Wednesday, January 30, 2008

မြန်မာတို့ရဲ့ အလှူစိတ်ဓာတ်

မြန်မာတွေရဲ့အလှူဟာ ကမ္ဘာသိဖြစ်ပါတယ်။နိုင်ငံခြားဆောင်းပါးတစ်ပုဒ်က ရွှေတိဂုံစေတီတော်မှာ မြန်မာတွေလှူထားတဲ့ ရွှေတန်ချိန်ဟာ 63တန်ရှိတယ်လို့ ဆိုပါတယ် ။ဒီရွှေတန်ချိန်ကို ကာလပေါက်ဈေးနဲတွက်ရင်ဒေါ်လာဘီလီယံချီရှိပါတယ်။ရွှေတိဂုံစေတီတော်တစ်ဆူတည်းနဲ့တင် မြန်မာပြည်ဟာ အရှေ့တောင်အာရှနိုင်ငံမှာ အချမ်းသားဆုံးဖြစ်ပါတယ် ။ သမိုင်းနဲ့ချီခဲ့တဲ့ မြန်မာတွေရဲ့ဒါနဖြစ်ပါတယ်။
လူမှုဗေဒပညာရှင်နဲ့ မနုဿဗေဒပညာရှင်တွေကတော့ မြန်မာတို့ရဲ့ဒါနစိတ်ကိုလှုမှုစီးပွားရေးဘက်မှာပါ ထပ်ဖြည့်ထည့်လိုက်ရင်မြန်မာပြည့်ရဲ့ လှုမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးမှုကို အများကြီး တိုးမြှင့်သွားနိုင်တယ် လို့ ထောက်ပြကြတယ်။
တစ်ချို့ပညာရှင်တွေကျပြန်တော့ ဒါကိုပဲ တစ်မျိုး ကောက်ယူကြတယ် ။ဆင်းရဲ့နေတဲ့သူများ ၊ ဘ၀ကံမကောင်းလို့ဒုက္ခဖြစ်နေကြရသူများ ၊ ကျောင်း၊ ဆေးရုံတွေ ထက်ဘာသာရေးဘက်မှာ အဆများစွာ ပိုလှူနေကြတာကိုပညာရှင်တစ်ယောက်ကမြန်မာတွေဟာမေတ္တာ ၊ ကရုဏာနည်းပါတယ်လို့ကောက်ချက်ချဖူးပါတယ် ။
ဒါကိုစပိုင်ရိုကလက်မခံပါဘူး။မြန်မာတွေဟာ ဇာတကနဲကြီးပြင်းခဲ့ကြသူတွေဖြစ်တယ် ။ဘုရားရှင် ရဲ့ ဘ၀ဖြစ်စဉ်တွေကိုကြည့်ရင်စွန့်လွန်မှု ။ အနစ်နာခံမှု ။မေတ္တာနဲ့ကရုဏာကြီးမားမှုတွေချည်းဖြစ်တယ် ။မြန်မာတွေဟာအဲဒီ စိတ်ဓာတ်တွေနဲ့ရင်းနှီးပြီး ဖြစ်တယ်။ဘာသာရေးဆိုင်ရာ အလှုဒါနတွေကဲနေတာကတော့ အလှူ ၊ ကုသိုလ် ၊ဒါန ပေါ်တွင်စိတ်အားထက်သန်နေကြောင်း၊ အခြားကုသိုလ်ရေးထက်ဘာဘသာရေးဘာကိုကုသိုလ်ပြုရတာလွယ်ကူကြောင်းဖြစ်တယ်လို့မှတ်ချက်ချတယ် ။
ဘယ်လိုပဲမြင်မြင် စိတ်ထားတတ်ရင်ဒါန ဟာအကျိုးနှစ်ရပ်ဖြစ်ထွန်းစေတယ်လို့ ဆရာတော် အရှင် တိဿလက နိုင်ငံခြားသားတွေကိုဟောပြဖူးပါတယ် ။အဲဒီအကျိုးနှစ်ရပ်ကတော့" တစ်ဖက်မှာ ယုတ်ညံ့တဲ့ အတ္တစိတ်ကိုဟန့်တား ပေးပြီး အခြားတစ်ဖက်မှာ စင်ကြယ်တဲ့ အတ္တကင်းစိတ်ကို တိုးပွား" စေခြင်းပါပဲ။ထို့ကြောင့် မြန်မာတို့ အလှူဒါန စိတ် ကမ္ဘပေါ်မှာမရှိပါဘူး။ထို့ကြောင့်မြန်မာတို့ရဲကအလှူစိတ်ဓာတ်ဟာဂုဏ်ဘာပဲပြောကြပြောကြယူစရာကောင်းလှပါသည်။

No comments: