Wednesday, April 30, 2008

စိတ်ဓာတ်

ဖြစ်စရာရှိသည့်အတိုင်းပင်သင်ဖြစ်ရလိမ့်မည်။
မအောင်မြင်မှုကသူ၏အကြောင်းရင်းကို
ပတ်ဝန်းကျင်ဆိုသည့်
အရေးမပါသောစကားလုံးမှာ ရှာဖွေကာ
နှစ်သိမ့်မှုပေးနေမည်ဖြစ်သော်လည်း
စိတ်ဓာတ်ကမှု
ယင်းကိုမထေမဲ့မြင့်ပြုကာ
လွတ်လပ်စွာပင်ရပ်တည်သည်။
သူသည်အချိန်ကာလကိုစိုးမိုးသည်။
နေရာဌာနကိုလည်းအောင်နိုင်သည်။
ကံကြမ္မာတည်းဟူသောဝင့်ကြွားတတ်သူ
လူလှည့်စားကို
ချိုးနှိမ်ငြိမ်ဝပ်စေသည်။
အခြေအနေအကြောင်းခြင်းရာတည်းဟူသော
အာဏာရှင်ဘုရင်မင်းကို
သရဖူဖြုတ်ပယ်ကာ
အစေပါးအဖြစ်ခစားစေသည်။
မသေဆုံးနိုင်သောနာမ်ဝိညာဉ်မှပေါက်ဖွားခဲ့သ့်။
စိတ်ဓာတ်တည်းဟူသော
မမြင်ရသည့်စွမ်းအား၊
သည်စွမ်းအားသည်
ရည်မှန်းချက်ပန်းတိုင်သို့သွားရာလမ်းတွင်
ကျောက်သားနံရံခြားထားသော်လည်း
ထွင်းဖောင်၍သွားမည်ပင်။
ထို့ကြောင့်ဖြစ်လိုရာမဖြစ်သေးဘဲ
နှောင့်နှေးကြန့်ကြာနေသည့်ကာလမျိုးတွင်
နှေးကွေးလှဘိဟုညည်းညူမြည်တမ်းမှုမပြုပါနှင့်။
နားလည်မှုပီသစွာ
စောင့်စည်းသည်းခံပါ။
စိတ်ဝိညာဉ်ကြိုးကြွနိုးထပြီး
အရာရာကိုစီမံခန့်ခွဲပြီဆိုလျှင်
နတ်ဒေ၀တာများမကျန်
နာခံရန်အသင့်ရှိကြမည်သာပင်။

Read More...

မှတ်အပ်မှတ်ရာ-(1)

မကဲရဲ့နှင့်
မိမိကိုယ်ကိုမကဲ့ရဲ မရှုတ်ချနှင့်။မိမိကိုယ့်ကိုမလေးစားသူအားမည်သူကမျှလေးစားလိမ့်မည်မဟုတ်။

အောင်မြင်မှု၏အခြေံခံ

မိမိကိုယ်ကို လေးစားခြင်းသည် အောင်မြင်မှု၏အခြေခံအုတ်မြစ်ဖြစ်သည်။

မနေ့ကိစ္စ

မနေ့ကအတွက် စိတ်ပျက်နောက်တရမှုများနှင့်မနက်ဖြန်အတွက်စိုးရိမ်ပှုပန်များဖြင့်
ယနေ့၏သတ္တိစွမ်းအားများကိုမပျက်စီးမပြုန်းတီးပါစေနှင့်။


တစ်နေ့တာဝန်
လူသည်တစ်နေ့တာဝန်ကိုကားမည်မျှလေးလံသည်ဖြစ်စေ ထမ်းပိုးနိုင်သည်။သည်ဝန်ကိုသာကျေပွန်အောင်ထမ်းပါ။သည်ကနေ့
ဘာလုပ်မည်လဲ၊မနက်စောစောမှာစဉ်စားပါ။နေ့ပိုင်းမှာလုပ်ပါ။ညပိုင်းမှာ
နှစ်ခြိုက်စွာအိပ်ပါ။တစ်နေ့တာဝန်ကိုနိုင်နင်းကျေပွန်စွာထမ်းပိုးသွား
လျှင်နောက်နေ့ များသည်ပို၍အောင်မြင်သော်ပို၍ပျော်ရွင် ချမ်းမြေ့ဖွယ်သောယနေ့ဖြစ်လာကြပေမည်။


ယနေ့ကိုဂရုစိုက်ပါ။

ယနေ့ကိုဂရုစိုက်ပါ။မနက်ဖြန်သည်ထိန်းသိမ်းရလွယ်ကူလာပါလိမ့်မည်။သည်ရက်သတ္တပတ်ကိုဂရုစိုက်ပါ။သည်လသည်သင့်အားဒုက္ခမည်မည်ရရပေးမည်မဟုတ်တော။သည်လကိုဂ၇ုစိုက်ပါ။သည်နှစ်သေချာပေါက်အောင်မြင်ပါလိမ့်မည်။


ပြုံးပါ။
လူမှုဆက်ဆံရေးနယ်ပယ်တွင်ပေါင်းကူးတံတားထိုးပေးနိုင်သည့်
အလွယ်ကူအထိရောက်ဆုံးနည်းမှာပြုံးခြင်းဖြစ်သည်။
ပြုံးရခြင်းမှာခက်ခဲသောအလုပ်တစ်ခုမဟုတ်ပါ။မျက်မှောက်ကုတ်ခြင်း၊မဲ့ရွဲ့ခြင်း၊ ခပ်တည်တည်နေရခြင်းတို့လောက်လည်းမပင်ပန်းပါ။ထို့ကြောင့် လူချစ်လူခင်များခြင်းတည်းဟူသော အကျိုးထူးကိုအလွယ်တကူရယူလိုလျှင် စိတ်ပါလက်ပါပြုံးလိုက်ပါဟူ၍သာတိုက်တွန်းလိုပေသ့ည်။့

Read More...

မှတ်အပ်မှတ်ရာ-(2)

စူးစိုက်မှု
ဘ၀၌အောင်မြင်မှုရှိမရှိဟူသည်ဥာဏ်ပါရမီနှင့်အခွင့်လမ်းသာမှုများထက်စူးစိုက်စွဲမြဲနှင့်ဇွဲလုံ့လရှိမှုအပေါ်၌ပို၍မှုတည်နေပေသည်။

ဒေါသ
ဒေါသဟူသည်ရှုးသွပ်မိုက်မဲမှုနှင့်အစပြု၍နောင်တသံဝေဂနှင့်နိဂုံးချုပ်ရ
မြဲဖြစ်သည်။

ဒေါသကိုထိန်းနိုင်လျှင်

ဒေါသထွက်နေစဉ်စာမရေးပါနှင့်ဟုတရုတ်စကားပုံတစ်ခုကဆိုသည်။သည်ဘက်ခေတ်ပုဂ္ဂိုလ်အချို့ကမှုဒေါသထွက်လျှင်စာထဲဒေါသတွေ
သွန်ရေးချပြီးထိုစာကိုသက်ဆိုင်သူထံမပို့ပဲအံဆွဲထဲထည့်ထားပါ။ဒေါသ
ပြယ်တော့မှဆုတ်ဖြဲပစ်ပါဟုအကြံပေးသည်။

နားထောင်သူ
လူတိုင်းလူတိုင်း၌သူ၏ဘ၀အတွေ့အကြုံကိုအကြောင်းပြု၍ပြောစရာ
စကားများရှိကြသည်။သည်စကားထဲတွင်ထိုလူ၏ဘ၀တစ်ခုလုံးကို ကိုယ့်စားပြုသည့်အတွေးအမြင်များ၊အသိပညာများနှင့်သင်ခန်းစာများ
ပါတတ်သည်။ သူတစ်ပါးစကားကိုနားထောင်တတ်သူတစ်ဖက်သားထံမှတန်ဖိုးရှိသည့်အ၇ာကိုမေးမြန်းထုတ်ယူတတ်သည် ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်အဖြစ်ချစ်ခင်နှစ်သက်
ခြင်းခံရသကဲ့သို့ လူတကာထံမှရသည့်အသိတရားများအားဖြင့်လည်းလူတကာထက်
ရင့်ကျက်ပြည့်ဝသူတစ်ဦးဖြစ်လာနိုင်ပါသည်။


ဘ၀င်မမြင့်နှင့်
ငါမရှိလျှင် မဖြစ်ဟုသင့်ကိုယ့်သင်ထက်နေမိတတ်ပါသလား။သုဿာန်သို့ရောက်ရှိခိုက်တွင်
သချို င်္င်းအုတ်ဂှုများပေါ်ရှိကျောက်တိုင်များကိုဖတ်ရှုကြည့်ပါလေ။

ယုံကြည်သူ
မိမိအစွမ်းအစမိမိအကြံအစည်ကိုအားးကိုးယုံကြည်သူများသာအောင်
မြင်မှုရစမြဲဖြစ်သည်။

မကဲ့ရဲ့နှင့်

မိမိကိုယ်ကိုမကဲ့ရဲ မရှုတ်ချနှင့်။မိမိကိုယ့်ကိုမလေးစားသူအားမည်သူကမျှလေးစားလိမ့်မည်မဟုတ်။

Read More...

မှတ်အပ်မှတ်ရာ-(3)

ခရီးဆောင်စာကြည့်တိုက်
စာဖတ်ပါ။သင့်ကုတ်
အင်္ကျီအိတ်ကိုခရီးဆောင်စာကြည့်တိုက်အဖြစ်အသုံးချပါ။

ကျေးကျွန်

မိမိကိုယ့်ပိုင်ဥာဏ်ဖြင့်စဉ်းစားမှုမပြုသူကားကျေးကျွန်သာဖြစ်သည်။

စကားများသူ
လူတို့သည်စဉ်းစားဆင်ခြင်မှုနည်းလေ စကားများများပြောလေဖြစ်သည်

စဉ်းစဉ်းစားစားပြော
ယနေ့စဉ်းစားပါ။မနက်ဖြန်မှပြောပါ။

စဉ်းစားခြင်း
ကျကျနနအချိန်ယူဝေဖန်ချင့်တွက်ပါ။လုပ်၇မည့်အချိန်ရောက်ပြီဆိုလျှင်ကားတွေးတောမှု၇ပ်ကာအပြတ်လုပ်ကိုင်ပါလေ။

ပညာ
စဉ်းစားမှုမပါဘဲ သင်ယူသောပညာသည်အချည်းနှီးဖြစ်၍၊ပညာမရှိဘဲ စဉ်းစားခြင်းကားအန္တရာယ်ကြီးပေသည်။

မိမိကိုယ်ကိုသနားခြင်း
ကိုယ့်ကိုယ့်ကိုသနားနေသည့်စိတ်အတွေးများကြောင့်ဘာအကျိုး
ကျေးဇူးမျှရရှိလာမည်မဟုတ်။ စိတ်ဓာတ်ပျော့ညံ့သူ၊ဆုတ်ယုတ်ကျဆင်းသူသာဖြစ်လာနိုင်၏။ထို့ပြင်
သည်စိတ်များကြာရှည်ကိန်းအောင်းနေပါကသူတစ်ပါးအပေါ်စာနာ
ထောက်ထားသည့်စိတ်များတစ်နေရတစ်ခြားလျှော့ပါးလာမည်ဖြစ်
သည်။


ရှက်ရွံ့ဖွယ်

လူတစ်ယောက်နေနှင့်မိမိဆင်းရဲကြောင်းဝန်ခံရခြင်းသည်ရှက်စရာ
မဟုတ်ပေ။သို့သော်ထိုဆင်းရဲနေသောဘ၀မှလွတ်မြောက်အောင်အားမထုတ်ခြင်းကားရှက်ရွံ့ဖွယ်ရာကိစ္စအစစ်ဖြစ်ချေသည်။

Read More...

မှတ်အပ်မှတ်ရာ-(4)

ကိုယ်အားကိုယ့်ကိုး
သင့်အား မည်သူမျှအပေါ်အမြင့်သို့ရောက်အောင် ကြိုးဖြင့်ဆွဲမတင်နိုင်။ကြိုးကိုကြာကြာဆုပ်ကိုင်မထား နိုင်သော အကြောင်းအကြောင့်ပင်သင်ပြုတ်ကျမည်ဖြသ်၏။သို့သော် ကိုယ့်ခြေထောက်ပေါ် ကိုယ့်ရပ်၍တက်လျှင်ကား အမြင့်ဆုံးတောင်ထိပ် သို့ ရောက်အောင်ပင် သင်တက်နိုင်မည်၏


ခေါင်းဆောင်
သြဇာပေးမည့်သူကိုမည်သူမျှအလိုမရှိ။ခေါင်းဆောင်ကောင်းကိုကား
လူတိုင်းအလိုရှိ၏။


ယိုပေါက်သေးသေးဒုက္ခပေးတတ်သည်

အသေးအဖွဲအသုံးစရိတ်ဆိုသည်များကိုသတ
ိထားပါ။အပေါက်ကလေးသေးသေးမှတစိမ့်စိမ့်စီးဝင်ရင်းသဘောင်္တစ်စီးလုံးနစ်မြုတ်သွားတတ်သည်။

သူ့တန်ဖိုး
ငွေသည်သင့်အားချမ်းသာသုခကိုမပေးနိုင် ၊ သို့သော်အာရုံကြောများကိုကားငြိမ်သက်စေနိုင်ပေသည်။

ပါးစပ်
လောက၌အများဆုံးမှား၍ဖွင့်မိသောအရာသည်လူ၏ပါးစပ်ပင်ဖြစ်၏။
နှုတ်ကြောင့်သေ
လျှာဟူသည်သုံးလက်မမျှသာ၇ှည်၏။သို့သော်အရပ်ခြောက်ပေရှည်
သောလူတစ်ယောက်ကိုသေအောင်သတ်နိုင်၏။

ကိုယ့်စကားကိုကိုယ့်နားလည်ပါ

သင့်ပြောမည့်စကား၏ဆိုလိုရင်းကိုသိအောင်ဦးစွာလေ့လာပါ။ ပြီးတော့မှပြောပါ။

နားထောင်ခြင်းပို၍
သင်သည်မည်သည်အလုပ်မျိုးကိုလုပ်ကိုင်သူဖြစ်ပါစေ၊စကားပြောခြင်းထက်နားထောင်ခြင်းကသင့်အတွက်အမြဲပို၍အကျိုးရှိပါသည်။

နှလုံးသားနှင့်နှုတ်ဖျား

ပညာရှိ၏နှုတ်ခမ်းသည်နှလုံးသားထဲတွင်ကိန်းအောင်း၏။သူမိုက်၏
နှလုံးသားကားသူ့နှုတ်ဖျားမှာပင်တည်ချေသည်။

တိတ်တိတ်နေထောင်တန်
ဆိတ်ဆိတ်နေပါ။ သို့မဟုတ် ဆိတ်ဆိတ်နေခြင်းထက်ပို၍တန်ဖိုးရှိသောစကားကိုဆိုပါ။

Read More...

Sunday, April 20, 2008

မြိတ်မြို့ တည်နေရာ

မြိတ်ကမ်းနားလမ်း
ပထော်ပထက်တောင်
သဘာင်္ဆိပ်
အကျဉ်းထောင်
မဟာသိဒ္ဓိဇယစေတီတော်
မြန်မာနှင့်တရုတ် နဲလုပ်တဲ့ ရေလုပ်ငန်းနေရာ(ပုစွန်)
စက်မှုဇုန်
အားကစားကွင်းကြီး
တက္ကသိုလ်
တိုင်းမှုး
ဆေးရုံ
အ.ထ.က(၄) ကျောင်း

Read More...

မြိတ်အကျဉ်းထောင်နေရာပါ


Read More...

်မြိတ်ဆိတ်ကမ်းနေရာ

Read More...

မြိတ်မြို့၏သမိုင်းဝင်ပထော်ပထက်တောင်ကြီးပုံ။

Read More...

် မြိတ်မြို့၏ဆေးရုံကြီးနေရာ

Read More...

မြိတ်တိုင်းရုံးနေရာပုံ

Read More...

မြိတ်၏တက္ကသိုလ်ကျောင်းတည်နေရာပုံ

Read More...

မြိတ်မြို၏သမိုင်းဝင်စေတီ(သိမ်တော်ကြီး)

Read More...

မြိတ်အားကစားကွင်းကြီးနေရာတစ်ခု

Read More...

Saturday, April 19, 2008

လောဘ ဒေါသ မောဟ

လောကမှာ မောဟတွေ များနေတယ်
လောဘလေး နည်းနည်း လျော့သင့်တယ်
ပြောပြရင် ဒေါသ မထွက်သင့်ဘူး ... . . .
လူငယ် - " လောကမှာ မောဟတွေ များနေတယ်
"လူကြီး - " အင်း ဟုတ်တယ်ကွ "
လူငယ် - " လောဘလေး နည်းနည်း လျော့သင့်တယ် "
လူကြီး - " မှတ်သားလောက်ဖွယ်ပါပဲ "
လူငယ် - " ပြောပြရင် ဒေါသ မထွက်သင့်ဘူး"
လူကြီး - " အင်း ဒါပေါ့ "
လူငယ် - "အန်ကယ့်သမီးကို ကျွန်တော် ချစ်နေတာ ကြာပြီ် "
လူကြီး - " ခွေးကောင်လေး $*&@^#$ "
မှတ်ချက်။ ။ website တစ်ခုထဲကကူးယူဖော်ပြထားပါသည်

Read More...