Sunday, March 16, 2008

မှန်ပြီဟုမယူဆသင့်သော အချက်(၁၀)ချက်

မာအနုဿဝေနတစ်ဆင့်စကား ပြောသံကြားကာမျှဖြင့် မှန်ပြီဟု မယူသင့်။ . . .
မှန်ပြီဟုမယူဆသင့်သော အချက်(၁၀)ချက်
၁။ မာအနုဿဝေနတစ်ဆင့်စကား ပြောသံကြားကာမျှဖြင့် မှန်ပြီဟု မယူသင့်။
၂။ မာပရမ္ပရာယဘိုးဘေးအစဉ်အဆက်စကားမျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၃။ မာက္ကုတိကိရာယဤသို့ ဖြစ်ဖူးသတတ်ဟူသော ရှေးစကား(ရာဇ၀င်သမိုင်းထောက်အထား) မျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၎။ မာပိဋကသမ္ပဒါနေနပိဋကတ်စာပေနှင့်ညီညွတ်ဟုလည်းမှန်ပြီဟုမယူသင့်။
၅။ မာတက္ကဟေတုကြံဆတွေးတော၍ ယူခြင်း (တက္ကဗေဒ) မျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၆။ မာနယဟေတုနည်းမှီးယူခြင်းမျှဖြင့်လည်း မှန်ပြီဟု မယူသင့်။
၇။ မာအာကာရပရိဝိတက္ကေနအခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မှန်ပြီဟု မယူသင့်။
၈။ မာဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာငါ့တို့ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့်တူညီပေသည်ဟူ၍လည်း မှန်ပြီဟု မယူသင့်။
၉။ မာဘဗ္ဗရူပတာယမှတ်ယူထိုက်သော သဘောရှိကာမျှဖြင့်လည်းမှန်ပြီဟု မယူသင့်။
၁၀။ မာသမဏောနောဂရုငါတို့လေးစားသောရဟန်း၏ စကားဟူ၍လည်း မှန်ပြီဟုမယူသင့်။ တို့ဖြစ်ပါတယ်။

No comments: