Monday, January 21, 2008

စိတ်၏အမိန့်

အောင်မြင်ခြင်းကို အဝေးသို့ မထားနှင့်၊ယခုလက်ငင်း လုပ်သော အလုပ်တွေကို တစ်ခုပြီး တစ်ခု အောင်ရမည်ဟုစူးစိုက်စွာလုပ် ၊ စူးစိုက် စွာအမိန့်ပေးလေ။ အလုပ်တစ်ခုပြီးတစ်ခုအောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသောလှေခါးများဖြစ်လေသည်။ စိတ်မပျက်သမျှ စီးပွားဥစ္စာ ကျန်းမာခြင်းပါ ပျက်သောလည်း ကြောက်စရာမလိုချေ ။စိတ်အားပျက်မှ အကုန်ပျက်၏ ။"ပျက်လျှင်အစဉ် ၊ ပျက်လျှင်ခဏ" မသေမချင်း အားမလျှော့ရ ၊ ဖြစ်ရမည် ။ ဟူသောစိတ်ကို အမြဲထားပါလေ ။အပျက်ကို မတွေးလေနှင့်။ မထင်နဲ့လေ။အတွေးအထင်သည် ကမ္ဘာပေါ် အဆိပ်အထန်ဆုံးဖြစ်သည်။စိတ်ကြွယ်ဝမှ လူကြွယ်ဝ၏ ။ စိတ်မွဲလျှင် လူမွဲတတ်လေသည် ။ အိပ်ရာထ မလေးစေရ ၊နိုးလျှင် ထတတ်သော အကျင့် ကိုဖြစ်စေရမည် ။ အိပ်ပျော်ခါနီး တွင် ငါ ဘယ်အချန်နိုးမည်ဟုပျော်သည့်တိုင်အောင်အမိန့်ပေးလေ။ အချိန်မှန်အောင် ကြိုးစားလေ ။အချိန်မှန်ဖို့ ကို အမိန့်ပေးလေ ။ စိတ်လေလွင့်ခြင်းသည် အချိန်မမှန်ခြင်းကိုဖြစ်စေတတ်၏ ။ရည်ရွယ်ချက် တစ်ခုကိုအမြဲတည်စွာထား။ထို့ရည်ရွယ်ချက်သို့ပေါက် ရောက်စေမည့်အရာဟူသမျှကိုရှာကြံလုပ်ကိုင်လေ။ အောင်မြင်ခြင်းကို အဝေးသို့မထားပါနှင့် ။ယခုလက်ငင်း လုပ်သောအလုပ်တွေကို တစ်ခုပြီးတစ်ခု အောင်ရမညဟု စူးစိုက် စွာအမိန့်ပေးလေ ။ အလုပ် တစ်ခုပြီး တစ်ခုအောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသော လှေခါးများဖြစ်ကြလေသည်။ အလုပ်ကြီးတစ်ခုခုကိုလုပ်ရာတွင် အလုပ်၏ အစိတ်အပိုင်း တွေများစွာရှိ၏ ။ထို အလုပ်ကြီး တစ်ခုလုံး၏ အောင်မြင်ခြင်း ဖြစ်ဖို့ရန် ထိုအစိတ်အပိုင်းတွေကို ရှေးဦးပထမ တစ်ခုပြီးတစ်ခ အောင် မြင်ကြိုးစားရမည် ။ မိမိ၏ အလုပ်မျးတွင်အစီအစဉ် ရှိစေရမည် ။အစီအစဉ် မရှိ လျှင် ရှုပ် ပွေပြီးနေလိမ့်မည် ။ရှုပ်ပွေ အားကြီးလျှင် အလုပ်လုပ်လေ ။အလုပ် သည် အရှုပ် ကို အရှင်းဖြစ်စေ၏ ။ မိမိကိုယ်ကိုမိမိရိုသေရမည် ။ထိုအခါ ကမ္ဘာ လောကသည် ပိုမို ပြီးရို သေလိမ့်မည် ။

No comments: