Friday, August 8, 2008

ငါအိုသွားသောအခါ ***************

* ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး ။
ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

* ချည်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ

လုံချည်ဖိုသီဖတ်သီဖြစ်နေတဲ့အခါ အညစ်အကြေး တွေမထိန်းသိမ်းနိုင်တော့တဲ့ ငါ့ကိုမရွံ့ပါနဲ့။

ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။

* အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်တဲ့ ကျေးဇူးပြုပြီးသည်းခံ
နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ
ဇတ်ကြီးဆယ်ဘွဲ့တွေစတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့ သိပ်ခဲ့တာတွေကို သတိရပေးပါ။

* မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူညီလိုတဲ့အခါ မငြိုငြင်ပါနဲ့ ။
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

* ခေတ်သစ်နည်းပညာသစ်တွေကို မထိမနားလည်ခဲ့ရင် မလှောင်ပါနဲ့ ။
ငယ်ငယ်တုန်းက ''ဘာကြောင့်လဲဆိုတဲ့" မေးခွန်းတိုင်းကို စိတ်ရှည်စွာ ပြန်ဖြေခဲ့ရာတွေကို သတိရပေးပါ။

* စိတ်သွားတိုင် ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုဆွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

* တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းနေပါနှင့်။အားပေးပါ။
အရင်တုန်းက လူ့ဘ၀သက်တမ်းအတွက် ငါ လမ်းညွန်းခဲ့သလို ယခုအချိန်မှာတော့
ငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ။ချစ်ခြင်းမေတ္တာအတွက်နဲ့ အေးမြမှုတွေကို ငါ
ပြုံးပြုံးလေးလက်ခံမှာပါ။အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့
ငါမေတ္တာတွေကိုတွေရမှာပါ။

သားတို့ သမီးတို့ ရယ် ထာဝရ ပျော်၇ွင်ချမ်းမြေ့ ပြည့်စုံကြပါစေကွယ်။

အလကားရပြီး တန်ဖိုးရှိတဲ့ အရာနှစ်ခုရှိတယ်။ အဲံဒါက မိဘမေတ္တာနှင့် အသက်ရှင်ဖို့အတွက်ရှုရတဲ့လေပဲ။
အစားထိုးလို့မရတဲ့ဆုံးရှုံးမှုနှစ်ခုရှိတယ် ။အဲဒါက မိဘနှင့်အချိန်ပဲ။

No comments: