Friday, January 18, 2008

ဘိတ်-လွမ်းချင်း

ဆယ်စုနှစ်……..နှစ်ခါခွဲ
ကျွန်တော်တို့မြို့လေးက
ရေတွေဝိုင်းတုန်းပါပဲ ရေတက်ရေကျမရှိ
မြို့သူမြို့သားများ…..မနက်တိုင်းကိုက်ကျေးကိုက်
ကျွန်စဖြစ်တဲ့ နိုင်ငံရဲ့တစ်ဖက်တဲ့ခြေထောက် မောရစ်ကောလစ်ရောက်တယ်
ရဲဘော်သုံးကျိပ်ရဲ့ချိုင်းထောက် မင်းကွန်းဆရာတော်ကြီးလဲရောက်တယ်
ဒီရေတောများစိမ်းတယ် ရော်ဘာတောများစိမ်းတယ်
ဒူးရင်းသီးလည်းပေါတယ် တညင်းသီးလည်းပေါတယ်
ငပိလည်းပေါတယ် ဘိတ်ကလာတဲ့ “ ငံပြာရည် “ စားဖူးသူများရယ်လို့
စားဖူးသူများရယ်လို့
မောင်သီ ၊ လွင်မိုး ၊ မေသန်းနု ကျွန်းရဲ့ပုလဲများ
ခွာရခက် မုတ်ကောင်ထဲ ၀င်အောင်းခွင့်ရတဲ့…….ရတနာ ရေကြာကြာလည်းငုတ်နိုင်ရမည် ဇာတိကိုငုတ်မပြုနိုင်သေး ဘုရားပေါ်က
ပင်လယ်ကြီးကိုငေးကြည့်တဲ့ မြိတ်မြို့လေးရဲ့ အလှဟာ
မြင်သူတိုင်းငေးနိုင်သော မြို့လေးတစ်မြို့ပါပဲ

No comments: