Thursday, February 28, 2008

သမီး မိန်းကလေး(မိန်းကလေးများအတွက်ဖတ်ရန်)

ရှေးစကားပုံဖြစ်တဲ့ “သမီးတစ်ကောင်၊ နွားတစ်ထောင်” ဆိုတာ ဒီခေတ်ကြီးအတွက်တော့ အရမ်းကိုသင့်တော်သော စကားပုံတစ်ခု ဖြစ်နေပါပြီ။ . . .

သတင်းစာထဲမှာပါတဲ့ သတင်းတစ်ခု.ပါလာတယ်
စင်္ကာပူက စံချိန်တစ်ခုကို ချိုးသွားနိုင်တဲ့ ကလေးတယောက် အကြောင်းပါ။ တခြားစံချိန်တော့ မဟုတ်ပါဘူး။ အသက်အငယ်ဆုံး ကိုယ်ဝန်ဆောင်စံချိန်ပါ။ အဲ့ဒီကောင်မလေးဟာ အသက် ၉ နှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် ၆လ ကိုယ်ဝန်ကို လွယ်ထားသူပါ။ သူမဟာ အချစ်ဆိုတာကိုလည်း သိမှာမဟုတ်ပါဘူး။ စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ။ သူမရဲ့မိဘတွေဟာ တနေကုန် အလုပ်သွားရလေ့ရှိပါတယ်။ မြန်မာပြည်လို မဟုတ်ပဲ လုံခြုံတဲ့ နိုင်ငံလို့ ယူဆလို့ပဲလားတော့ မသိပါဘူး၊ သူမရဲ့မိဘတွေဟာ အလုပ်သွားချိန်မှာ သူမကိုတယောက်တည်း ထားခဲ့လေ့ရှိပါတယ်။ သူမဟာ သူမရဲ့ကျောင်းက ၁၄ နှစ်အရွယ် ကောင်လေးကို သူမရဲ့မိဘများ အလုပ်သွားချိန်မှာ သူမရဲ့ အိမ်ကိုခေါ်ခဲ့တာပါ။
သူမရဲ့အမေဖြစ်သူက ဒီအရွယ်ငယ်သေးတယ်ထင်လို့ ဒီအကြောင်းနဲ့ပတ်သတ်လို့ မဆုံးမ၊မသင်ပြခဲ့ပါဘူး။ မြန်မာပြည်မှာတော့ ဒီအရွယ်မှာ ဒါမျိုးဖြစ်တယ်ဆိုတယ် ရှားမယ်ထင်တာပါပဲ။ ဒီနိုင်ငံမှာ ကလေးတွေကြည့်တဲ့ ကာတွန်းကားတွေကအစ Violation တွေပါနေတာပါ။ ကလေးတွေက အတုမြင် အတတ်သင်ရာကနေ ဒါမျိုးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ ဒီနိုင်ငံဟာ တိုးတက်ပါတယ်၊ ဖွံ့ဖြိုးပါတယ်၊ ပညာပေးလုပ်ငန်းတွေ၊ Counseling Section တွေလည်းရှိပါတယ်။ နိုင်ငံကလည်းသေးတော့ တော်တော်ထိထိရောက်ရောက်ကို လုပ်နိုင်ပါတယ်။ စာသင်ကျောင်းတွေကအစ ဒီကိစ္စနဲ့ပတ်သတ်လို့ ပညာပေးဟောပြောပွဲတွေ ရှိပါတယ်။ အမေရိကန်မှာဆိုရင် အလယ်တန်းမှာ ကာကွယ်တဲ့ပစ္စည်းတွေကအစ အခမဲ့ဝေပါတယ်။ တရုတ်ပြည်လိုနိုင်ငံမှာတောင် အဲ့ဒါနဲ့ပတ်သတ်လို့ ပညာပေးဘာသာရပ် တစ်ခုအနေနဲ့ ကျောင်းတွေမှာ သင်ကြားပါတယ်။ ဒါပေမယ့်လည်း ပညာပေးရာကနေ (ပညာပေးပုံ မဟုတ်လို့ လို့ထင်ပါတယ်။) စမ်းသပ်ကြည့်ချင်လာအောင် ကလေးတွေကို လုပ်ဆောင်သလို ဖြစ်သွားစေတက်ပါတယ်။ မြန်မာပြည်မှ လွဲရင် နိုင်ငံတော်များများမှာ အင်တာနက်ကိုလွတ်လပ်စွာ သုံးနိုင်နေကြတော့ ကလေးတွေလည်း အရွယ်မတန်ခင်မှာ မမြင်သေးသင့်တာတွေ မြင်လာတာပေါ့၊ ဒါကတော့ ပွင့်လင်းလွန်ပြီး၊ လွတ်လပ်လွန်းလို့ ဖြစ်လာတဲ့ ဆိုးကျိုးတွေပါ။
အထူးသဖြင့် ကလေးတွေအတွက် ကျွန်တော်ထင်တာကတော့ ပညာပေးလုပ်ငန်းတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ ပညာပေးပုံ၊ ရုပ်ရှင်၊ ဗွီဒီယို၊ အင်တာနက် စတဲ့ Media တွေ၊ ကလေးတွေရော၊ မိဘတွေရော၊ ဆရာ၊ဆရာမတွေရောရဲ့ Mindset စတဲ့ တော်တော်များများ အချက်တွေကိုပါ တချိန်တည်း၊ တပြိုင်တည်း ပြုပြင်နိုင်မှ ရနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါမျိုးလုပ်ဖို့ဆိုတာလည်း အင်မတန်ကို ခက်ခဲပါတယ်။
ဒီလိုခေတ်မျိုးမှာ သားယောကျာ်းလေး မွေးထားတဲ့ မိဘများကတော့ ကူးစပ်ရောဂါ မရှိလာဖို့ပဲ ပူရမှာပါ။ သမီးမိန်းခလေးမွေးထားမိရင်တော့ ဖုံးမနိုင်၊ ဖိမရ၊ အရှက်တကွဲ မဖြစ်ဖို့ပါ ပူကြရပြီပဲ။ အရင်က မြန်မာပြည်မှာ သမီးမိန်းခလေး အရွယ်ရောက်မှ ဒါမျိုးတွေ ပူရတာပါ။ အခုတော့ မွေးကတည်းကစပြီး ဂရုတစိုက်ကို ရှိသင့်နေပါပြီ။ ရှေးစကားပုံဖြစ်တဲ့ “သမီးတစ်ကောင်၊ နွားတစ်ထောင်” ဆိုတာ ဒီခေတ်ကြီးအတွက်တော့ အရမ်းကိုသင့်တော်သော စကားပုံတစ်ခု ဖြစ်နေပါပြီ။ ။ ဒါဟာဖတ်သင့်တယ်လိုယူဆပြီး ၀က်ဆိုဒ်တစ်ခုပေါ်ကတင်ပေးလိုက်ပါတယ်လို့။

Read More...

Saturday, February 23, 2008

ကောင်းရာနိုးနိုး အသိပေးစကားစုများ

သူတပါးက ကဲ့ရဲ့လာတဲ့အခါ အပြစ်တင်လာတဲ့အခါမှာ ရှူးရှူးရှားရှား မဖြစ်ပဲ ခေါင်းကိုညိတ်ပြီး ပြုံးပြုံးလေး နေနိုင်တာဟာ ခမာဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံတာပါပဲ"
ဦးသုခ
ကောင်းသော ကိစ္စ မှန်သမျှ တစ်ရက်လျှင် တစ်ချက်ကျ အကြံ မထွက်တတ် ၊ မကောင်းသော အလိုရမ္မက်တို့၏ ဖုံးကွယ်မှုကိုကား အမြဲခံနေရရှာသည် ၊ သို့ကြောင့် အကြံကောင်း တစ်ချက် ပေါ်လာလျှင် ဆက်ဆက်သာ လက်ဦးအောင် ဖမ်းလုပ်တတ်မှ ကောင်းဘ၀အင်အား ကြီးထွားမည် ။"
မဟာဗောတိမြိုင်ဆရာတော်

မီးဆိုလျှင် လောင်တုန်းဆွဲနှုတ် မည်းရုံသာ ၊ စွဲသွားလျှင် နှုတ်မရ ပြာကျသွားမည်"
မဟာဗောတိမြိုင်ဆရာတော်

ဘ၀နဲ့ PingPong ကစားပွဲ အတော်တူတယ်၊ ကိုယ်မှန်ရင်လဲ ကိုယ်အမှတ်ရတယ်၊ ကိုယ်နဲ့ ယှဉ်ပြိုင်နေတဲ့သူ မှားရင်လည်း ကိုယ်အမှတ်ရတယ်"
ဦးထင်လင်းကျော် (အခွန်ဦးစီး

" လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး ဖတ်ဖို့အရေးကြီးဆုံး ဖတ်စာအုပ်နှစ်အုပ် ရှိတယ် ၊ တစ်အုပ်က 'မိမိကိုယ်' ဆိုတဲ့စာအုပ် ၊ နောက်တစ်အုပ်က 'မိမိပတ်ဝန်းကျင်' ဆိုတဲ့စာအုပ် ၊ အဲဒီစာအုပ်နှစ်အုပ်ကို သေသေချာချာဖတ်ပြီး အကြောင်းအကျိုး ဆက်စပ်တွေးမယ်ဆိုရင် လောကမှာ အောင်မြင်နိုင်တယ် ၊ မြတ်စွာဘုရားဆိုရင် မိမိကိုယ်ကို အဖတ်ကောင်းလို့ ဘုရားအဖြစ်ကိုရခဲ့တာပဲ"
အရှင်ဆန္ဒာဓိက
မီးကြားမကပ်မိလေနှင့် ဟပ်မိလျှင် အခွာရ ခက်သည်"
မဟာဗောတိမြိုင်ဆရာတော်

" နတ္တိလောကေ အနိန္ဒိတော - လောကမှာ အကဲ့ရဲ့လွတ်သောသူမရှိ"
ဆရာကြီး ဦးလေးမြင့်

ထားမေတ္တာရော ပွားမေတ္တာပါ ပြည့်ဆုံအောင် ကြိုးစားကြစေချင်ပါတယ်"
အရှင်ဆန္ဒာဓိက

" ကိုယ့်သမိုင်းကို ကိုယ်တန်ဖိုးထားသည့်သူတို့သည် သမိုင်းစဉ် ရှင်သန်ရေး၏ အားတစ်ပါးဖြစ်သော သာသနာရေးကို အားပေးကြရမည်သာ ဖြစ်ပါသည်"
ဒေါက်တာမတင်ဝင်း (ပညာရေး
)
ထားမေတ္တာရော ပွားမေတ္တာပါ ပြည့်ဆုံအောင် ကြိုးစားကြစေချင်ပါတယ်"
အရှင်ဆန္ဒာဓိက

Read More...

ဘ၀စည်းကမ်းချက်များ

ဖတ်ဖူးတဲ့စာရွက်လေးထဲကပါ…..အားလုံးမျှဝေခံစားစေဖို့……..ဘ၀အတွက်စည်းကမ်းချက်များကတိပေးနည်းပါစေ။
. . .
။အမှန်ကိုသာအမြဲပြောပါ။
မိတ်ဆွေကောင်းသာထားရှိပါ။
သူတစ်ပါးမကောင်းကြောင်းဘယ်အခါမှမပြောပါနှင့်။
မိမိဝင်ငွေနှင့်လောက်ငှအောင်နေထိုင်ပါ။
မူးယစ်စေသည့်အရာများကိုရှောင်ကြဉ်ပါ။
မိမိလုပ်ငန်းတွင်ပိုင်နိုင်ကျွမ်းကျင်ပါစေ။တရားမျှတမှူ့ရှိပါစေ။
လောင်းကစားမှူကိုလုံးသရှောင်ကြဉ်ပါ။
လျှို့ဝှက်သင့်သည်ကိမပေါက်ကြားပါစေနှင့်။
အကျင့်စာရိတ္တကောင်းချင်းသည်အရာရာထက်သာပါသည်။
တတ်နိုင်သလောက်အချေးအငှားမလုပ်ပါနှင့်။
သင်၏ပျော်ရွှင်ခြင်းသည်အပြစ်ကင်းစင်ခြင်းနှင့်အတူရှိနေပါစေ။
ချမ်းသာမှူ့ကိုရည်မှန်းရာတွင်အလောသုံးဆယ်မရှိပါစေနှင့်။
သူတစ်ပါးအားပြောဆိုရန်ရှိပါကထိုသူ၏မျက်နှာကိုကြည့်၍ပြောပါ။
မယားတစ်ယောက်ကိုရှာကျွေးနိုင်မှထိမ်းမြားမင်္ဂလာပြုသင့်ရာ၏။
ကြီးလာသည်အခါသုံးစွဲနိုင်အောင်ငယ်စဉ်စုဆောင်းချွေတာပါ။
ဆွဲဆောင်မှူကွန်ယက်အားစိုးရွံ့ခြင်းအသိဖြင့်ရှောင်ပါ။
အကြွေးသံသရာမှလွတ်မြောက်ရန်လမ်းမတွေ့လျှင်အကြွေးမယူမိစေနှင့်။
ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကားဆိုခြင်းသည်မွန်မြတ်ခြင်း၏အခြေခံ။
မှန်ကန်တိကျတတ်ခြင်းသည်တည်ငြိမ်အေးချမ်းချင်းကိုပေးပါသည်။
အိပ်ယာဝင်သောအခါတစ်နေ့လုံးလုပ်ခဲ့သမျှအားပြန်လည်သုံးသပ်ပါ။

Read More...

Friday, February 22, 2008

ကျွန်တော်ရဲ့သူငယ်ချင်း၏အရှက်ကြီးပုံ

ကျွန်တော်တွင်အရှက်ကြောက်အလွန်ကြီးသောသူငယ်ချင်းတစ်
ယောက်ရှိပါတယ် ။သူကမိန်းကလေးထက်များစွာအလွန်ကိုအရှက်
အကြောက်ကြီးပါသည်။တစ်ခါတစ်ရံရှက်ကြောက်ကြီးလွန်းလို့သူနဲ့တွဲသွားတွဲလာလုပ်ရတာအရမ်းစိတ်ညစ်မိပါတယ်။သူမျိုးအရှက်
အကြောက်ကြီးတာမျိုးတစ်ခါမှမတွေ့ဖူးပါဘူး။သူနာမည်က မောင်
နိုင်နိုင်ထူးလိုခေါ်ပါတယ် ။သူခမျာမုန့်စားရမှာတောင်အရှက်အကြောက်ကြီးတယ်။မုန့်တောင်
သွားမ၀ယ်ဘူး။ရှက်လွန်းလို့တဲ့။သူအစားကျွန်တော်ပဲသွားဝယ်ပေး
လိုက်ရပါသည်။နေ့လယ်ထမင်းစားချိန်ရောက်လို့ဆိုင်မှာ မုန့်တွေသွားဝယ်စားကြသူက မိန်းကလေးတွေရှိနေလို့တဲ့ ဆိုင်နားရောက်ပြီးအခန်းထဲကိုပြန်ရောက်လာတယ်။သြော် ရှက်လွန်းလို့ပါတဲ့။ ရော် ။ကျွန်တော်ပဲသွားဝယ်ပေးလိုက်ရပါတယ် ။
မုန့်ကိုတောင် ၀ယ်ပြီးသူနားမှာမထားနဲတဲ့။လျိုပြီးပေးပါတဲ့။မိန်းကလေး
တွေကြည့်နေရင်ရှက်စရာကြီးတဲ့။ဟင် ကျွန်တော်အံလည်းသြသွားတယ်။ရီလည်းရီချင်လာတယ် ။ဒေါသလည်းထွက်လာတယ် ။ဒါနဲကျွန်တော်လည်းအမြင်ကတ်ပြီးသူ့
မုန့်ကိုမပေးပဲကျွန်တော်နားမှာထားလိုက်ပြီး လိုချင်ရင်လာယူလို့ပြောလိုက်ပြီးမုန့်ကိုဦးစွာစားနေပါတယ် ။ဒါနဲသူလည်းအတင်းလိုက်ယူတယ်။ကျွန်တော်လည်းရွေ့တယ် ။
ဒါနဲသူကိုသနားလွန်းလို့ပေးလိုက်ရပါတယ်။ကျွန်တော်လည်းကျွန်တော်
မုန့်ကိုကျွန်တော်ကိုစားနေတုန်းသူကိုဖျတ်ကနဲလည့်ကြည့်တဲ့အချိန်မှာသူမုန့်ထုတ်ကပြောင်လို့။ပြီးတော့မိန်းကလေးများကိုသူကိုယ့်နဲ
တစ်ဖက်ကွယ်ပြီးမုန့်ကိုအပီပဲ ပါးစပ်သို့အတင်းထိုးထည့်နေပါတယ်။ကျွန်တော်တောင်လန့်သွားတယ်။ပါးစပ်မှာလည်းဖောင်းနေလိုက်တာ။အတင်းထိုးထည့်စားပြီးတော့အမှိုက်ကိုအောက်တွင်ထည့်လိုက်ပါသည်။ကျွန်တော်လည်းငိုအားထက်ရီအားသန်ရမလိုပင်ဖြစ်သွားသည်။ဘယ်လိုလူမျိုးပါလိမ့်။တစ်ခါမှမမြင်ဖူးပါဘူး။ကျွန်တော်လည်းအမြင်ကတ်စွာပင်သူကိုမေးလိုက်သည်။နင်မိန်းမ မယူဘူးလားလို့ မေးလိုက်တာ ယူမှာပေါ့တဲ့ ။ဟင်ဒီလောက်အရှက်အကြောက်ကြီးတဲ့သူကမိန်းမတော့ယူမယ်တဲ့။ဟွန်းမပြောလိုက်ချင်ဘူး။အမှိုက်လည်းကိုယ့်တော်ချောကြီးသွားမပစ်
တော်မှုပါ။အမှိုက်ပုံးကမိန်းကလေးနားမှာရှိနေလိုတဲ့။ကဲ။ ကျွန်တော်ဒေါသထွက်လာပြီ။သူကိုကိုက်စားမှာ လား မိန်းကလေးက။
ဆန်ကြမ်းကပိုနွဲ့နေပြန်ပြီ။နင်သွားပစ်ရင်ငါအမှိုက်ပါယူသွားပေးလိုက်
ပါတဲ့။အမြင်ကတ်စွာပင်လုံးဝပဲ မယူပေးတော့ပါ ။ဒီအထိတော့တရားတော့လွန်လာပြီ။လုပ်ပေးနေမှန်းသိလို့။သူအမှိုက်ကိုကျွန်တော်ဆီသို့လာထားတယ်။ကျွန်တော်လည်းလုံးဝပဲ ။သူအမှိုက်ကိုမယူပေးပဲ သူကိုပြန်ပေးလိုက်ပြီး ကိုယ့်ဟာကိုယ့်သွားပစ်လိုက်တယ်။ဆိုင်မှာတောင်မစားဘူး။ဘာလို့လဲဆိုတော့ရှက်လို့တဲ့။အခန်းထဲမှာမုန့်စားရင်တောင်ငုတ်ပြီးစားတဲ့ကောင်။နောက်နေ့လည်းသူအပြင်လုံးဝမထွက်ပါ။ကျွန်တော်လည်းတစ်ခါပဲဝယ်ပေးနိုင်တယ်။နောက်တစ်ခါလုံးဝမ၀ယ်ပေးနိုင်တော့ဘူး။ကိုယ့်ဟာကိုယ့်ပဲသွားဝယ်စားလိုက်တယ်။ဒီနေ့တော့ဒီကောင်တော့ရှက်လွန်းလို့ ငတ်သွားပြီ။
အမြင်ကတ်လိုမ၀ယ်ပေးတော့ဘူး။သူကထစိတ်ပေါက်လိုက်ရသေး
တယ်။ကျွန်တော်ကတော့စားချင်ရင်လိုက်လာလို့ပြောလိုက်တယ်။ဒါပဲ။အော်ဒီကောင်ရဲ့ရှေ့ရေး ၊အနာဂတ်တော့ဘယ်လိုခရီးဆက်ဦးမသိဘူး။သူအစားပဲရင်မောတယ်။
ထို့ကြောင်အရှက်ဆိုတာလိုတာထက်ပိုရင်မကောင်းဘူး။ရှက်လွန်းလို့လည်းဘ၀မှာထွန်းပေါက်သင့်သလောက်မထွန်းပေါက်နိုင်ဘူး။
ထို့ကြောင့်နေရာတိုင်းတွင်အရှက်ကြောက်မကြီးသင့်ပါလို့ပြောရင်း…….

Read More...

Wednesday, February 20, 2008

အရက်သောက်ခြင်း၏အကျိုးယုတ်ခြင်းများ

သိကြားမင်းသည်အရက်သောက်ခြင်း၏ဆိုးကျိုးကိုအောက်ပါအတိုင်းမိန့်ဆိုထားပါသည်
1။ လမ်းသွားတိုင်းယိမ်းယိုင်လဲကျတတ်ပါတယ် ။
2။ မစားသင့်တဲ့အစာကိုလည်းစားမိပါတယ် ။
3။ စိတ်အစိုးမရဖြစ်တတ်ပါတယ်
4။ ကိုးကွယ်ရာမရှိသူလို ဟိုဟိုဒီဒီသွားလာတတ်ပါတယ် ။
5။ သီချင်းလည်းအော်ဆိုတတ်ပါတယ်။ကလည်းတတ်ပါတယ်။
6။ အ၀တ်မ၀တ်ပဲလည်းသွားတတ်ပါတယ်။
7။ အကြာကြီးလည်းအိပ်တတ်ပါတယ်။
8။ လက်တုန်ခြေတုန်ဖြစ်တတ်ပါတယ် ။
9။ မီးလောင်သလိုပူလောင်လောင်နဲအိပ်တတ်ပါတယ်။
10။ သူတစ်ပါးတို့နဲ့ထိုးကြိတ်ခြင်းကိုလည်းခံရတတ်ပါတယ် ။
11။ လူများရှေ့တွေမပြောသင့်တဲ့စကားကိုလည်းပြောတတ်ပါတယ်။
12။ ကိုယ့်အန်ဖတ်တွေနဲကိုယ့်အိပ်ရတတ်ပါတယ်.
13။ ငါလောက်မိုက်သူမရှိဘူးလိုပြောတတ်ပါတယ်။
14။ လိုအပ်တာထက်ပိုပြီးမာန်တက် တတ်ပါတယ် ။
15။ မျက်စိတွေလည်းနီတတ်ပါတယ်။
16။ ငြင်းလည်းခုံတတ်ပါတယ်။
17။ ရုပ်ရည်အဆင်းတွေလည်းတဖြည်းဖြည်းလျော့လျော့လာပြီးအိုလွယ်တတ်ပါတယ်။
18။ သူခိုးတွေရဲ့နေရာဒေသကိုလည်းရောက်တတ်ပါတယ်။
19။စည်းစိပ်ဥစ္စာတွေလည်းကုန်တတ်ပါတယ်။
20။ မိဘ၊ယောက္ခမ စသည်တို့ဆဲရေးမိတတ်ပါတယ်။
21။ ချွေးမစသည်တိုလည်းမှားယွင်းပြီးကိလေသာဖြစ်တတ်ပါတယ်။
22။မိန်းမရဲ့ဆဲရေးကိုလည်းခံရတတ်ပါတယ်။
23။ရဟန်း၊ လူတွေလည်းရိုက်ပုတ်မိတတ်ပါတယ်။
24။ငွေပေးပြီးမဟုတ်မမှန်ထွက်ဆိုဖိုသက်သေလိုက်ခိုင်းခံ၇တတ်တယ်။

25။တစ်ခုခုခိုင်းလိုက်ရင်လည်းလေးဖင့်နေတတ်ပါတယ်။
26။မြေကြီးပေါ်အိပ်တတ်ပါတယ်

ထို့ကြောင့် လူငယ်တွေဟာ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးကိုတကယ်ချစ်တယ်။တိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးကိုဆောင်ရွက်ချင်တဲ့စိတ် တကယ်ရှိရင်အသက်တိုမယ့်ကိစ္စတွေကိုငယ်ငယ်ကတည်းကရှောင်ရှားသင့်ပါ
တယ်။အရက်မသောက်ဘဲနေတာဟာ ကိုယ့်တစ်ယောက်ထဲတင်အကျိုးရှိတာမဟုတ်ဘူး။ကိုယ့်မိသားစု၊ ကိုယ့်ဝန်းကျင့် ၊ကိုယ့်နိုင်ငံအတွက် ပါအကျိုးရှိတာပါ ။အရက်တော့မသောက်ဘဲနေပါနရဲ့ ။အရက်တွေကျတော့တွင်တွင်ရောင်းနေတယ်ဆိုတာ လည်းမကောင်းပါဘူး။အရက်ရောင်းတယ်ဆိုတာအသက်တိုဆေးရောင်းနေတာ
ပါ။နိုင်ငံနဲလူမျိုးအတွက်အကျိုးရှိမယ့်လူတစ်ယောက် ကိုယ်ရောင်းလိုက်တဲ့အရက်သောက်ပြီးအသက်တိုသွားရင်နိုင်ငံအတွက်အများ
ကြီးနှစ်နာပါတယ်။ကိုယ့်နိုင်ငံ ၊ကိုယ့်လူမျိုးကိုတစ်ကယ်ချစ်ရင်အရက်မရောင်းသင့်ပါဘူး။အရက်မရောင်းရလည်းထမင်းမငတ်သွားပါဘူး။
မြန်မာနိုင်ငံမှာ အရက်ရောင်းမယ့်သူမရှိ၊ သောက်မယ့်သူမရှိရင်သိပ်ကောင်းမှာပဲ။ဒါဆို အရက်အတွက်ကုန်မယ့်ငွေတွေကိုဆေးရုံတွေ ၊ စာသင်ကျောင်း တွေ ၊အလှုတန်းလုပ်လိုရတာပေါ့။ထို့ကြောင့်အရက်သောက်ခြင်းသည်ကိုယ့်အတွက်
သိက္ခာကျပါတယ် ။ထိုကြောင့်သိက္ခာမကျအောင် အရက်မသောက်ကြပါနဲလိုတိုက်တွန်းရင်း….

Read More...

Monday, February 11, 2008

ခြေထောက်စိုပြေလှပအောင်ပြုလုပ်နည်း

လိုအပ်သော ပစ္စည်းများ -
၁။ ပလတ်စတစ် ဇလုံကြီး တစ်လုံး
၂။ ဆား - ထမင်းစားဇွန်း ၃ ဇွန်း
၃။ နို့မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း

ပြုလုပ်ပုံ -
၁။ ခြေထောက်ကို ဦးစွာ သန့်စင်အောင် ဆေးကြောပါ။
၂။ ပလတ်စတစ် ဇလုံထဲကို ခြေထောက်စိမ်မလောက် ရေနွေးစပ်ထည့်ပါ။ ကြက်သီးနွေးအဆင့်ဆို အဆင်ပြေနိုင်ပါတယ်။ ကိုယ်ခံနိုင်သလောက်အပူကို ချိန်ဆကြည့်ပါ။ သတိ! ရေနွေးပူလောင်ရင် တာဝန်မယူပါ။
၃။ ဆား ၃ ဇွန်း၊ နို့မှုန့် ၃ ဇွန်း ကို ရေနွေးထဲ ထည့်ပြီး သမအောင်မွှေပါ။
၎။ ပြီးရင် ထိုဇလုံထဲမှာ ခြေနှစ်ချောင်းကို အသာအယာစိမ်ပြီး လက်နှင့် ပွတ်သတ်နှိပ်နယ်ပေးပါ။
၅။ ၁၅ မိနစ်လောက်အကြာ ဇိမ်ခံပြီးရင် ခြေထောက်ကို ခြောက်သွေ့အောင် သုတ်ပြီး ၁၀ မိနစ်လောက် ခဏထားပါ။ ပြီးရင် ရေနဲ့ ဆေးချလို့ ရပါပြီ။ ချက်ချင်းဆေးချင်ရင်တော့ ရေနွေးနဲ့ ဆေးနိုင်ပါတယ်။ ရေအေးနဲ့ ဆေးရင် အပူ အအေး မမျှမှာ စိုးလို့ပါ။

ပြီးသွားရင်တော့ ဖြူစင် ကြည်လင်နေတဲ့ ကိုယ့်ခြေထောက်ကိုယ် သဘောကျနေမယ်လို့ ထင်ပါတယ်။

Read More...

လှချင်သူများအတွက်

ကိုယ်တိုင်ပြင်ဆင် အလှဆင်
(၁)မျက်နှာပေါင်းတင်
လိုအပ်ပစ်စည်းများ
ထောပတ်သီးမှည့် - ၁လုံး
သံလွင်ဆီ - ၁ဇွန်း
ငှက်ပျောသီးမှည့် - ၁လုံး
လိမ်မော်သီး -၁လုံး(အရည်ညှစ်ယူထားပါ)
ပြုလုပ်နည်း
ထောပတ်သီးမှည့်၊သံလွင်ဆီတစ်ဇွန်း၊လိမ်မော်ရည်နည်းနည်းနဲ့ ငှက်ပျောသီးမှည့်တို့ကို ရောသမအောင် နယ်ရပါမယ်။ပြီးတဲ့အခါပါးစပ်နဲ့ မျက်လုံးတွေကိုချန်ပြီးလိမ်းပေးရပါမယ်။လိမ်းပြီး မိနစ်(၂၀)လောက် ကြာတဲ့ အခါ မျက်နှာသစ်လိုက်ပါ။ဝင်းဝါချောမွတ်သွားတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်သွားပြီပေါ့နော်။ ပိုမိုချောမွေ့ခင်ရင် တော့ မျက်နှာပေါင်းတင်ဖို့ ရောမွှေထားတဲ့ ပစ်စည်းတွေထဲကို အပူပေးအရည်ဖျော်ထားတဲ့ ပျားဖယောင်း ထည့်သုံးနိုင်ပါတယ်။
(၂)ဆံပင်ပေါင်းတင်
လိုအပ်ပစ်စည်းများ
ထောပတ်သီးမှည့် -တစ်လုံး
ငှက်ပျောသီးမှည့် -တစ်လုံး
သံလွင်ဆီ - တစ်ဇွန်း
ကြက်ဥ - အကာရည်
ပြုလုပ်နည်း
လိုအပ်ပစ်စည်းအားလုံးကို သမအောင်မွှေပြီးတဲ့အခါ ဆံနွယ်အနှံ့ကို ညင်သာစွာ လိမ်းကျံပြီးခေါင်းပေါင်း ထားရပါမယ်။တစ်နာရီလောက်ကြာတဲ့အခါ ခေါင်းပေါင်းကိုဖြေပြီး ရေခပ်နွေးနွေးနဲ့ ဆံပင်ကိုဆေးရပါမယ်။ ပြီးတဲ့အခါ သုံးနေကျရှန်ပူတစ်မျိုးနဲ့ လျှော်လိုက်တဲ့အခါမှာတော့ လှပတောက်ပြောင်တဲ့ ကေသာကိုပိုင်ဆိုင် သွားပါပြီ။
(၃)တစ်ကိုယ်လုံး သို့မဟုတ် ဖြူချင်တဲ့ နေရာဖြူဖို့ ပေါင်းတင်စို့
လိုအပ်ပစ်စည်း
မန်ကျည်းသီးမှည့် - အနည်းငယ်
နနွင်းမှုန့်စစ်စစ် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ပြုလုပ်ပုံ
အရင်ဆုံး မန်ကျည်းသီးမှည့်ကိုရေနဲ့ဖျော်ပြီး အဖတ်တွေကိုဖယ်ရပါမယ်။ ရလာတဲ့မန်းကျည်းရေပျစ်ပျစ်ကို နနွင်းမှုန့်သင့်ရုံထည့်ပြီး သမအောင်မွှေဖျော်ထားရပါမယ်။ပြီးတဲ့အခါ အ၀တ်အစားအကြမ်းတစ်စုံဝတ်ပြီး လက်နဲ့ခြေတွေအနှံ့ ဒါမှမဟုတ် ကိုယ်ဖြူချင်တဲ့နေရာတွေကို လိမ်းရပါမယ်။လိမ်းပြီးတစ်နာရီခွဲလောက်ကြာ လို့ ရေချိုးပြီးတဲ့နောက် နဂိုထက်ဖြူဝင်းလာတဲ့ စိုပြည်လာတဲ့ ကိုယ့်ရဲ့အသားအရေကိုတွေ့ရမှာ ဖြစ်ပါတယ်။ အသားပတ်တဲ့အခါ၊လေပူတွေတိုက်ခံရဖန်များတဲ့အခါ အသားအရေခြောက်သွေ့သူတွေအနေနဲ့လည်း ဒီနည်းကိုသုံးရင် နာရီပိုင်းအတွင်း ပင်ကိုအသားအရေကို ပြန်ရရှိမှာသေချာပါတယ်။
(၄)Orange Mask
သန့ှ်ရှင်းစင်ကြယ်တဲ့ ခွက်တစ်လုံးထဲမှာ Orangeရည်သန့်သန့်စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ဒိန်ချဉ်သန့်သန့် စားပွဲတင်ဇွန်း ၂ဇွန်းကိုရောထည့်ပြီးမွှေပါ။ပြီးရင် အဲဒီအရည်နဲ့မျက်နှာ၊လည်ပင်းနေရာ စတာတွေကိုလိမ်း ပေးပါ။၁၀မိနစ်၁၅မိနစ်နေမှ ရေဆေးပြီးဖယ်ရှားပါ။ရေနွေးနဲ့ဆေးနိုင်ရင် ပိုကောင်းပါတယ်။ အဲဒီအခါ အင်မတန်သန့်စင်ကြည်လင်တဲ့ မျက်နှာကလေးဖြစ်နေတာတွေ့ရပါလိမ့်မယ်။
သတိထားရမှာက - Orangeသီးလတ်လတ်ဆတ်ဆတ်ကို ထက်ခြမ်းခြမ်းပြီး ညှစ်ယူလို့ရတဲ့ Orangeရည်ထဲ ကဗီတာမင်စီဓာတ်က အချိန်ခဏကြာရင်ပျက်ပြယ်သွားတတ်တယ်နော်။

Read More...