Monday, January 28, 2008

ရွေးချယ်ခွင့်

သူငယ်ချင်း
မင်းသိတဲ့အတိုင်း။

စည်းစိမ်ဥစ္စာ
ရတနာတောင်ထု၊ ပိုင်ဆိုင်မှုကို
အကြောင်းပြုပြီးလည်းကောင်း

အတတ်လည်းရှိ
အသိပညာလည်းပါ
ကျွမ်းကျင်လာမှု
အကြောင်းပြုပြီးလည်းကောင်း

ဂုဏ်တွေ၊ သိက္ခာတွေ
ပင်လယ်ရေမက၊ လဟာလေမက
မြေမက ၊မိုးမက
ရှိကြသည့်အထဲ။

ဂုဏ်သိက္ခာကို
ကြိုက်ရာရွေးခွင့်
ပေးသဖြင့်ငါ၊ရနိုင်ပါမှု။

မိုက်တယ်ပြောပြော
တုံးတယ်ပြောပြော
အတယ်ပြောပြော

အတတ်လည်းရှိ
အသိပညာကျွမ်းကျင်ရာ၏။
သိက္ခာနှင့်ဂုဏ် ၊ အစွမ်းကုန်ပါ
ရှာယူမှာတည့်။

ဘာပဲပြောပြော
ဘယ်သူပဲပြောပြော
ဘယ်လို့ပဲပြောပြော
ပြောချင်ရာပြောသူငယ်ချင်း။ ။


ဒီကဗျာလေးကိုကျွန်တော်ကြိုက်လို့တင်ထားတာလေ။
ဘယ်လို့လဲ။

1 comment:

Smilemay said...

အတတ်လည်းရှိ
အသိပညာကျွမ်းကျင်ရာ၏။
သိက္ခာနှင့်ဂုဏ် ၊ အစွမ်းကုန်ပါ
ရှာယူမှာတည့်။

လူသေးသွားပေမဲ့လည်း နာမည် မသေဖို့အတွက် ကိုယ့်သိက္ခာ တွေကိုတော့ စောင့်ထိမ်းရမယ်