Friday, January 4, 2008

လူဖြစ်စဉ်တန်း

လူရဲ့ဖြစ်စဉ်ကိုကြည့်လျှင် ကလေးကနေ လူငယ်၊ လူငယ်ကနေ လူလတ် နဲ့ လူလတ်နဲ့ကနေလူကြီးဖြစ်လာတာပဲ။ရှင်းရှင်းလေး။
လူဟာမိမိပတ်ဝန်းကျင်ထဲမှာကြီးပြင်းလာရာက ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုနဲ့ လွှမ်းမိုးမှုကိုမလွဲမသွေ ခံရစမြဲ ။တံငါနားနေတံငါ ၊မုဆိုးနားနီးမုဆိုး ဆိုရိုးစကားရှိတယ်မဟုတ်လား။ ကလေးရဲ့ပတ်ဝန်းကျင်ထဲမှာ အနီးကပ်ဆုံးကအမေ။အမေကကိုးလလွယ် ဆယ်လမွေး လာတဲ့မိမိကလေးရဲ့ချေးသေး တို့ကိုသုတ်သင်ပေးရတဲ့အပြင် ရင်ခွင် ထဲမှာ ပိုက်ထွေးပြီးနို့ချိုတိုက်ကျွေးရသေးတယ်။မိဘသာသုံးနှုန်းပြီးဘမိ မသုံးနှုန်းလို့အမေကအရင်လေ။
ပုခက်လွှဲတဲ့မိခင်လက်ဟာကမ္ဘာကိုအုပ်စိုးနိုင်တယ် ဆိုထားလို့ မိခင်ကအုပ်စိုးမှာမဟုတ်ဘဲ အနီးကပ်ဆုံးရှိတဲ့မိခင်လက်နဲ့လွှဲပေးတဲ့ပုခက်ထဲရှိကလေးကိုမိခင်ဆိုဆုံးမတဲ့အပေါ်တည်ပြီးမိခင်ကောင်းရင် သူ့ကလေးပါကောင်းတယ်လို့ဆိုလိုတာဖြစ်တယ်။၏
သိနေ၊ တွေ့နေ ၊ ကြုံနေကြမှာပါ ။ မိခင်အလှကြိုက်ရင်သူ့ကလေးလည်း အလှကြိုက်တာပဲ။မိခင်စရိုက်ကြမ်းရင်သူ့ကလေးည်း စရိုက်ကြမ်းတာပဲ.မိခင်တိုင်းကလေးတိုင်းဒီလိုမဖြစ်ကြပါဘူးလို့ ငြင်းရင်းအများနဲ့အနည်းရှိစမြဲ ဖြစ်ပေမယ့် အများကများစမြဲ။ကလေးတိုင်းစကားပြောတတ်ရင်သူ့ပတ်ဝန်းကျင်မှာမိခင်သာအနီးကပ်မဟုတ်တော့ဘဲဖခင်၊ ညီအစ်ကို မောင်နှမ ၊ အဘိုးအဘွား ၊ အဒေါ် ဦးလေး တို့အထိ ကျယ်ပြန့်လာရော။နောက်ပိုင်းမှာသူငယ်ချင်းကျောင်းသွား
ဖော်၊ ကျောင်းသွားဘက် ရယ်လို့ပတ်ဝန်းကျင်ပိုကျယ်ပြန့်လာ
တာဓမ္မတာ။အဲဒီလိုပတ်ဝန်းကျင် ကျယ်ပြန့်လာလေ သူငယ်ချင်းတွေ၊ ကျောင်းသွားဖော်သွားဖက်တွေ အပြင်ကျောင်းနေဘက်တွေ ပါတိုးလာပြီ။
ဒီလိုအချိန်ကာလမှာ ကိုယ့်ကလေးဟာ လူငယ်ပိုင်းကိုရောက်လာပြီမို့ လူငယ်ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုနဲ့လွှမ်းမိုးမှုကိုခံရစပြုလာတာကို မိဘမောင်နှမ တွေက သိထားဖို့လိုတယ် ။ သိထားဖို့လိုတဲ့အထဲမှာအဓိကအချက်ကသူငယ်ချင်းအကောင်းနဲအဆိုးကိုခွဲခြားသိပြီးကိုယ့်သားသမီးကိုသူငယ်ချင်းကောင်း
တွေနဲ့ပေါင်းသင်းသွားလာဖို့ရှင်းပြရမယ်။ဒီလူငယ်အရွယ်မှာသူငယ်ချင်းကိုခင်မင်ရင်းနှီးတာသဘာဝပဲ။အိမ်မှာနေရင်အကန့်
အသတ်နဲ့ဘောင်ရှိနေပြီးသူငယ်ချင်းတွေနဲ့ သွားလာပြောဆိုပြုမှုကြရာမှာပိုပြီးလွပ်လပ်တော့သူငယ်ချင်းတွေကိုပိုမိုခင်မင်ရင်းနှီးတဲ့သဘောရှိတာကိုမိဘမောင်နှမတွေကနားလည်ကြရမယ်။ဒါကြောင့်ပတ်ဝန်းကျင်ရှိသူငယ်ချင်းတွေထဲကကောင်းတဲ့သူငယ်ချင်းတွေရှိကြရင်ကိုယ့်သားသမီးတွေလည်းကောင်းသလိုဆိုးတဲ့သူတွေရှိရင်လိုက်ဆိုးကြရောပဲ။
