Saturday, June 14, 2008

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၆)

ြ်ဗဟ္မပြည်က အပ်ကိုချ ၊ မြေက အပ်တစ်စင်း။

အပ်သွားချင်သာ ၊ထိဖွယ်ရာ ၊ပမာမှတ်ကြမင်း။

နိယျနိက ၊ မြတ်ဓမ္မ ၊ ကြားရခဲ ၏မင်း။

သဒ္ဓါဗလ၀ ၊ ဒုလ္လဘ ၊ ရအောင် ခဲကြမင်း။

အရဘော်ခိုက် ၊လူတစ်သိုက် ၊ခဲလိုက်ကြကုန်မင်း။

ဤသို့ဘ၀ ၊ ဖြစ်သမျှ ၊ ရမည်ခဲ၏မင်း

ကိုယ်ဖို့ မိရ ၊ သည်နောက်တ ၊ဖြစ်တတ်ကြ၏မင်း။

ထူးမြတ်စွာလှ ၊လူ့ဘ၀ ၊နှမြောကြကုန်မင်း။

မြတ်သည်ကိုမှ ၊ မသိကြ ၊ဗာလနှလု့းသွင်း။

ဗာလဖြစ်က ၊လူပါပ ၊ကြာ့ာကုန်ပြီမင်း။

လူဖြစ်ကျိုးမျှ ၊မသိကြ ၊ဗာလနှလုံးသွင်း။


No comments: