Saturday, June 14, 2008

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၃)

နင်ကိုယ့်နင်နှစ် ၊ နင်အပြစ် ၊ နင်ဖြစ်ခံရမည်။

နင့်ကိုယ့်နင်အား၊နင်မသနား၊နင်မှားရှာတော့မည်။

နင်မဆုံးမ ၊နင်တာပ၊ ဘယ်ကခံလိမ့်မည်။

ဒါန ၊ သီလ ၊ ဘာဝနာ ၊မကြာနင်တွေ့မည်။

ဇာတိ ၊ ဇရာ ၊မရဏာ ၊မကြာနင်တွေ့မည်။

မျက်တောင်တစ်ယှက်၊ လျှပ်တစ်ပြက် ၊နင်သက်သေလိမ့်မည်။

ဘယ်နှစ်ဘယ်လ၊ ရောက်ခါမှ ၊ကာလမရွေးပြီ။

ကြီးငယ်မဟူ ၊ကို့ယ်ရွယ်တူ ၊ ခုမှုသေလှပြီ။

အမှန်သေရိုး ၊ ထိုလူမျိုး ။ကြောက်စိုးရွံ့လှလေပြီ။

မသွင်းနှလုံး ၊အတင်းရှုံး ၊ ပျက်ပြုန်း ၊ လှလေပြီ။

ခ န္ဓာာကြွေလျော ၊ ရှိပြန်သော ၊ ပှုဇောလောင်လှပြီ။

သွားကျိုးဆံဖြူ ၊ ရှိပြန်မှု၊ ဘယ်သူမကြောက်ပြီ။

ဤသည်မယား ။ဤသည်ကား ၊ မီးပွား မှန်တော့သည်။

ခယ၊၀ယ ၊ဘိဇန ၊ ပျက်ကြလှလေပြီ ၊

အပိယေဟိ ၊ ပိယေဟိ၊ ဒုက္ခိကြုံလေပြီ။

ဒုက္ခထွေထွေ ၊တပေပေ ၊ဒုက္ခိကြုံလေပြီ။

Read More...

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၄)

နိဗ္ဗန်သာခေါင် ၊ ဘေးမဲ့သောင် ၊ ရောက်အောင်ပြုခဲ့ပြီ။

မပြုပါပဲ ၊ နင်ရှောင်လွှဲ ၊နင်ပဲမိုက်လှပြီ။

ယုတ္တိယုတ္တာ ၊နင်ဆင်ကာ ၊ဟန်သာနင်များသည်။

ဘုရားသွားသွား ၊ ကျောင်းသွားသွား ၊စိတ်ထားနင်မကြည်။

ဒါနသိလာ ၊ နင်ပြုတာ ၊စေတနာဇောမကြည်။

သို့ပြင်ပြုလို့ ၊နင်ကုသိုလ် ၊ဘယ်ကိုသွားလိမ့်မည်။

လောကုတ္တရာ ၊ မြိုက်သြဇာ ၊ နင်သာဝေးလှပြီ။

ဇောစိတ်သန်သန် ၊ကုသိုလ်မှန် ၊နင်ကြံပြု့ရမည်။

သို့ပြုမှသာ ၊ပြည်ခေမာ ၊ နင်သာနီးရမည်။

ဤသို့စုံစေ့ ၊ ပြန်လှန်၍ ၊ စေ့စေ့နှလုံးတည်။

အနမတဂ္ဂ ၊သံသာရ ၊ကြာလှလေကုန်ပြီ။

ဂဂါင်္ဝါလှ ၊ပမာပြု ၊သဲစုမကပြီ။

တဏှာ၏နောက် ၊တစ်ကောက်ကောက် လိုက်ထောက်မသင့်ပြီ။

တဏှာမြစ်မ ၊ ပင်လယ်ဝ ၊ နစ်ကြလေကုန်ပြီ။

တဏှာလည်းပွား ၊ဒုက္ခ များ ၊ သွား၍မဆုံးပြီ။

Read More...

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၅)


နိဗ္ဗန်သာခေါင် ၊ ဘေးမဲ့သောင် ၊ ရောက်အောင်ပြုခဲ့ပြီ။

မပြုပါပဲ ၊ နင်ရှောင်လွှဲ ၊နင်ပဲမိုက်လှပြီ။

ယုတ္တိယုတ္တာ ၊နင်ဆင်ကာ ၊ဟန်သာနင်များသည်။

ဘုရားသွားသွား ၊ ကျောင်းသွားသွား ၊စိတ်ထားနင်မကြည်။

ဒါနသိလာ ၊ နင်ပြုတာ ၊စေတနာဇောမကြည်။

သို့ပြင်ပြုလို့ ၊နင်ကုသိုလ် ၊ဘယ်ကိုသွားလိမ့်မည်။

လောကုတ္တရာ ၊ မြိုက်သြဇာ ၊ နင်သာဝေးလှပြီ။

ဇောစိတ်သန်သန် ၊ကုသိုလ်မှန် ၊နင်ကြံပြု့ရမည်။

သို့ပြုမှသာ ၊ပြည်ခေမာ ၊ နင်သာနီးရမည်။

ဤသို့စုံစေ့ ၊ ပြန်လှန်၍ ၊ စေ့စေ့နှလုံးတည်။

အနမတဂ္ဂ ၊သံသာရ ၊ကြာလှလေကုန်ပြီ။

ဂဂါင်္ဝါလှ ၊ပမာပြု ၊သဲစုမကပြီ။

တဏှာ၏နောက် ၊တစ်ကောက်ကောက် လိုက်ထောက်မသင့်ပြီ။

တဏှာမြစ်မ ၊ ပင်လယ်ဝ ၊ နစ်ကြလေကုန်ပြီ။

တဏှာလည်းပွား ၊ဒုက္ခ များ ၊ သွား၍မဆုံးပြီ။





Read More...

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏သံဝေဂကမ္မဋ္ဌန်သံပေါက်(၆)

ြ်ဗဟ္မပြည်က အပ်ကိုချ ၊ မြေက အပ်တစ်စင်း။

အပ်သွားချင်သာ ၊ထိဖွယ်ရာ ၊ပမာမှတ်ကြမင်း။

နိယျနိက ၊ မြတ်ဓမ္မ ၊ ကြားရခဲ ၏မင်း။

သဒ္ဓါဗလ၀ ၊ ဒုလ္လဘ ၊ ရအောင် ခဲကြမင်း။

အရဘော်ခိုက် ၊လူတစ်သိုက် ၊ခဲလိုက်ကြကုန်မင်း။

ဤသို့ဘ၀ ၊ ဖြစ်သမျှ ၊ ရမည်ခဲ၏မင်း

ကိုယ်ဖို့ မိရ ၊ သည်နောက်တ ၊ဖြစ်တတ်ကြ၏မင်း။

ထူးမြတ်စွာလှ ၊လူ့ဘ၀ ၊နှမြောကြကုန်မင်း။

မြတ်သည်ကိုမှ ၊ မသိကြ ၊ဗာလနှလု့းသွင်း။

ဗာလဖြစ်က ၊လူပါပ ၊ကြာ့ာကုန်ပြီမင်း။

လူဖြစ်ကျိုးမျှ ၊မသိကြ ၊ဗာလနှလုံးသွင်း။


Read More...

Tuesday, June 10, 2008

ယဉ်တိုက်မှုဓာတ်ပုံများကိုကြည့်ရဲမှကြည့်ကြပါနော်။

မကြည့်ရသေးသူသူများအတွက် ယဉ်တိုက်မှုဓာတ်ပုံကို
http://www.scheurijzer.nl/flitspaal.htm ကိုနှိပ်ပြီးကြည့်ကြပါခင်ဗျာ။ကျတော်ကိုတော့နည်းနည်းလေးပဲကြည့်တယ်။ ကြည့်ရဲ့တဲ့သူအတွက်လာကြည့်ပါ။မကြည့်ရဲရင်မကြည့်ပါနဲ။

Read More...

Sunday, June 8, 2008

လူသားစားမီးကျောင်း





Read More...

Tuesday, May 27, 2008

မိဘကိုစော်ကား၍ ဒီလိုဖြစ်သွားတယ်။

သူမနာမည်က မနု။လူတကာက မနုအရှုးလိုခေါ်ကြတယ်။
ရှုးနေလို့ပါ။ဘာဖြစ်လို့လည်းဆိုတော့မိဘကိုစော်ကားမိလို့ပါ။


တစ်ချိန်တုန်းက မနုသည်ချမ်းချမ်းသာသာကိုနေနိုင်တယ်။အသက်အားဖြင့်၃၀၀န်းကျင့်ပေါ့။တီဗွီ၊အောက်စက်၊ နဲနေနိုင်တယ်။
ပြီးတော့လက်အရမ်းဖွာတယ်။အမျိုးတွေသူမအိမ်မှာဘာပဲ
စားလာစား၊ လာယူလာယူ ပေးလိုက်တယ်။အင်းချမ်းချမ်းသာသာနေနိုင်တော့ဘ၀င်မြင့်ချင်တာပေါ့နော်။

တစ်နေ့တော့မနုနှင့်မနုအမေဒေါ်ထားဝင်းနဲ့တို့က ကလေးကိစ္စနှင့်စကားအခြေအတင်များကြပါလေရော့။များရင်းများရင်းခြေတွေလက်လည်းပါကုန်တယ်။
ဒေါ်ထားဝင်းကသူ့သမီးမနုကိုပါးရိုက်လိုက်လေရာမနုက"ဟင် ငါကိုရိုက်ရမလားဆိုပြီး အမေကို
နပန်းဝင်လုံးပါလေရော့။ထမီတောင်တစ်ကွင်းလုံးကျွတ်အောင်အမေ
နှင့်သမီးလမ်းပေါ်မှာနပန်းလုံးနေကြတယ်။မနုကအမေကိုပါးရိုက်၊နားရိုက်။အမေကလည်း ဟမ် ငါကိုလုပ်ရမှာလားဆို ပြန်ရိုက်နှင့်။အို.. ရှုပ်ရှက်ခပ်နေကြပါပဲ။နောက်ဆုံးမနုယောကျာင်္း၊ရပ်လူကြီး ၊ ရွာလူကြီးတို့ခွဲပေးလိုက်ရတယ်။အင်း…ဒါကိစ္စနှင့်ပတ်သက်ပြီးအမေနှင့်သမီးစကားမပြောကြဘူ။အင်းတစ်နှစ်လောက်ကြာတော့မနုတဲ့ဘ၀က
ချမ်းချမ်းတဲ့နေက သိသိသာသာကိုစီးပွားရေးထိုးကျသွားပါတယ်။နောက်ဆုံးအိမ်မဲ့ရာမဲ့
တောင်ဖြစ်သွားတယ်။ဘယ်လိုလုပ်ပြီးဖြစ်သွားတာတောင်မသိဘူး။ပြီးတော့ အိမ်နီးနားချင်းနဲလည်းစောင်းမြောင်းပြောဆိုရာ
နေပြီးတောရန့်ဖြစ်ကြသေးတယ်။ရန်ဖြစ်ရင်းအိမ်နီးနားချင်းကလည်းမကျေနပ်လို့ဆို
ပြီး အိမ်ပေါ်ကို ခဲနှင့်ပစ်လိုက်တာ မနုခေါင်းကိုသွားထိပြီးမှန်ဗီရိုကိုသွားထိတယ်။အင်း..ဒါနဲပဲဦးနှောက်ထိပြီးမနုခေါင်းကသိပ်မမှန်ချင်တော့ဘူး။နောက်ပိုင်းစီးပွာရေးလည်းကျလာ
တော့စိတ်လည်းမမှန်တော့ဘူး။ပြည့်တန်ဆာဘ၀တောင်ရောက်လှနီး
ပါးတောင်စိတ်တောင်မမှန်တော့ဘူး။မနုမှာလည်းအိမ်ထောင်နှင့်လေ။
ကလေးကလေးယောက်။တစ်ယောက်ကမွေးပြီးဆုံးသွားတော့သုံး
ယောက်ပဲ ကျန်တော့တယ်။မနုရဲ့အကြီးဆုံးးသားကလည်းပြန်ခံပြော။ပြောမရဆိုမရဖြစ်နေတယ်။စိတ်လည်းမမှန်တော့ရပ်ကွက်မှာအော်ကျယ်အော်
ကျယ်နှင့်လျှောက်အော်။ရန်လိုက်ဖြစ်နေတော့ ကြာတော့ပတ်ဝန်းကျင်ကလည်းမခံနိုင်တော့ဒီမှာမနေခိုင်း ၊ ဟိုမှာမနေခိုင်းနှင့်။ယခုလက်ဆက်တော့မနုဘ၀ ဟာသားသမီးသုံးယောက်နှင့်ဘယ်မှာနေရာမှာမှန်းလည်းမသိ။နေစရာမရှိ
တော့ မိုးမြင်လေမြင် ကြယ်မြင် လမြင် ၊ အကာအရံမရှိ မှာယခုလက်ရှိနေရပါတယ်။သူ့ယောကျာင်္းကတော့ဈေးဖိုးတော့ပေးနေပါတယ်။တစ်ခါတုန်းကလည်းတိုင်စီဌားပြီးငွေမပေးပဲနှင့်ဆင်းသွားထိတောင်ဦးနှောက်မကောင်းတော့
ဘူး။သူသားသမီးတွေလည်း လမ်းမှာဖြစ်သလိုဖြစ်နေပြီး အနာတွေများလာတာပေါ့။မနုဘ၀ဟာအလွန်ဆိုးရွားလှပါတယ် .ဖြစ်သလိုအိပ်၊ဖြစ်သလိုစားနေရတယ်။အိပ်ယာတောင်ဘယ်မှာအိပ်ရမှန်းတောင်မသိဘူး။အင်း .မနုဟာမိဘကိုစော်ကားလို့ဒီလိုဖြစ်ခဲ့ပါတယ်။ကျတော်လည်းစိတ်မ
မကောင်းပါဘူး။ မိမိပြုသည့်ကံကိုယ်ထံပြန်ရောက်လာတတ်သည်ဟုစကားပုံတောင်ရှိသေးတယ်မဟုတ်လား။မနုဘ၀နောက်ဘ၀ဆက်တိုင်းဆက်တိုင်း ဒီလိုမဖြစ်ပါစေနှင့်လို့ကျတော်ဆုတောင်းရင်း…………………………

Read More...