Wednesday, April 30, 2008

မှတ်အပ်မှတ်ရာ-(4)

ကိုယ်အားကိုယ့်ကိုး
သင့်အား မည်သူမျှအပေါ်အမြင့်သို့ရောက်အောင် ကြိုးဖြင့်ဆွဲမတင်နိုင်။ကြိုးကိုကြာကြာဆုပ်ကိုင်မထား နိုင်သော အကြောင်းအကြောင့်ပင်သင်ပြုတ်ကျမည်ဖြသ်၏။သို့သော် ကိုယ့်ခြေထောက်ပေါ် ကိုယ့်ရပ်၍တက်လျှင်ကား အမြင့်ဆုံးတောင်ထိပ် သို့ ရောက်အောင်ပင် သင်တက်နိုင်မည်၏


ခေါင်းဆောင်
သြဇာပေးမည့်သူကိုမည်သူမျှအလိုမရှိ။ခေါင်းဆောင်ကောင်းကိုကား
လူတိုင်းအလိုရှိ၏။


ယိုပေါက်သေးသေးဒုက္ခပေးတတ်သည်

အသေးအဖွဲအသုံးစရိတ်ဆိုသည်များကိုသတ
ိထားပါ။အပေါက်ကလေးသေးသေးမှတစိမ့်စိမ့်စီးဝင်ရင်းသဘောင်္တစ်စီးလုံးနစ်မြုတ်သွားတတ်သည်။

သူ့တန်ဖိုး
ငွေသည်သင့်အားချမ်းသာသုခကိုမပေးနိုင် ၊ သို့သော်အာရုံကြောများကိုကားငြိမ်သက်စေနိုင်ပေသည်။

ပါးစပ်
လောက၌အများဆုံးမှား၍ဖွင့်မိသောအရာသည်လူ၏ပါးစပ်ပင်ဖြစ်၏။
နှုတ်ကြောင့်သေ
လျှာဟူသည်သုံးလက်မမျှသာ၇ှည်၏။သို့သော်အရပ်ခြောက်ပေရှည်
သောလူတစ်ယောက်ကိုသေအောင်သတ်နိုင်၏။

ကိုယ့်စကားကိုကိုယ့်နားလည်ပါ

သင့်ပြောမည့်စကား၏ဆိုလိုရင်းကိုသိအောင်ဦးစွာလေ့လာပါ။ ပြီးတော့မှပြောပါ။

နားထောင်ခြင်းပို၍
သင်သည်မည်သည်အလုပ်မျိုးကိုလုပ်ကိုင်သူဖြစ်ပါစေ၊စကားပြောခြင်းထက်နားထောင်ခြင်းကသင့်အတွက်အမြဲပို၍အကျိုးရှိပါသည်။

နှလုံးသားနှင့်နှုတ်ဖျား

ပညာရှိ၏နှုတ်ခမ်းသည်နှလုံးသားထဲတွင်ကိန်းအောင်း၏။သူမိုက်၏
နှလုံးသားကားသူ့နှုတ်ဖျားမှာပင်တည်ချေသည်။

တိတ်တိတ်နေထောင်တန်
ဆိတ်ဆိတ်နေပါ။ သို့မဟုတ် ဆိတ်ဆိတ်နေခြင်းထက်ပို၍တန်ဖိုးရှိသောစကားကိုဆိုပါ။

No comments: