Wednesday, April 30, 2008

စိတ်ဓာတ်

ဖြစ်စရာရှိသည့်အတိုင်းပင်သင်ဖြစ်ရလိမ့်မည်။
မအောင်မြင်မှုကသူ၏အကြောင်းရင်းကို
ပတ်ဝန်းကျင်ဆိုသည့်
အရေးမပါသောစကားလုံးမှာ ရှာဖွေကာ
နှစ်သိမ့်မှုပေးနေမည်ဖြစ်သော်လည်း
စိတ်ဓာတ်ကမှု
ယင်းကိုမထေမဲ့မြင့်ပြုကာ
လွတ်လပ်စွာပင်ရပ်တည်သည်။
သူသည်အချိန်ကာလကိုစိုးမိုးသည်။
နေရာဌာနကိုလည်းအောင်နိုင်သည်။
ကံကြမ္မာတည်းဟူသောဝင့်ကြွားတတ်သူ
လူလှည့်စားကို
ချိုးနှိမ်ငြိမ်ဝပ်စေသည်။
အခြေအနေအကြောင်းခြင်းရာတည်းဟူသော
အာဏာရှင်ဘုရင်မင်းကို
သရဖူဖြုတ်ပယ်ကာ
အစေပါးအဖြစ်ခစားစေသည်။
မသေဆုံးနိုင်သောနာမ်ဝိညာဉ်မှပေါက်ဖွားခဲ့သ့်။
စိတ်ဓာတ်တည်းဟူသော
မမြင်ရသည့်စွမ်းအား၊
သည်စွမ်းအားသည်
ရည်မှန်းချက်ပန်းတိုင်သို့သွားရာလမ်းတွင်
ကျောက်သားနံရံခြားထားသော်လည်း
ထွင်းဖောင်၍သွားမည်ပင်။
ထို့ကြောင့်ဖြစ်လိုရာမဖြစ်သေးဘဲ
နှောင့်နှေးကြန့်ကြာနေသည့်ကာလမျိုးတွင်
နှေးကွေးလှဘိဟုညည်းညူမြည်တမ်းမှုမပြုပါနှင့်။
နားလည်မှုပီသစွာ
စောင့်စည်းသည်းခံပါ။
စိတ်ဝိညာဉ်ကြိုးကြွနိုးထပြီး
အရာရာကိုစီမံခန့်ခွဲပြီဆိုလျှင်
နတ်ဒေ၀တာများမကျန်
နာခံရန်အသင့်ရှိကြမည်သာပင်။

1 comment:

Anonymous said...

နတ်ဒေ၀တာများမကျန် ..ဆိုပါလား..
စာသားတွေကောင်းတယ်ဗျာ..
အားပေးလျှက်ပါ..