အခြေအနေများ - အခြေအနေများဆိုတာဘာလဲ။ အခြေအနေဆိုတာငါလုပ်ထားတာပဲ။
လူသားတွေသည်ရှုံးနိမ့်ဖို့မဟုတ်။ အောင်နိုင်ဖို့ မွေးဖွားလာခြင်းဖြစ်သည်။
ကံကြမ္မာဆိုသည်မှာမမျှော်လင့်ဘဲပေါ်ပေါက်လာသောအခွင့်တစ်၇ပ်
မဟုတ်။ကိုယ့်ရွေးချယ်သည့်အတိုင်းဖြစ်ပေါ်လာခြင်းဖြစ်သည်။ရလာဖို့
စောင့်နေရမည့်အရာမဟုတ်။ ရယူနိုင်ဖို့ ကြိုးစားအားထုတ်ရမည့်အရာဖြစ်သည်။
မိမိ၏စိတ်ကူးအလှတွင်ယုံကြည့်မှုရှိသူသည်အနာဂတ်ကိုပိုင်စိုးကြပါ
သည်။
အမုန်းတရားသည်၇န်ပွားစေပြီး ၊ မေတ္တာတရားသည်မကောင်းမှုမှန်သမျှကိုပယ်ရှင်းစေပါသည်။
သင့်အပေါ်အခြားလူများက မပြုလုပ်စေချင်တာတွေကို သင်ကလည်းအခြားလူများအပေါ်မပြုလုပ်ပါနှင့်။
စိတ်ထဲတွင်တာရှည်စွာစွဲမှတ်ထားသောစိတ်ယုတ်စိတ်ပုပ်တို့သည်နိမ့်ကျညံ့ဖျင်းသောခံစားမှုမှပေါက်ပွားလာခြင်းဖြစ်သည်။
စိတ်ဓာတ်ကျမှုသည်မိမိကိုယ်ကိုယ်ချစ်ခင်သနားမှုအားထိခိုက်လာ
သောအခါ ဖြစ်ပေါ်တတ်သည့်ခံစားမှုတစ်မျိုးဖြစ်သည်။
မိမိကိုယ့်တိုင်ပြဿနာမလုပ်ပါနှင့်။
ကလဲ့စားချေဖို့စိတ်ကိုကိုင်းညွှတ်ထားသောအခါ အရာ၇ာကိုမမြင်နိုင်စွမ်းတော့ပါ။ ထိုသို့ဖြစ်ခြင်းမှာ တန်ဖိုးမဲ့လှပါသည်။
ကြည်နှုးပျော်ရွင်သောနှလုံးသည်ဆေးစွမ်းကောင်းကဲ့သို့အာနိသင်
ထက်ပါသည်။
ကြည်နှုးရွှင်ပျမှုသည်စိတ်နှလုံးထဲတွင်ဖြူစင်ရှင်းလင်းစေပြီး တည်ငြိမ် အေးငြိမ်းမှုကိုလည်းဖြစ်စေပါသည်။
သင့်ဘ၀မှာ လူလိုတကယ်ထိုက်ထိုက်တန်တန်နေလိုလျှင် ထိုသို့နေနိုင်ဖို့ယခုချက်ချင်းစတင်ကြိုးစားသင့်ပါသည်။
သင်၏အားနည်းချက်ကိုအသုံးချပါ။အားနည်းချက်မှ အင်အင်းဖြစ်လာအောင်စူးစူးစိုက်စိုက်အားထုတ်ပါ။
ရဲ့ရင်ပြတ်သားပါ။ကြီးမားသောအင်အားတို့သည်သင့်အထောက်အကူ
အဖြစ်ရောက်လာပါလိမ့်မည်။
ပညာရှိကြောင်းအသိမှတ်ပြုနိုင်ဖို့ပညာရှိဖို့လိုပါတယ်။
မိမိကိုသူတစ်ပါးနားလည်တာထက်သူတစ်ပါးကိုနားလည်လာဖို့ကြိုးစားပါ။
သင်နိုင်သမျှ ကောင်းတာတွေကို
သင်နိုင်သမျှ နည်းတွေသုံးပြီး
သင်နိုင်သမျှ ပုံစံတိုင်းနှင့်
သင့်နိုင်သမျှနေရာတိုင်း
သင်နိုင်သမျှ အချိန်တိုင်း
သင်နိုင်သမျှလူတိုင်းအတွက်သင်တတ်နိုင်သမျှ အတိုင်းတာထိပြုလုပ်ပေးပါ။
စူးစမ်းလေ့လာခြင်းဖြင့်ဘာမျှဆုံးရှုံးမှုမရှိပါ။ စူးစမ်းလေ့လာခြင်း သည်အကုန်အကျ အသက်သာဆုံးဖြင့် ပျော်ရွင်မှု ၊ စိတ်ချမ်းသာမှုကို ရစေပါသည်။ဘာမျှအကုန်အကျမရှိပါ။သို့သော် အကျိုးရလာဒ်များလှပါသည်။ကြင်နာသနားမှုကဲ့သို့ စူးစမ်းလေ့လာမှုသည် အပြန်အလှန်အကျိုး များသော မင်္ဂလာတရားဖြစ်ပါသည်။
သင့်မရှုံးနိုင်ဘူးဆိုသည်ကိုသင်သိနေလျှင်
သင်ဘာကိုကြိုးစားလုပ်ရမလဲ။
ဆုတောင်းခြင်းကိုနံနက်ခင်း၏သော့ဖြစ်စေပြီး၊ ညနေခင်း၏မင်းတုပ်ဖြစ်ပါစေ။
ဆုတောင်းခြင်းသည်ကောင်းကင်ဘုံ၏ဂိတ်တံခါးဖြစ်ပါသည်။
သင့်၏အကြီးကျယ်ဆုံးသောစွမ်းအားသည်ဆုတောင်းခြင်းပင်ဖြစ်သည်။
မိုင်တစ်ထောင်ရှည်သောပထမခြေလှမ်းဖြင့်စရပါသည်။
သင့်ဘာပဲလုပ်လုပ်စိတ်ရောကိုယ့်ပါလိုလိုလားလားလုပ်ပါ။
မြင့်မြတ်ကြီးကျယ်သောအလုပ်တိုင်းသည်အစပထမတွင်မဖြစ်နိုင်
သောအလုပ်များဖြစ်ပါသည်။
လူအများစုသည်ရှုံးနိမ့်ဖို့အတွက်ရည်ရွယ်ပြီးပြင်ဆင်ခြင်းမဟုတ်ကြပါ။
ပြင်ဆင်ဖို့တာဝန်ပျက်ကွက်ခြင်းဖြစ်ပါသည်။
လူသားတို့အသုံးပြုသောအရာများအနက်အချိန်သည်တန်ဖိုးအရှိဆုံး
ဖြစ်ပါသည်။
စူးစမ်းသိရှိလိုမှုသည်သဘာဝကျောင်းပင်ဖြစ်ပါသည်။
ကျတော်အတွက်စာဖတ်ခြင်းသည်တော်လှန်သောလုပ်ရပ်တစ်ခုဖြစ်ခဲ့
ပါသည်။တော်လှန်သောလုပ်ရပ်ဖြစ်ပါသည်။စိတ်ကိုနက်ရှိုင်းကျယ်ပြန့်
စေပါသည်။စိတ်ပိုင်းဆိုင်ရာတော်လှန်ပြောင်းလဲမှုများဖြစ်ဖို့အတွက်လိုအပ်သောလက်နက်ကိုလည်းစာဖတ်၇ာမှရလာပါသည်။စိတ်၏ပြုပြင်
တော်လှန်မှု ၊ လူ့အဖွဲ့စည်း၏ပြုပြင်တော်လှန်မှုကိုဖြစ်စေပါသည်။ရွေးပြီးစာဖတ်ပါ။
ရွေးပြီးလေ့လာသင်ယူပါ။ရွေးပြီးစိတ်ကူးအိပ်မက်မက်ပါ။
No comments:
Post a Comment