Monday, March 31, 2008

ဓမ္မ၏ပင်ကိုယ်သတ္တိ

ဓမ္မသည်ရေနှင့်သဘောခြင်းအလွန်နီးစပ်၏
ရေကိုလူတွေအားလုံးနေ့စဉ်သောက်သုံးနေသည်၏
ရေကိုသုံးစွဲသည့်အခါ
(က)-ပုဂ္ဂိုလ်မရွေး
လူမျိုးမရွေး ၊ ဘာသာမရွေး ၊ အသက်အရွယ်မရွေး ၊ အချောအလှမရွေး ၊ ဆင်းရဲချမ်းသားမရွေး၊အယုတ်အလတ်အမြတ်မရွေး ပုဂ္ဂိုလ်တိုင်းသုံးစွဲနိုင်သည်။
(ခ)- နေရာမရွေး
နိုင်ငံတွေ၊မြို့တွေ ၊ ရွာတွေ ၊အိမ်တွင် ၊ မရွေးဘဲသုံးစွဲနိုင်ကြသည်။
(ဂ)-အချိန်မရွေး
နံနက်။နေလယ်၊ ည(သို့ ) နေ့ ၊ ရက် ၊လ၊နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။ သုံးစွဲသူတိုင်းအတွက်လည်း
(၁)ရေငတ်ကိုပြေစေသည်။
(၂)အသက်ကိုဆက်လက်ရှင်သန်ကြီးထွားစေသည်။
(၃)ကိုယ်စိတ်နှစ်ပါးကိုသန့်ရှင်းပြီးကြည်လင်စေသည်။
(၄)ကိုယ်စိတ်နှစ်ပါးကိုအေးမြစေသည်။
ထိုအချက်တို့မှာ ရေ၏ပင်ကိုယ်သတ္တိပင်ဖြစ်သည်။ရေကဲ့သို့ပင်ဓမ္မသည်လည်းမည့်သည့်ပုဂ္ဂိုလ်အတွက်မဆို၊မည့်
သည့်နေရာမဆို ၊မည့်သည့်အချိန်မှာမဆို ကျင့်သုံးနိုင်ပါသည်။
ကျင့်သုံးသည့်ပုဂ္ဂိုလ်တိုင်းတွင်လည်းရေမှရသည့်အကျိုးအမြတ်ကဲ့သို့-
(၁)ကာမရာဂတွင်အာသာငမ်းငမ်းတပ်မက်မှုကိုပြေစေနိုင်သည်။
(၂)ကုသိုလ်ကောင်းမှုများကိုတိုးတက်ကြီးပွားစေပြီးဆက်လက်၍ရှင်သန်ကြီးထွားစေသည်။
(၃)၀ိသုဒ္ဂိဖြစ်ပြီးကြည်လင်ရှင်းသန့်စေသည်။
(၄)ကိုယ်စိတ်နှစ်ပါးအေးမြစေသည့်အပြင်ငြိမ်းချမ်းမှုရပြီးအဆုံးမှာနိဗ်ဗန်တိုင်အောင်မျက်မှောင်ပြုနိုင်သည်။
သို့သော်ရေနှင့်ဓမ္မကွာခြားမှုတစ်ခုမှာရေသည်ယခုလောကီဘ၀တစ်ခုအတွက်သာလျှင်ဓတစ်နေ့တစ်ဘ၀အတွက်သာအကျိုးပြုပေးပြီး၊ဓမ္မမှာလောကီအကျိုးသာမက၊လောကုတ္တရာတစ်သံသရာလုံးအတွက်အကျိုးပြုမှုများပေးပြီးအဆုံး
မှမြတ်နိဗ်ဗန်တိုင်အငြိမ်းဓာတ်ကိုမျက်မှောက်ပြုနိုင်သည့်ထူးခြားချက်ပင်ဖြစ်သည်။
