Saturday, June 14, 2008

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၂)

မနုဿတ္တ ၊ ဒုလ္လဘ ၊ မရများလှပြီ။

အရတော်လှ၊ သည်ဘ၀၊ လှလှကျင့်ထိုက်ပြီ။

ကြုံကြိုက်တော်စွာ ၊ သာသနာ၊ ရောင်ဝါထွန်းလှပြီ။

သတိရရ ၊မြတ်ပုည ၊ ပြုကြကောင်းသင့်ပြ။

တစ်နေ့တစ်နေ့ ၊နက်ဖြန်ရွေ့ ၊ မမေ့ကောင်းသင့်ပြီ။

ငါ့ကိုယ်ငါ့သား၊ငါ့မယား ၊ ထင်မှားလှလေပြီ။

ထင်မှားတတ်စွာ ၊သက္ကာယာ ၊ မစ္ဆာကင်းလှပြီ။

ငါးခုန္ဓာ၊ ရုပ်နမ်မှာ ၊မှန်စွာမှတ်သင့်ပြီ။

သမ္မသန ၊ ဥာဏ်အစ ၊ ထင်ကြသင့်လေပြီ။

နင်ဖြစ်နင်ကိုယ့် ၊ဆုံးမဆို ၊ နင့်ကိုယ့်အမှုသည်

နှလုံးဖုံဖုံ ၊ ထုံတုံတုံ ၊နင်ပုံကြော့ကြမ်းသည်။

နင်နှင့်နင်ဟန် ၊စီရင်ဖန် ၊အမှန်ဖြစ်တော့သည်။

ယခုနင်ကိုယ့် ၊ နင်အလို ၊ ဘယ်လိုပြည့်စုံသည်။

အလိုမလိုက်၊သည်အမိုက် ၊ ပယ်ထိုက်သင့်လှပြီ။
မပယ်မချိုး ၊ဆင်ကန်းတိုး ၊ ဟုတ်နိုးထင်လှပြီ။

No comments: