂရုမစိုက်သဖြင့်အကြီးအကျယ်ပျက်စီးကြ၏။အသေးအဖွဲ ကလေးများကိုမြင်တတ်သောမျက်စိမြင်တတ်သော သတိသည်ကြီးသောအကျိုးကိုပေးနိုင်လေသည် ။ထိုကြောင့်ဘာကိစ္စမဆိုအရေးတစ်ကြီးလုပ်သင့်ပါတယ်။

Read More...

Friday, December 28, 2007

အသုံးအဖြုန်း ခွဲခြားနားလည်

အရေးကြီးသည်က အသုံးနှင့် အဖြုန်းကိုခွဲခြား နားလည်ဖို့ပင်ဖြစ်၏။ ကုန်သင့်တာကုန်ပါ။ သုံးသင့်တာသုံးပါ ။ ၀တ်သင့်တာဝတ်ပါ။ စားသင့်တာစားပါ။ သို့သော်အပိုဆာလာအပျော်ပါး အမော်ကြွားကိစ္စတွေအတွက် မကုန်သင့်တာ မကုန်ပါစေနှင့်။ မကုန်သင့်တာကုန်လျှင် အဖြုန်း ဘက်သို့ ပါသွားမည်ဖြစ်၏။ အဖြုန်းအးကြီးလျှင် လည်း လူချမ်းသာဖြစ်ဖို့ လွယ်မည်မဟုတ်။လူချမ်းသာတို့ ကိုလိုက်ကြည့်ပါ။ သုံးသင့်သည်ကိုသာ သုံးသောလူမျိုး ဖြစ်သည် ကိုတွေ့ရပါလိမ့်မည် ။ငွေသည် ရှာရဖွေရသူအတွက်ခက်ခဲပေမယ့် သုံးသူဖြုန်းသူအတွက်အလွန်လွယ်ကူ၏ ။
အများစုသည် ပထမ အရွယ် တွင် ထွက်ငွေသာရှိမည် ဖြစ်၏ ။ အလုပ်အကိုင် မရှိသေးသဖြင့် ၀င်ငွေကရှိဦးမည် မဟုတ် ။ ထိုသို့ ၀င်ငွေ မရှိခင် အရွယ်မှာ ငွေတန်ဖိုးနားလည်ဖို့ငွေကိုကျစ်ကျစ်လျစ်လျစ် သုံးတတ်ဖို့ အလွန်အရေးကြီး၏ ။ ငွေတန်ဖိုး နားလည်အောင် ၊ ကျစ်ကျစ် လျစ်လျစ် သုံးတတ်အောင် မိဘဆရာ သမားတို့ က သွန်သင်ဆုံးမရ၏ ။
ချမ်းသာချင်သူသည် ၀င်ငွေ ကောင်းဖို့ လို၏ ။ ၀င်ငွေကောင်းအောင် ၊ ၀င်ငွေ ကောင်းသောအတတ်ပညာ ၊ ၀င်ငွေ ကောင်းသော အလုပ်အကိုင် ရှိဖို့လို၏ ။အတတ်ပညာ အဆင့်မြင့်မြင့်တတ်ထားပါမှ ၀င်ငွေကောင်းမည် ဖြစ်၏ ။ ၀င်ငွေကောင်းပြီး စည်းနှင့် ကမ်းနှင့် နေထိုင် အသုံးပြု တတ်မှသာလူချမ်းသာဖြစ်နိုင်၏။

Read More...

Wednesday, December 19, 2007

ဘိတ် - ကဗျာလေးတစ်ပုဒ်

ငွေပင်လယ်ကြီးဝန်းရံ ညို မှောင်တောင်တန်းဆီရံ
ငွေဇင်ယော်တွေ ၀ဲဝဲလိုပျံ ဝေးကမျှော်ရည်မှန်း
လွမ်းဆွတ်စေတာအမှန် သဘာဝအလှတွေရယ်
မာရိတ်မြို့လိုရှေးကခေါ်တွင်တယ် ၊ ဖူးလိုမျှော်စေခြင်း လေးကျွန်းဆီးမီးသိမ်တော်ကြီးကိုကွယ်
ရှုမျော်ဖွယ် မြစ်ဆိပ်ကမ်း ကို လှမ်းလို့တွေရမယ် ။ ရွေသာလျောင်း ဘုရားကြီးကိုသွား ကာဖူးကြမယ်
လှေကလေးစီးကာပျော်စရာကွယ် လိုက်ပို့ချင်ပါတယ်
ရေတံခွန် စိမ့်စမ်းစုံလင်များလှတယ် ပေါ်တော်မူစေတီဦးမှာ အတူတူဖူးကြမယ်
တောင်ညီနောင်သမိုင်းကို ပြောကာပြမယ် အရောက်လှမ်း လို့ သာလာပါကွယ်
လက်တွဲလိုလိုက်ပြချင်တယ် ပုလဲမြို့တော်ကိုအရောက်လို့လာပါကွယ်
ခင်မင်တတ်သောအပြုံးရယ် ဖြုစင်တတ်သောနှလုံးရယ်
ပျူပျူဌာဌာဧည့်ခံလို့ကျွေးမွေးပါမယ် သဘောထားဖြူစင်တယ်
ယဉ်ကျေးမှုတွေရယ် မပြန်ချင်အောင်ကိုကွယ် အသည်းထဲကိုစွဲသွားစေရမယ်

Read More...

Saturday, December 15, 2007

အသုံးအဖြုန်းခွဲခြားနားလည်ရေး

အရေးကြီးသည်ကအသုံးနှင့်အဖြုန်းကိုခွဲခြား နားလည်ဖို့ပင်ဖြစ်၏။ကုန်သင့်တာကုန်ပါ၊သုံးသင့်တာသုံးပါ ။ဝတ်သင့်တာဝတ်ပါ။စားသင့်တာစားပါ။သို့သော် အပိုဆာလာ အပျော်အပါး အမော်အကြွား ကိစ္စ တွေအတွက် မကုန်သင့်တာ မကုန်ပါစေနှင့်။မကုန်သင့်တာကုန်လျှင် အဖြုန်းဘက်သို့ပါသွားမည်ဖြစ်၏။အဖြုန်းအားကြီးလျှင် လည်းလူချမ်းသာဖြစ်ဖို့လွယ်မည်မဟုတ်။လူချမ်းသာတို့ကိုလိုက်ကြည့်ပါ။သုံးသင့်သည်ကိုသာသုံးသောသူမျိုးဖြစ်သည်ကိုတွေ့ရပါလိမ့်မည်။
ငွေသည် ရှာဖွေရသူအတွက် ခက်ခဲ ပေမယ့်သူံးသူ ဖြုန်းသူအတွက်အလွန်လွယ်ကူ၏ ။ဘုရားလက်ထက်ကကုဋေ160ကြွယ်ဝသော သူဌေးဇနီးမောင်နှံကိုကြည့်ပါ။မိဘများကတော့ နှစ်ပေါင်းများစွာချွေးနှင့်သွေးနှင့်ရင်းပြီးရှာဖွေခဲ့၇၏ ။သူတို့လက်ထဲရောက်တော့ သောက်စားပျော်ပါး ဖြုန်းတီးပစ်လိုက်တာခဏလေးနှင့်ကုန်သွား၏ ။အရာရာအတက်အခက်သလောက် အဆင်း က အလွန်လွယ်ကူ၏ ။လျှောချလိုက်လျှင် ဝေါ ခနဲကျသွားမည်သာဖြစ်၏ ။
ထိုကြောင့်အသုံးမဖြုန်းမကြီးကြရန်တိုက်တွန်းလိုက်ပါသည်။
ထိုစာကို ဓမ္မပိယဆရာတော်ရဲ့ “ လူချမ်းသာ” စာအုပ်မှဖော်ပြပေးလိုက်ပါသည်။

Read More...

Monday, December 10, 2007

စိတ်၏အမိန့်

အောင်မြင်ခြင်းကို အဝေးသို့ မထားနှင့်၊ယခုလက်ငင်း လုပ်သော အလုပ်တွေကို တစ်ခုပြီး တစ်ခု အောင်ရမည်ဟုစူးစိုက်စွာလုပ် ၊ စူးစိုက် စွာအမိန့်ပေးလေ။ အလုပ်တစ်ခုပြီးတစ်ခုအောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသောလှေခါးများဖြစ်လေသည်။
စိတ်မပျက်သမျှ စီးပွားဥစ္စာ ကျန်းမာခြင်းပါ ပျက်သောလည်း ကြောက်စရာမလိုချေ ။စိတ်အားပျက်မှ အကုန်ပျက်၏ ။"ပျက်လျှင်အစဉ် ၊ ပျက်လျှင်ခဏ" မသေမချင်း အားမလျှော့ရ ၊ ဖြစ်ရမည် ။ ဟူသောစိတ်ကို အမြဲထားပါလေ ။အပျက်ကို မတွေးလေနှင့်။
မထင်နဲ့လေ။အတွေးအထင်သည် ကမ္ဘာပေါ် အဆိပ်အထန်ဆုံးဖြစ်သည်။စိတ်ကြွယ်ဝမှ လူကြွယ်ဝ၏ ။ စိတ်မွဲလျှင် လူမွဲတတ်လေသည် ။
အိပ်ရာထ မလေးစေရ ၊နိုးလျှင် ထတတ်သော အကျင့် ကိုဖြစ်စေရမည် ။
အိပ်ပျော်ခါနီး တွင် ငါ ဘယ်အချန်နိုးမည်ဟုပျော်သည့်တိုင်အောင်အမိန့်ပေးလေ။
အချိန်မှန်အောင် ကြိုးစားလေ ။အချိန်မှန်ဖို့ ကို အမိန့်ပေးလေ ။
စိတ်လေလွင့်ခြင်းသည် အချိန်မမှန်ခြင်းကိုဖြစ်စေတတ်၏ ။ရည်ရွယ်ချက် တစ်ခုကိုအမြဲတည်စွာထား။ထို့ရည်ရွယ်ချက်သို့ပေါက်
ရောက်စေမည့်အရာဟူသမျှကိုရှာကြံလုပ်ကိုင်လေ။
အောင်မြင်ခြင်းကို အဝေးသို့မထားပါနှင့် ။ယခုလက်ငင်း လုပ်သောအလုပ်တွေကို တစ်ခုပြီးတစ်ခု အောင်ရမညဟု စူးစိုက် စွာအမိန့်ပေးလေ ။ အလုပ် တစ်ခုပြီး တစ်ခုအောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသော လှေခါးများဖြစ်ကြလေသည်။
အလုပ်ကြီးတစ်ခုခုကိုလုပ်ရာတွင် အလုပ်၏ အစိတ်အပိုင်း တွေများစွာရှိ၏ ။ထို အလုပ်ကြီး တစ်ခုလုံး၏ အောင်မြင်ခြင်း ဖြစ်ဖို့ရန် ထိုအစိတ်အပိုင်းတွေကို ရှေးဦးပထမ တစ်ခုပြီးတစ်ခ အောင် မြင်ကြိုးစားရမည် ။ မိမိ၏ အလုပ်မျးတွင်အစီအစဉ် ရှိစေရမည် ။အစီအစဉ် မရှိ လျှင် ရှုပ် ပွေပြီးနေလိမ့်မည် ။ရှုပ်ပွေ အားကြီးလျှင် အလုပ်လုပ်လေ ။အလုပ် သည် အရှုပ် ကို အရှင်းဖြစ်စေ၏ ။
မိမိကိုယ်ကိုမိမိရိုသေရမည် ။ထိုအခါ ကမ္ဘာ လောကသည် ပိုမို ပြီးရို သေလိမ့်မည် ။

Read More...

ဘိတ်-လွမ်းချင်း

ဆယ်စုနှစ်……..နှစ်ခါခွဲ
ကျွန်တော်တို့မြို့လေးက
ရေတွေဝိုင်းတုန်းပါပဲ
ရေတက်ရေကျမရှိ
မြို့သူမြို့သားများ…..မနက်တိုင်းကိုက်ကျေးကိုက်
ကျွန်စဖြစ်တဲ့ နိုင်ငံရဲ့တစ်ဖက်တဲ့ခြေထောက်
မောရစ်ကောလစ်ရောက်တယ်
ရဲဘော်သုံးကျိပ်ရဲ့ချိုင်းထောက်
မင်းကွန်းဆရာတော်ကြီးလဲရောက်တယ်
ဒီရေတောများစိမ်းတယ်
ရော်ဘာတောများစိမ်းတယ်
ဒူးရင်းသီးလည်းပေါတယ်
တညင်းသီးလည်းပေါတယ်
ငပိလည်းပေါတယ်
ဘိတ်ကလာတဲ့ “ ငံပြာရည် “
စားဖူးသူများရယ်လို့
စားဖူးသူများရယ်လို့
မောင်သီ ၊ လွင်မိုး ၊ မေသန်းနု
ကျွန်းရဲ့ပုလဲများ
ခွာရခက် မုတ်ကောင်ထဲ
ဝင်အောင်းခွင့်ရတဲ့…….ရတနာ
ရေကြာကြာလည်းငုတ်နိုင်ရမည်
ဇာတိကိုငုတ်မပြုနိုင်သေး
ဘုရားပေါ်က
ပင်လယ်ကြီးကိုငေးကြည့်တဲ့
မြိတ်မြို့လေးရဲ့ အလှဟာ
မြင်သူတိုင်းငေးနိုင်သော
မြို့လေးတစ်မြို့ပါပဲ

Read More...