ဒဲဒီလိုဆိုးလာကြရင် လူကြီးမိဘတွေကြိမ်းလားမောင်းလား ရိုက်လား ၊ နှက်လား လုပ်တတ်ကြရဲ့ ။ သေသေချာချာစဉ်းစားကြည့်ရင် ဘယ်ကလေးမှ မွေးကတည်းက ဆိုးတာမဟုတ်ဘဲ ပတ်ဝန်းကျင်ထဲမှာ ဖခင် မောင်နှမ နဲ့ လူကြီးတွေဖြစ်လို့ဆိုးသွမ်းလူငယ်ဖြစ်ရတာပထမ နဲ့ အဓိကတရားခံတွေဟာမိဘနဲ့လူကြီးတွေပဲ။မိဘလူကြီးတွေ
ကိုယ့်ကိုယ်ကိုမညှာမတာဝေဖန်စကြည့်ရင်မှန်နေတာတွေ့ရ
လိမ့်မယ်။ကျောင်းကခဲတံခဲဖျက်စတာကလေးတွေခိုးယူလာတဲ့သားကိုအမေအားပေးလာရာကအဲဒီသားအရွယ်ရောက်ပြီး ဓားပြမှုနဲ့ထောင်ကျတဲ့အခါ သားကအမေကိုတိုးတိုးကလေးပြောစရာရှိတယ်လို့ သားပါးစပ်နားနီးစပ်အောင် အမေကနားကပ်ပေးတော့သားကအမေ့နားရွက်ကိုကိုက်ဖြတ်လိုက်ပြီး သားငယ်ငယ်တုန်းကခိုးတာကိုမဆုံးမဘဲအားပေးတဲ့အမေ
ကြောင့်သားအခုဓားပြမှုနဲ့အဖမ်းခံထောင်ကျတာ တဲ့။အမေကိုသားကပညာပေးလိုက်တာပဲ။ထို့ကြောင့်ချစ်တာနဲ့နှစ်တာကိုခွဲခြားသိနိုင်ကြပါစေလို့။
အရေးကြီးဆုံးသိထားပြီး စံပြဖို့လိုတာက လူငယ်ကလူလတ်နဲ့ လူကြီး ပတ်ဝန်းကျင် ထဲမှာ ကြီးပြင်းလာရတာမို့လူလတ်နဲ့လူကြီးတွေကလူငယ်တွေလေးစားတဲ့အနေအထားရှိနေကြရမှာဖြစ်တယ်။လူငယ်ဟာသိချင်ယတ်။တတ်ချင်တယ် ။ တီထွင်ချင်တယ် ။ တက်ကြွတယ် ။စွန့်စားရဲတယ် ။ စွန့်လွတ်ရဲတယ် ။ ဒါတွေအားလုံးကိုချုပ်လိုက်ရင် လူငယ်ဟာပြတ်သားတယ်။
လူလတ်ဟာလူငယ်ရဲ့အားမာန်ကိုရယူချင်တယ် ။လူကြီးကိုလည်းအားကိုးအားထားချင်တယ်။ဒီတော့လူလတ်ဟာလူငယ်နဲ့လူကြီးကြားဟိုလိုဒီလိုလိုနဲ့ဖြစ်နေရော။ဒါတွေ
အားလုံးကိုချုပ်လိုက်ရင်လူလတ်ဟာလူငယ်နဲ့လူကြီးကြားမှာလပ်နေတယ်။
လူကြီးကတော့ ငါလူကြီးလို့ အထက်စီးရချင်တယ် ။အခွင့်ထူးခံဖြစ်ချင်တယ်။ဘ၀င်မြင့်ချင်တယ်။နေရာတကာအထူးသဖြင့် မိမိသားသမီး ဆွေမျိုးတွေအပေါ်ဗိုလ်ကျလွှမ်းမိုးချင်တယ်။ငါလူကြီး ငါခိုင်းတဲ့အတိုင်းလုပ် ဒါပဲ လို့အမိန့်ပေးချင်တယ် ။ဇရာအိုလာတော့စေတနာထက်ဘယာကြောင့်ဘာသာရေး
ဘက်ကူးလာရော ။ မတော်မတရားတွေအနိုင်ကျင့်မှုတွေများခဲ့လေလေ သေရမှာ နီးလာလေလေ ဘုရားထီးကို တအားမှီ တော့တာပဲ။ဒါကြောင့် လူငယ် လူလတ်နဲ့ လူကြီးထဲက နေ နိုင်ငံတကာမှာ လူငယ်ဟာအနာဂတ်ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ယုံကြည့်ကြ
ပြီးလူငယ်ပြုစူပျိုးထောင်ရေးကိုဦးစားပေးလုပ်ဆောင်နေကြတာဖြစ်တယ်။
အင်း….လူငယ်တွေကတော့ အားကောင်းကောင်းမောင်းသန်ကြားတက်ကြွစွန့်စွန့်စားစားရှိ
ကြတယ်။ရာထူးတို့ငွေတို့ရဖို့စိတ်မရှိကြဘူး။
ဘာတဲ့ သေမြေကြီး ရှင်ရွှေထီး ဆိုရိုးစကားဟာ လူငယ်တွေအတွက်ပဲ။ကိုင်း ..လူငယ်အပေါင်းတို့မြေကြီးနဲ့ရွှေထီးဘယ်ဟာရွှေးကြမလဲ။
အရေးကြီးဆုံးက အရှိန်အဟုန် နဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ICTကတယ်ခေတ်မီတဲ့Englishနဲ့
အမီလိုက်ကြပေတော့ ။မမီလို့ကတော့ထီခနဲဆိုတာနဲ့အကွဲပဲ။ အပြဲပဲ။ အလဲပဲ ။………….အဲ… အဲ မြေကြီးပဲ။

No comments: