Friday, January 18, 2008

ဓမ္မဒူတအရှင်ဆေကိန္ဒရဲ့ အသိပေးစကားစုများ

မိတ်ဆွေတို့
ဓမ္မဒူတအရှင်ဆေကိန္ဒက
" စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့ စိတ်နဲ လဲလိုက်ပါ။
ရှုပ်နေရင် ရှင်းတဲ့စိတ် ၊ ပူနေရင် အေးတဲ့စိတ် ၊ နောက်နေရင်ကြည်တဲ့စိတ် နဲ့
ချင်းချင်းလဲလိုက်ပါ"

"လေးစားထိုက်တဲ့သူရဲ့ စကားကိုမှ နားထောင်ကြတာ။
ကိုယ့်စကားနားထောင်စေချင်ရင်နေ့ပေါ့"

"ငါအတော်ဆုံး လို့ ထင်နေရင် "အဖျင်းဆုံး"အဆင့်သို့ ရောက်သွားပြီ။ "
" အမြင့်ရောက်မှအမြင်ကျယ်တာထက်၊
အမြင်ကျယ်မှအမြင့်ရောက်တာကပိုကောင်းတယ်."
ဖြစ်ချင်တာကိုဦးစားပေးရင်ဖြစ်နိုင်တာကိုသာ ဆုံးရှုံး လိုက်ရပြီ။
ဖြစ်နိုင်တာကိုသာဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။"
ဒီ စကားစုတွေဟာ အရှင်ဆေကိန္ဒ ရဲ့ အသိပေးထားတဲ့စကားစုတွေပါ။
ကျွန်တော်အတွက်တော့အဖိုးတန်ပါတယ်။
မိတ်ဆွေတို့လည်းမှတ်သားရတဲ့စကားစုတွေပါ။

No comments: