Tuesday, October 14, 2008

သီတင်းကျွတ်ပြီ..ဒါပေမဲ့

မြန်မာသက္ကရာဇ်၁၃၇၀ ၊ သီတင်းကျွှတ်လပြည့်၊ အဘိဓမ္ဓာနေ့ ၊ အင်္ဂလိပ်ခုနှစ် ၁၄၊ ၁၀၊၂၀၀၈ . အောက်တိုဘာလ နေ့သည် မြန်မာတို့၏ ရိုးရာဓလေ့ဖြစ်သော သီတင်းကျွတ်ပွဲတော် ဖြစ်သည်။
နောက်တစ်ခုကိုပြောရရင် ဘုရားရှင် သည် မယ်တော်ကို ကျေးဇူးဆပ်သော အနေ့ဖြင့် လူ့ပြည်ကို တရားလာဟောတဲ့ လဖြစ်သည်။ ဘုရားရှင် လူ့ပြည်ကိုလာတဲ့အခါ လူ့အများက မီးထွန်းပြီး ဘုရားရှင်ကို ကြိုဆိုကြသည်။ ဒီအကြောင်းကိုလည်း ဗုဒ္ဓ ဘာသာ ၀င်တိုင်းသိပါတယ်။ ဒါပေမဲ့ မြန်မာပွဲတော်တွေမှာ အစည်ကားဆုံးဆိုလို့ ပွဲတော်က နှစ်ခုပဲရှိတယ်။ သင်္ကြန်နှင့် သီတင်းကျွတ်ပွဲတော်ဖြစ်ပဲဖြစ်တယ် ။ဒါပေမဲ့


…… ပွဲတော်တွေလည်း ခေတ်နှင့်အလိုက် ရှိကြကုန်ပြီ ။ ယခုသီတင်းကျွတ်မီးထွန်းပွဲတော်မှာလဲ ဗျောင်းအိုး ၊ မီးပန်း၊ ယမ်းပန်း ၊ မီးကြယ် စသည့် ဒီအရာတွေ ပစ်ဖောက်နေကြတယ်။ အရမ်းကြမ်းတယ်။ ဂျပန်ခေတ် ၊ ကိုလိုနီခေတ်က ဗုံးကြဲနေတာလားလို့ အောက်မေ့ရတယ်။ ကြမ်းလိုက်တာ မပြောလိုက်နဲ့တော့..။ဖောက်တဲ့သူလည်း နေဖောက် ညဖောက် ၊ လူ့အိပ်ချိန်ဖောက် ကြတော့ လူ့တွေကလည်းအိပ်လိုမရ။ ကောင်းနေတဲ့လူကောင်းတောင်မီးပန်းတွေ ဖောက်လိုက်ရင် လန့်လန့်သွားတယ်။ တုန်သွားတယ်ဆိုရင် နှလုံးရောဂါ၊ လူနာတွေဆို လန့်သွားမယ်ဆိုရင်တော့ ဘယ်လိုဖြစ်သွားမယ်ဆိုရင် တွေးကြည့်ပေါ့..။ယခုသီတင်းကျွတ်အချိန်မှာ အများအားဖြင့်မအိပ်ကြတာများတယ်။ အိပ်လို့လည်းမရဘူးလေ.။လူအိပ်ချိန်လည်း မီးပန်းတွေထထဖောက်နေတယ်။ ဒုက္ခဖြစ်တယပေါ့။တစ်နှစ်တစ်နှစ် သီတင်းကျွတ်ပွဲတော်လည်း ကြမ်းလာတယ်။ ကျတော်ဆိုရင် မီးပန်းတွေဖောက်ဖောက်လိုက်ရင် လန့်လန့်သွားတယ် ။အရမ်းလည်းစိတ်ညစ်တယ်။ အလုပ်လုပ်နေတဲ့အချိန်ဆို ဖောက်ဖောက်လိုက်ရင် လန့်လန့်သွားတယ်…။ ပြည်ပကိုရောက်နေတဲ့ သူတွေဆို ဒီလိုအချိန်မျိုးဆိုအရမ်းလွမ်းမှာပေါ့နော် …။။
အော် ဘ၀ ဘ၀ ဒီလိုပဲ ဒီလိုပဲ..



No comments: