သူမနာမည်က မနု။လူတကာက မနုအရှုးလိုခေါ်ကြတယ်။
ရှုးနေလို့ပါ။ဘာဖြစ်လို့လည်းဆိုတော့မိဘကိုစော်ကားမိလို့ပါ။
တစ်ချိန်တုန်းက မနုသည်ချမ်းချမ်းသာသာကိုနေနိုင်တယ်။အသက်အားဖြင့်၃၀၀န်းကျင့်ပေါ့။တီဗွီ၊အောက်စက်၊ နဲနေနိုင်တယ်။
ပြီးတော့လက်အရမ်းဖွာတယ်။အမျိုးတွေသူမအိမ်မှာဘာပဲ
စားလာစား၊ လာယူလာယူ ပေးလိုက်တယ်။အင်းချမ်းချမ်းသာသာနေနိုင်တော့ဘ၀င်မြင့်ချင်တာပေါ့နော်။
တစ်နေ့တော့မနုနှင့်မနုအမေဒေါ်ထားဝင်းနဲ့တို့က ကလေးကိစ္စနှင့်စကားအခြေအတင်များကြပါလေရော့။များရင်းများရင်းခြေတွေလက်လည်းပါကုန်တယ်။
ဒေါ်ထားဝင်းကသူ့သမီးမနုကိုပါးရိုက်လိုက်လေရာမနုက"ဟင် ငါကိုရိုက်ရမလားဆိုပြီး အမေကို
နပန်းဝင်လုံးပါလေရော့။ထမီတောင်တစ်ကွင်းလုံးကျွတ်အောင်အမေ
နှင့်သမီးလမ်းပေါ်မှာနပန်းလုံးနေကြတယ်။မနုကအမေကိုပါးရိုက်၊နားရိုက်။အမေကလည်း ဟမ် ငါကိုလုပ်ရမှာလားဆို ပြန်ရိုက်နှင့်။အို.. ရှုပ်ရှက်ခပ်နေကြပါပဲ။နောက်ဆုံးမနုယောကျာင်္း၊ရပ်လူကြီး ၊ ရွာလူကြီးတို့ခွဲပေးလိုက်ရတယ်။အင်း…ဒါကိစ္စနှင့်ပတ်သက်ပြီးအမေနှင့်သမီးစကားမပြောကြဘူ။အင်းတစ်နှစ်လောက်ကြာတော့မနုတဲ့ဘ၀က
ချမ်းချမ်းတဲ့နေက သိသိသာသာကိုစီးပွားရေးထိုးကျသွားပါတယ်။နောက်ဆုံးအိမ်မဲ့ရာမဲ့
တောင်ဖြစ်သွားတယ်။ဘယ်လိုလုပ်ပြီးဖြစ်သွားတာတောင်မသိဘူး။ပြီးတော့ အိမ်နီးနားချင်းနဲလည်းစောင်းမြောင်းပြောဆိုရာ
နေပြီးတောရန့်ဖြစ်ကြသေးတယ်။ရန်ဖြစ်ရင်းအိမ်နီးနားချင်းကလည်းမကျေနပ်လို့ဆို
ပြီး အိမ်ပေါ်ကို ခဲနှင့်ပစ်လိုက်တာ မနုခေါင်းကိုသွားထိပြီးမှန်ဗီရိုကိုသွားထိတယ်။အင်း..ဒါနဲပဲဦးနှောက်ထိပြီးမနုခေါင်းကသိပ်မမှန်ချင်တော့ဘူး။နောက်ပိုင်းစီးပွာရေးလည်းကျလာ
တော့စိတ်လည်းမမှန်တော့ဘူး။ပြည့်တန်ဆာဘ၀တောင်ရောက်လှနီး
ပါးတောင်စိတ်တောင်မမှန်တော့ဘူး။မနုမှာလည်းအိမ်ထောင်နှင့်လေ။
ကလေးကလေးယောက်။တစ်ယောက်ကမွေးပြီးဆုံးသွားတော့သုံး
ယောက်ပဲ ကျန်တော့တယ်။မနုရဲ့အကြီးဆုံးးသားကလည်းပြန်ခံပြော။ပြောမရဆိုမရဖြစ်နေတယ်။စိတ်လည်းမမှန်တော့ရပ်ကွက်မှာအော်ကျယ်အော်
ကျယ်နှင့်လျှောက်အော်။ရန်လိုက်ဖြစ်နေတော့ ကြာတော့ပတ်ဝန်းကျင်ကလည်းမခံနိုင်တော့ဒီမှာမနေခိုင်း ၊ ဟိုမှာမနေခိုင်းနှင့်။ယခုလက်ဆက်တော့မနုဘ၀ ဟာသားသမီးသုံးယောက်နှင့်ဘယ်မှာနေရာမှာမှန်းလည်းမသိ။နေစရာမရှိ
တော့ မိုးမြင်လေမြင် ကြယ်မြင် လမြင် ၊ အကာအရံမရှိ မှာယခုလက်ရှိနေရပါတယ်။သူ့ယောကျာင်္းကတော့ဈေးဖိုးတော့ပေးနေပါတယ်။တစ်ခါတုန်းကလည်းတိုင်စီဌားပြီးငွေမပေးပဲနှင့်ဆင်းသွားထိတောင်ဦးနှောက်မကောင်းတော့
ဘူး။သူသားသမီးတွေလည်း လမ်းမှာဖြစ်သလိုဖြစ်နေပြီး အနာတွေများလာတာပေါ့။မနုဘ၀ဟာအလွန်ဆိုးရွားလှပါတယ် .ဖြစ်သလိုအိပ်၊ဖြစ်သလိုစားနေရတယ်။အိပ်ယာတောင်ဘယ်မှာအိပ်ရမှန်းတောင်မသိဘူး။အင်း .မနုဟာမိဘကိုစော်ကားလို့ဒီလိုဖြစ်ခဲ့ပါတယ်။ကျတော်လည်းစိတ်မ
မကောင်းပါဘူး။ မိမိပြုသည့်ကံကိုယ်ထံပြန်ရောက်လာတတ်သည်ဟုစကားပုံတောင်ရှိသေးတယ်မဟုတ်လား။မနုဘ၀နောက်ဘ၀ဆက်တိုင်းဆက်တိုင်း ဒီလိုမဖြစ်ပါစေနှင့်လို့ကျတော်ဆုတောင်းရင်း…………………………

No comments:
Post a Comment