ရေသည်သုံးစွဲသူတို့၏ရည်ရွယ်ချက်၊ပြုပြင်စီ၇င်ပေးမှုအပေါ်မှုတည်ပြီးအခါးဓာတ်နှင့်ရေကိုရောလျှင်အချိုရည်ဖြစ်သွားကာအရက်ဓာတ်နှင့်ရေကိုရောလျှင်အရက်ရည်ဖြစ်သွားသည်။ထိုသိုပြောင်းလည်းသွားရခြင်းကရေ၏ပင်ကိုယ်
သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲသုံးစွဲသူတို့၏ပြုပြင်စီရင်မှုပယောဂကြောင့်သာလျှင်ဖြစ်ကြောင်းသိသာလှသည်။ဓမ္မ
သည်လည်းထိုနည်းတိုင်းပင်
ဓမ္မကိုကျင့်သုံးသူတို့၏အားနည်းချက် ၊နားလည်မှုလွဲမှားခြင်းနှင့်အချို့သောခုတုံးလုပ်သည့်ပုဂ္ဂိုလ်တို့၏မတရားလွန်ကျုးသောတစ်ကိုယ်ကောင်းဆန်မှုများနှင့်
မိမိအကျိုးအတွက်လွန်ကဲစွာသုံးစွဲမှု ၊မရိုးသောမှုများကြောင့်ဓမ္မ၏ပင်ကိုယ်သတ္တိများမှာ ဖုံးကွယ်ထားမှုခံရပြီး ၊ဓမ္မ၏ဂုဏ်ကျေးဇူးတော်တို့သည်လည်းမထင်ရှားမပေါ်လွင်ဘဲနှင့်ဖုံးကွယ်ထားခြင်းခံနေရသည်ကိုတွေ့ရသည်။
ထို့ကြောင့်ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိလူသားတော်တော်များများတို့သည်ဓမ္မကိုမိမိတို့နှင့်မဆိုင်သလိုမြင်လာကြ
ပြီး ၊ဓမ္မ၏မြင့်မြတ်လှသောအကျင့်မြတ်တရား များကိုကျင့်သုံးမြတ်နိုးသူများရှားပါးလာခဲ့ရသည်။ထိုသို့ဖြစ်ရခြင်းမှာဓမ္မ
နှင့်ပတ်သက်ပြီးဦးဆောင်နေသည့်ပုဂ္ဂိုလ်၏အားနည်းချက်များ၊ပယောဂများကြောင့်သာဖြစ်သည်ကိုသတိပြုစေချင်ပါသည်။
အမှန်တကယ်တွင်ဓမ္မအစစ်၏တန်ဖိုး၊ ဓမ္မအစစ်၏ပင်ကိုယ်သတ္တိများမှာ မည်သည့်ပုဂ္ဂိုလ်အတွက်မဆို သုံးစွဲနိုင်ပြီး ၊အထက်ပါအကျိုးတရားလေးပါးကိုရရှိစေသည့်အတွက်
(၁) ဓမ္မသည်သစ္စ၀ါဒဖြစ်သည်။သစ္စ၀ါဒဆိုသည်မှာစကြာဝဋာအနန္တထာဝရမှန်ကန်သည့်အမှန်တရား(universal law,universal Truth , noble Truth )ဖြစ်သည်။
(၂)ဓမ္မသည်ဝိဘဇ်ဇ၀ါဒဖြစ်သည်။မည့်သည့်ချုပ်ကိုင်မှု၊လွှမ်းမိုးမှုမပါဘဲမိမိကိုယ်တိုင်လွတ်လပ်စွာလေ့လာနိုင်သည်။ဝေဖန်နိုင်သည့် ၊ဆုံးဖြတ်နိုင်သည်။မည့်သည့်အချိန်မဆိုကျင့်သုံးနိုင်သည့်ဝါဒဖြစ်သည်။
(၃) ဓမ္မသည်သိပ်ပံနည်းကျလှသောဝါဒဖြစ်သည်။
A. practical system(လက်တွေ့ပြည့်စုံသောစနစ်)
B.Ethical system ( ကိုယ့်ကျင့်တရားပြည့်စုံသောစနစ်)
C.Spiritual system ( စိတ်ပိုင်းဆိုင်ရာပြည့်စုံသောစနစ်)
D.philosophical ( အတွေးခေါ်ပိုင်းဆိုင်ရာပြည့်စုံသောစနစ်)
(၄)ဓမ္မကိုကျင့်သုံးလျှင်အကောင်းနှင့်အအဆိုးကိုတိကျသေချာစွာဖြင့်ခွဲခြားပိုင်ခြားပြီးသိမြင်နိုင်ပါသည်။ယနေ့ခေတတ်အတော်တော်များများသောပုဂ္ဂိုလ်များမှာ ဓမ္မကိုကျင့်သုံးသူရှားပါးလာသည့်နှင့်အိပ်မည်၊ စားမည် ၊ ကာမမှီဝဲမည်ဆိုသည့်လူအတော်တော်များရှိပြီး ၊ ထိုလူများမှာတိရစ္ဆာန်များနှင့်နီးစပ်လာသည်ကိုတွေ့ရှိရပြီးအကောင်းနှင့်အဆိုးကိုခွဲခြားနိုင်သူရှားပါးလာသည်ကိုတွေ့ရှိရပါသည်။
ထိုအကောင်းတရား ၊အဆိုးတရားများကိုဓမ္မကျင့်သုံးသောပုဂ္ဂိုလ်တိုင်းသေချာခွဲခြားပြီးသိမြင်ကြမှာဖြစ်သည်။
ဤနေရာမှာအကောင်းသုံးမျိုးနှင့်အဆိုးသုံးမျိုးကိုတင်ပြလိုပါသည်။
အကောင်းသုံးမျိုးမှာ
(၁) အများအကျိုးရှိမိမိလည်းအကျိုးရှိ
(၂)အများအကျိုးရှိမိမိဘာမှမဖြစ်
(၃)အများဘာမှမဖြစ်မိမိအကျိုးရှိ
ထိုအကောင်းတရားသုံးမျိုးကိုဓမ္မကျင့်သုံးသူတိုင်းအမြဲတမ်းဆောင်ပြီးကျင့်သုံးကြသည်။
အဆိုးတရားသုံးမျိုးမှာ
(၁)အများထိခိုက်မိမိမှာလည်းထိခိုက်
(၂) အများထိခိုက်မိမိဘာမှမဖြစ်
(၃)အများဘာမှမဖြစ်မိမိထိုခိုက်
ဓမ္မကျင့်သုံးသူတိုင်းထိုအဆိုးတရားသုံးမျိုးကိုရှောင်ကြဉ်နိုင်ကြမှာဖြစ်သည်။အကောင်းအဆိုးကိုတိကျသေချစွာခွဲ
ခြားသိမြင်လာနိုင်ရန်ဓမ္မကိုကျင့်ကြံအားထတ်မှသာလျှင်သိမြင်နိုင်မည်။
သို့သော်အကောင်းတကာ့အကောင်းဆုံး၏အထွဋ်အထိပ်အကောင်းဆုံးသည်မိမိလည်းအကျိုးရှိ ၊ အများလည်းအကျိုးရှိ ၊လော်ကီသာမက လောကုတ္တရာနိဗ်ဗာန်သို့တိုင်မျက်မှောက်ပြုနိုင်အောင်စွမ်းဆောင်နိုင်သော်ပုဂ္ဂိုလ်သည်သာလျှင်မြင့်မြတ်အထွဋ်အထိပ်
ပုဂ္ဂိုလ်ဖြစ်သည်။
ဤအချက်များမှာ ဓမ္မ၏ပင်ကိုယ်သတ္တိရဲ့အကျိုးပြုမှုကိုတင်ပြခြင်းဖြစ်ပါသည်။

Read More...

Tuesday, March 18, 2008

နိုင်ငံခြားမှာအလုပ်လုပ်သွားနေကြသောမြန်မာအမျိုးသမီးလေးအကြောင်း

တစ်လောတုန်းသတင်းတစ်ခုကြားလိုက်ပါတယ်။ဒီသတင်းကတော့
ကျတော်သူငယ်ချင်းတစ်ယောက်အိမ်ထောင်ကျသွားပြီတဲ့။အံသြစရာပဲ။သူမအသက်ကယခုမ16တောင်မပြည့်သေးဘူး။အိမ်ထောင်ကျလိုက်တာမြန်လိုက်တာ။စိတ်လည်းအတော်မကောင်းဖြစ်မိတယ်။သူမမှာ
မိဘမရှိဘူး။ကြီးတော်နဲနေရတာလေ။ကြီးတော်ကလည်းစီးပွားရေး
အဆင်မပြေဒါနဲ နိုင်ငံခြားမှာအလုပ်သွားစားပါတယ်။ကျတော်သူငယ်
ချင်းလည်းလိုက်တာတယ်။ကျောင်းတက်နေတဲ့တန်းလန်းကြီးက
ချင်းချင်းထလိုက်သွားတယ်။ကျတော်သူငယ်ချင်းကလည်းနိုင်ငံခြားမှာသွားလုပ်စားရတာအဆင်မပြေဘူးထင်တယ်။ပင်ပန်းတယ်ထင်ပါတယ်။သိပ်မကြာလိုက်ပါဘူး။အိမ်ထောင်ကျသွားပြီတဲ့။ဟော..တစ်ယောက်တောအိမ်ထောင်ကျသွားပြီ။လာပြန်ပြီတစ်ယောက် နိုင်ငံခြားမှာသွားလုပ်စားတယ်။သူမကတေ့အထင်ကြီးတာပေါ့။ဟိုမှာ
သွားလုပ်စားတာဘတ်နဲရတာတော့ ကောင်းတာပေါ့။သိပ်မကြာလိုက်ပါဘူး။ကြားလိုက်ရတဲ့သတင်းက
တော့အိမ်ထောင်ကျသွားပြီတဲ့။အသက်ကလေးကတော့15 ဒါမှမဟုတ် 16လောက်ပဲရှိအုံးမယ်။ဟိုကိုသွားရင်ပိုက်ဆံချေး ဌားပြီးမှသွားလိုရတယ်လေ။ပွဲစားနဲသွားရတဲ့။ပွဲစားဆီမှာပိုက်ဆံချေးပြီးတော့သွားရတယ်။ချေးပြီးတော့ပြန်လဲမဆပ်နိုင်ဘူး။ဒီတော့ယောကျာင်္းတစ်ယောက်ကောက်ယူကြတာပေါ့။ပြီးတော့နိုင်ငံခြားကိုခိုးထွက်ကြ
တော့ဖမ်းမိသွားကြတယ်လေ။လူသုံးလေးယောက်အမှိုက်ကားကြီးနဲ
တင်ဆောင်ပြီးသစ်မှိုက်ပုံကြီးပေါ်ကိုပစ်ချလိုက်ကြတယ်တဲ့။တစ်ချို့ခိုးထွက်ကြတဲ့လူတွေဆိုဖမ်းမိတော့အာမခံချက်ထိုးပြီးပိုက်ဆံပေးရတယ်တဲ့.ကြားလိုက်ရတဲ့သတင်းတွေကအစုံပါပဲ။အော်…………အတော်ကိုအထင်ကြီးနေတဲ့သူတွေပါလား။ယခုတောင်နိုင်ငံခြားမှာသွားလုပ်စား
ကြလို့ပြန်မလာနိုင်ကြဘူး။ဟိုမှာအကြွေးတွေတင်နေလို့တဲ့။အော်…ကြီးပွားကြတဲ့သူတွေကလည်းကြီးပွားကြလို။အိမ်တွေမြေတွေတောင်ဖြစ်သွားကြပြီ။အော်ရွှေတွဲလည်း ၊
ငွေတွဲလည်းတွေနဲပေါ့။အင်းလေ…..အတော်ကိုအထင်ကြီးနေကြနိုင်ငံ
ခြားကိုသွားကြတဲ့သူတွေလည်းတစ်ပုံကြီးပေါ့လေ။အောင်မြင်ရင်လည်း
အောင်မြင်ကြတာပေါ့။ကျတော်ကတော့အသက်ငယ်ငယ်လေးနဲ့အိမ်
ထောင်ကျသွားကြသောမြန်မာအမျိုးသမီးလေးများအတွက်စိတ်
မကောင်းဖြစ်သွားတယ်။အော်..သူတို့ရဲ့ဘ၀ကိုအညွန့်ကျိုးသွားတာပေါ့။

Read More...

Sunday, March 16, 2008

မှန်ပြီဟုမယူဆသင့်သော အချက်(၁၀)ချက်

မာအနုဿဝေနတစ်ဆင့်စကား ပြောသံကြားကာမျှဖြင့် မှန်ပြီဟု မယူသင့်။ . . .
မှန်ပြီဟုမယူဆသင့်သော အချက်(၁၀)ချက်
၁။ မာအနုဿဝေနတစ်ဆင့်စကား ပြောသံကြားကာမျှဖြင့် မှန်ပြီဟု မယူသင့်။
၂။ မာပရမ္ပရာယဘိုးဘေးအစဉ်အဆက်စကားမျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၃။ မာက္ကုတိကိရာယဤသို့ ဖြစ်ဖူးသတတ်ဟူသော ရှေးစကား(ရာဇ၀င်သမိုင်းထောက်အထား) မျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၎။ မာပိဋကသမ္ပဒါနေနပိဋကတ်စာပေနှင့်ညီညွတ်ဟုလည်းမှန်ပြီဟုမယူသင့်။
၅။ မာတက္ကဟေတုကြံဆတွေးတော၍ ယူခြင်း (တက္ကဗေဒ) မျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၆။ မာနယဟေတုနည်းမှီးယူခြင်းမျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၇။ မာအာကာရပရိဝိတက္ကေနအခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မှန်ပြီဟု မယူသင့်။
၈။ မာဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာငါ့တို့ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့်တူညီပေသည်ဟူ၍လည်း မှန်ပြီဟု မယူသင့်။
၉။ မာဘဗ္ဗရူပတာယမှတ်ယူထိုက်သော သဘောရှိကာမျှဖြင့်လည်းမှန်ပြီဟု မယူသင့်။
၁၀။ မာသမဏောနောဂရုငါတို့လေးစားသောရဟန်း၏ စကားဟူ၍လည်း မှန်ပြီဟုမယူသင့်။ တို့ဖြစ်ပါတယ်။

Read More...

Friday, March 7, 2008

ရှေးရှေးတုန်းကစကားပုံတစ်ခု

ကိုယ်ပေးတဲ့ လက်စွပ်လေးရဲ့ အဓိပ္ပါယ်ကို သိလား ... . . .
တစ်ခါတုန်းက ကောင်ကလေးတစ်ယောက်က သူ့ချစ်သူ ကောင်မလေးကို ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ချစ်သက်လက်ဆောင် လက်စွပ်လေး တစ်ကွင်းကို ကောင်မလေးရဲ့ လက်သူကြွယ်လေးမှာ လက်ဆောင်အဖြစ် ၀တ်ပေးပါတယ်။ သူ့ကောင်မလေးက လက်စွပ်လေးတွေကို ချစ်တတ်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ လက်ချောင်းလေးတွေမှာ လက်စွပ်လေး သုံးကွင်းလောက် ၀တ်ထားလေ့ရှိလို့ပါ။ကောင်လေးက သူ့ချစ်သူလေးကို ချစ်ရည်ရွှမ်းလဲ့နေတဲ့ မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်ပြီး....."ကိုယ်ပေးတဲ့ လက်စွပ်လေးရဲ့ အဓိပ္ပါယ်ကို သိလား..." လို့ ကောင်မလေးကို ငြင်သာစွာ မေးလိုက်ပါတယ်။ကောင်မလေးကလည်း ချစ်စဖွယ် မျက်စလေးချီပြီး....."သိတာပေါ့..." လို့ ခေါင်းလေးငုံ့ပြီး ရှက်စနိုးလေး ပြန်ဖြေရှာပါတယ်။အဲဒီတော့ ကောင်လေးက သူ့ကောင်မလေးရဲ့အဖြေကို သူ့စိတ်ထဲမှာ သူ့ဘာသာသူ အဓိပ္ပါယ်ဖော်ပြီးသား ဖြစ်ပေမယ့် "ချစ်သူစကား... ပျားသကာ အလား... ဆိုသလိုပဲ" ကောင်မလေးရဲ့ နှုတ်ထွက်စကားလေး ကြားချင်တာကြောင့်...."ဒါဆို ဘာအဓိပ္ပါယ်လဲ... ပြော..." လို့ မေးပြီး ကောင်မလေးရဲ့ မျက်နှာကို တစိမ့်စိမ့် ကြည့်နေမိပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့အဖြေဟာ သူ့အတွေးနဲ့ ထပ်တူမကျတဲ့အပြင် တည့်တည့်ကြီး လွဲနေတာကြောင့် ကောင်ကလေးလည်း အဲဒီနေရာမှာတင် အသည်းတွေ တဗြန်းဗြန်း ကွဲရှာပါတော့တယ်။ကောင်မလေးပြန်ဖြေလိုက်တဲ့ အဖြေက သူမအတွက်တော့ တော်တော်လှတဲ့ အဖြေလေးပါ။ အဲဒါကတော့..."မရှိဝမ်းစာ၊ ရှိတန်ဆာ" တဲ့....p.s. စာဖတ်သူတွေလည်း ဒီစာလေးကို ဖတ်မိပြီး ကိုယ့်ကောင်မလေးတွေကို အဲဒီ့မေးခွန်းသွားမမေးမိစေနဲ့ဦးနော်... တော်ကြာ ဟိုကောင်လေးလို အသည်းတွေ တစ်စစီ လိုက်ကောက်နေရဦးမယ်။ ပျော်ရွှင်ကြပါစေ။

Read More...

Thursday, March 6, 2008

ငရဲကို တိုက်ရိုက်ကျတဲ့ အကြီးဆုံး အကုသိုလ် ကံကြီးများ

ဘယ်လို ကုသိုလ် ကောင်းမှုပဲ လုပ်လုပ် ငရဲကျမယ့် ကံကို မတားနိုင်တဲ့၊ နောက်ဘ၀မှာ ငရဲကို ကျကို ကျ မယ့် ကံကြီး ငါးပါး ရှိပါသေးတယ်။ ပဉ္စာ နန္ဒိယကံ ဆိုတာ ကြားဖူးကြမှာပါ။ အဲဒီ ကံကြီး ငါးပါးကတော့ . . .
ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတိုင်း ငါးပါးသီလ ကို မဆိုတတ် ရင်တောင် သတ်၊ ခိုး၊ ကာမေ၊ မုသား၊ သေ လို့ အတို ကောက်အနေနဲ့ သိကြပြီး ဒီအမှုတွေကို ကျူးလွန်ရင် ငရဲကျ တတ်မှန်း သိပြီးသားပါ။ ဒါပေမယ့် ဒီငါးပါး သီလကို ချိုး ဖောက်ပြီး ကုသိုလ် ကောင်းမှုပါ လုပ်ခဲ့ရင် သေခါနီး ဇောကျမှု အပေါ် မူတည်ပြီး သေပြီးနောက် ကပ်လျက် ဘ၀မှာ ငရဲ မကျ သေးဘဲ ကောင်းရာ သုဂတိဘုံကို ရောက်နိုင်ပါသေးတယ်။ နောက်ဘ၀များ ရောက်မှ ငရဲကျတတ်ပါတယ်။ ဒါပေမယ့် ဘယ်လို ကုသိုလ် ကောင်းမှုပဲ လုပ်လုပ် ငရဲကျမယ့် ကံကို မတားနိုင်တဲ့၊ နောက်ဘ၀မှာ ငရဲကို ကျကို ကျ မယ့် ကံကြီး ငါးပါး ရှိပါသေးတယ်။ ပဉ္စာ နန္ဒိယကံ ဆိုတာ ကြားဖူးကြမှာပါ။ အဲဒီ ကံကြီး ငါးပါးကတော့ ဘုရားကို သွေးစိမ်း တည်အောင် ပြုခြင်း (ဒီမျက်မှောက် ခေတ်မှာ ဘုရားမပွင့်လို့ လုပ်လို့ မရလို့ လွတ်ကင်း ပြီးသားပါ)၊ မိစ္ဆာ အယူကို ယူမှု ၊ သံဃာကို သင်းခွဲခြင်း (ညီညွတ်နေသော သံဃာကို စိတ်ဝမ်းကွဲအောင်၊ သံဃာကို လူထုက အကြည် ညို ပျက်ပြားအောင် ပြုခြင်း)၊ အမေကို သတ်ခြင်းနဲ့ အဖေကို သတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီကံကြီး ငါးပါးကို ကျူးလွန် ပါက ဘယ်ကုသိုလ် ကောင်းမှုနဲ့မှ ကံအကျိုးပေးကို မတား နိုင်ဘဲ လက်ရှိ မျက်မှောက် ဘ၀မှာ အသေဆိုးနဲ့ သေပြီး နောက်ဘ၀မှာ တခြားငရဲမဟုတ်ဘဲ မဟာ အ၀ီစိ ငရဲကို တိုက် ရိုက် ကျရောက် တတ်ပါတယ်။ ငရဲ ကျချိန် ကလဲ တကမ္ဘာစာ အချိန် ကြာအောင် ငရဲကျ ပါတယ်။ အကုသိုလ် တွေ ထဲမှာ အကြီးဆုံး အကုသိုလ် ဖြစ်လို့ ငရဲသက် အရှည်ကြာဆုံး ခံကြရ ပါတယ်။ ဒီကံငါးပါးထဲမှာ မိသတ်၊ ဖသတ်၊ သံဃာ သင်းခွဲ၊ ဘုရား သွေးစိမ်းတည်၊ မိစ္ဆာဒိဌိ အယူကိုယူခြင်း ငါးမျိုးထဲက ရှေ့ လေးမျိုး (မိစ္ဆာဒိဌိ အယူကိုယူခြင်းက လွဲလို့) ဟာ တကမ္ဘာစာ ငရဲခံရ ပေမယ့် ငရဲကျတဲ့ နေ့ပြီး နောက်တစ်နေ့ ကမ္ဘာ ပျက်ရင် ဒီငရဲကို ဆက်ခံစရာ မလိုတော့ ပါဘူး။ သူ့ရဲ့ ငရဲကျချိန် တကမ္ဘာက လက်ရှိ တကမ္ဘာစာ အချိန်ပဲ ငရဲကျတာပါ။ ကံငါးပါး ထဲက မိစ္ဆာဒိဌိ အယူကို ယူခြင်းထဲမှာ မိစ္ဆာဒိဌိ ၆၂ပါး ကို ဆိုလိုပါတယ်။ ဒီ မိစ္ဆာဒိဌိ ၆၂ပါးထဲမှာ အပြင်းထန် ဆုံးနဲ့ အဆိုးရွားဆုံး မိစ္ဆာဒိဌိ ဖြစ်တဲ့ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာ မဟုတ်ဟု ပြောဆို သတ်မှတ် လက်ခံ ယုံကြည်တဲ့ နိယတ မိစ္ဆာဒိဌိဟာ အကုသိုလ် အပြစ် အကြီးလေးဆုံး ဖြစ်ပြီး ငရဲသက် အကြာဆုံး ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီနေ့ သေလို့ ငရဲကျပြီး မနက်ဖြန် ကမ္ဘာ ပျက်ခဲ့လဲ အရင်က ကံလေးပါးလို ငရဲက မလွတ်ဘဲ နောက်တစ် ကမ္ဘာကို ပြောင်းပြီး တကမ္ဘာစာ အချိန် မကုန် မချင်း ငရဲခံ ရပါတယ်။ အပြင်းထန်ဆုံး အကုသိုလ် ဖြစ်သလို ကြောက်စရာ အကောင်းဆုံး၊ အချိန် အရှည်ကြာဆုံး ငရဲကျခြင်းနဲ့ အကျိုးပေးပါတယ်။ အထက်ပါ အချက် များ ဟာ ဘုရားဟော ဗြဟ္မသာလ သုတ် လာ တရားတော်များပါ။ ဒါ့အပြင် ကုသိုလ် အကုသိုလ်တို့ အကျိုးပေးရာမှာ ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ သည်လေးဟူ တူတူ အ ကျိုး ရတတ်သည် ဆိုတဲ့ အတိုင်း ကိုယ်တိုင်လုပ်သူ၊ လုပ်ဖို့ တိုက်တွန်းသူ၊ လုပ်တာကို ချီးမွမ်းသူ၊ ဒီလို လုပ်တာကို သဘောတူသူ လေးဦးတို့ဟာ လုပ်ရပ်တစ်ခုရဲ့ အကျိုးပေး ရလာဒ်ကို ကုသိုလ် ကိုရော အကုသိုလ် ကိုပါ တန်ပြန် အကျိုးကို တူတူ ခံစား ရတတ် ပါတယ်။ ဒီတော့ အထက်ပါ လုပ်ရပ်များကို ပြုလုပ်သူ များဟာ ငရဲကို တူတူကျမယ့် သူများသာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ရှင်အာနန္ဒာလောင်း ရုစာဒေ၀ီ မင်းသမီးဟာ သူ့ဖခင် ဘုရင်ကြီး အယူလွဲမှားစဉ်က ဘုရင်တစ်ပါး အယူမှားရင် သူ့အာဏာစက် တည်ရာ တိုင်းပြည် တစ်ခု လုံးကို အာဏာ သုံးပြီး ဘုရင့် အယူကို ယူစေ တတ်လို့ တိုင်းပြည် တစ်ခုလုံးက တိုင်းသူ ပြည်သားတွေ အယူမှားပြီး သတ္တ၀ါတွေ သံသရာ တစ်ခုလုံး မှောက်မှား ကုန်ကြမှာ စိုးရိမ်တဲ့အတွက် သူ့ဖခင် ဘုရင်ကြီး အယူတည့်မတ်စေဖို့ သစ္စာ ဆိုခဲ့ ရတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓ သာသနာ အပြည့်စုံဆုံး ထွန်းတောက်တဲ့ နိုင်ငံအဖြစ် ကမ္ဘာမှာ နာမည်ကျော်ပါတယ်။ ၀ိနည်းမှာ သီရိလင်္ကာ၊ သုတ္တန်မှာ ထိုင်း၊ အဘိဓမ္မာ မှာ မြန်မာလို့ ဆိုရိုး ရှိဆဲပါ။ ပဋိယတ်၊ ပဋိပတ် နဲ့ ပဋိဝေဓ ၃ပါး လုံး ပြည့်စုံ လိုလျှင် ကမ္ဘာ တစ်ဝှမ်းက မြန်မာပြည် ကိုသာ လာရ စမြဲပါ။ ၀ိပဿနာ တရားတော်ကို အားထုတ်ချင်တဲ့ သူတိုင်းဟာလည်း ကမ္ဘာ အရပ်ရပ် ကနေ မြန်မာပြည် ကိုသာ လာနေ ရဆဲပါ။ ဒီသာသနာ တော်ကို စောင့်ရှောက် တာ၊ ဒီ ဘုရားရဲ့ တရားတော် ဖြစ်တဲ့ ပိဋကတ် သုံးပုံကို စောင့်ရှောက်တာ သံဃာတော်များပါ။ ဒါကို ဗေဒင် လေးပုံ ကို စောင့်ရှောက်တဲ့ သူရဿတီ နတ်သမီးနဲ့ မှားပြီး လူအများ သတ်မှတ် ခံရ တာကို အမှား မခံ နိုင်တဲ့ ဆရာတော် ရဝေထွန်းက သေချာ ပြတ်သားစွာ မြတ်မင်္ဂလာ စာစောင်မှာ ရှင်းပြ ခဲ့ပြီး သားပါ။ ဒီလို သာသနာတော်ကို စောင့် ရှောက်တဲ့ ရတနာသုံးပါး စာရင်းဝင် သံဃာတော်ကို ဘယ်လောက် လေးစား မြတ်နိုးဖို့ တန်ဖိုးထား ကိုးကွယ်ဖို့ ကောင်းလှ ပါသလဲ။
ချစ်သူချင်းကို အထင် လွဲအောင် သွေးခွဲရင် ဘ၀ အဆက်ဆက် လူမုန်း များခြင်း၊ ကိုယ်တိုင်လဲ ချစ်သောသူနဲ့ ကွေကွင်း ရခြင်း ဆင်းရဲ တို့ကို ခံစားရ တတ်တယ်လို့ ငါးရာ ငါးဆယ် နိပါတ် တော်လာ ဆုံးမစကား တွေမှာ ပါလေ့ရှိပါတယ်။ ငါးရာ့ ငါးဆယ် နိပါတ်တော် များဟာ ဘုရားဟောပါ။ လူလူချင်း သွေးခွဲတာ ထက် သံဃာကို သွေးခွဲတာ ပိုဆိုး လှပါတယ်။ ပဉ္စာ နန္ဒိယ ကံကြီးကို ထိုက်တာပါ။ သံဃာထုကို သံဃာတုနဲ့ ပြန်ခွဲပြီး နှိမ်နင်းဖို့ သံဃာ့ စွမ်းအားရှင် ဖွဲ့တယ် ဆိုတာ အလွန် ဆိုးရွား ယုတ်ညံ့ ကံကြီး ထိုက်တဲ့ လုပ်ရပ်ပါ။ ဒီလိုအလုပ်ကို ရက်ရက် စက်စက် လုပ်ရက်တာ ဘယ်သူ့ အမိန့်ပါလဲ။ ဘယ်သူ့ အကြံပေး ချက်ပါလဲ။ သံဃာကို သံဃာမှန်း မသိလို့၊ သံဃာ ဂုဏ်ရည်ကို သေချာ မသိလို့၊ ဒါမှ မဟုတ် ကိုယ်တိုင် သံဃာ ဖြစ်ခဲ့ဖူး တုန်း က ကိုယ့်စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ပြုပြင် စေချင်တဲ့ သံဃာ များကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ဖူး တာကို အခဲ မကျေနိုင်၊ အသိတရား မရနိုင် သေးဘဲ သံဃာကို လက်စား ချေချင်လို့ တမင် သက်သက် ဒီလို လုပ်တယ် ဆိုရင်ဖြင့် နိယတ မိစ္ဆာဒိဌိ အဖြစ် အကျုံးဝင် ဖြစ်နေပြီ လို့ပဲ ပြောရပါ တော့မယ်။ ဘာကြောင့်လဲ ဆိုတော့ သံဃာကို သံဃာအဖြစ် သံဃာ့ဂုဏ်ရည်ကို တကယ့်ကို သိနေရင် ဒီလို လုပ်ရဲမှာ မဟုတ်တာ သေချာလို့ပဲ ဖြစ်ပါတယ်။ ဒါ့အ ပြင် သံဃာကို သင်္ဃန်းဝတ်နဲ့ ဆင်တူယိုးမှား ဖြစ်လေဟန် အထင်မှားအောင် စီမံပြီးမှ ခုလို သံဃာကို ရန်လုပ် ရိုက် နှက် ခိုင်းရင် လည်း ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူသူ အားလုံး ငရဲကျမှာ ဖြစ်ပါတယ်။ ငရဲကျချိန်ကလဲ ဒီကမ္ဘာ ပျက်လို့တောင် ငရဲသက် မရပ်ဘဲ တခြားကမ္ဘာကို ပြောင်းခံရ လောက်အောင် ကြာလှတဲ့ ငရဲပါ။ ဒါ့အပြင် မသေခင် ခင်ပွန်းကြီး ဆယ်ပါးကို ပြစ်မှားမိသူတို့ရဲ့ အကျိုးပေးများဖြစ်တဲ့ ဦးယဉ်းခေါင်းခဲနာ၊ သွေးအန်သော ရောဂါ၊ နေအိမ် မီးလောင်ခြင်း၊ စီးပွားပျက်ခြင်း၊ ချစ်သောသူနဲ့ ကွေကွင်းခြင်း၊ အစရှိတဲ့ အကုသိုလ် အကျိုးပေးတွေကို ခံစား ကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ပစ္စုပ္ပန်မှာရော သံသရာမှာပါ အကျိုးပေး ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပေးကြပါလို့ ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူသူ အားလုံးကို ကရုဏာ ရှေ့ထားပြီး သတိပေး လိုက်ရ ပါတယ်။

Read More...