Saturday, October 18, 2008

G-Talk ကဗျာတစ်ပုဒ်

တစ်ယေက်နဲ့တစ်ယောက်မမြင်ရပေမဲ့
ချစ်ကျွမ်းတွေ ၀င်လာကြတဲ့
အွန်လိုင်းက ယူဆာမတွေ
ယူတကာမ ကြွေ နိုင်လောက်တဲ့
မှုယာမာယာတွေကြားမှာ
နစ်မြောနေကြ။

ဟဲလို!
ယူကို့တို့မမုန်းပါဘူး
ချစ်နေတုန်းပါပဲ ၇ယ်လို့
အထီးအမ မသေချာ
မရေရာ စမ်းတ၀ါးဝါးနဲ့
ပြောကြတဲ့သူ့စကားတွေ
မုသားချွေနေနေပေမယ့်
မြွေမြွေချင်းပါဗျာ
ခြေမြင်ကြတာပေါ့

တစ်ချို့ကပြောကြတယ်ဗျာ
နင်မမိုက်ပါဘူး။
Invite လုပ်နေတာကိုတောင်
ဘ၀င်စိုက်ပြီး အဖက်မတန်လို့
Accept ပြန်မလိုတာလားတဲ့ဗျာ။


တစ်ချို့ကဒီလိုဗျာ
၇ီငိုကအပလီငိုတတ်ကြ။
ချစ်သူကပစ်ကာထားလိ
လစ်ဟာသွားတဲ့နှလု့းသားနေရာမှာ
အမုန်းတရား တွေပစ်ထားပယ်လို့
ချစ်ပါတယ်ဆိုတဲ့စကားလေး
ယူ့ဆီကကြားချင်တယ်တဲ့
ခိုက်တယ်ဗျာ။



အင်း နောက်တစ်ချို့ဆိုသူက
ဟောင်းအာယူ
ု့ဟောင်းအအောက်ယော်ဂျော့တဲ့
တော်တော်ကို Talk တတ်သူတွေရှိသလို
တစ်ဦးကိုတစ်ဦးချစ်ကျွမ်းဝင်နေစဉ်
ကွန်နက်ရှင်ကောင်းပါစေကြောင်း
ဆုမွန်ကောင်းတောင်းတဲ့လူတွေလည်း
ရှိတတ်ပါသတဲ့။


ရှုပ်ပါတယ်ကွာ
လုပ်စရာတွေကျန်သေးလို့
မြန်မြန်လေးပိုးတော့မယ်
တစ်မျိုးတော့မထင်ပါနဲ့
တမင်တကာမရက်စက်ပါဘူး။
အက်တာနက်က သူငယ်ချင်းတွေကို
နှုတ်ဆက်လို့ ဒိုးတော့မယ်ဗျာ
ဆီးယူတူမောရိုး။







သူငယ်ချင်းတစ်ယောက်ကပို့ထားခြင်းဖြစ်ပါတယ်။

2 comments:

မသက်ဇင် said...

"G-Talk ကဗျာတစ်ပုဒ်"

ကဗျာလေးကို လာဖတ်ပါတယ်----
ပို့ထားတဲ့ သူငယ်ချင်းက သူတကယ်
ဂျီတော့မှာ တွေ့ကြုံ လို့ ရေးထားပုံရပါတယ်--

အကြံတခုပေးချင်တယ်---ဓါတ်ပုံတွေက--
ကြောက်စရာနော်---ရသ ၊ ကဗျာ၊ သုတ တွေ
ရေးပါလား--
အကြံပြုတာပါ--စိတ်မဆိုးပါနဲ့နော်--

တက်လူငယ် said...

မှန်တယ်ဗျို့ ဓါတ်ပုံတွေက ကြောက်စရာကောင်းလွန်းတယ်ဗျ။ သိစေချင်လို့ဖြန့်ဝေပေးထားတာတော့ကောင်းပါတယ်ဗျာ။ ဘလော့ဂ်ထဲကိုဝင်ဝင်ချင်းဒါတွေကိုမြင်လိုက်ရတော့ အဋိတ်ဌာရုံတစ်ခုလိုပဲဗျာ။ စိတ်မဆိုးပါနဲ့။ မြင်မိလို့ အကြံပြုခြင်းဖြစ်ပါတယ်။
"G-Talk ကဗျာတစ်ပုဒ်"
ဒါလေးတော့ကြိုက်တယ်ဗျာ။ ကာရံလေးတွေပါတယ်။