Wednesday, January 30, 2008

မြန်မာတို့ရဲ့ အလှူစိတ်ဓာတ်

မြန်မာတွေရဲ့အလှူဟာ ကမ္ဘာသိဖြစ်ပါတယ်။နိုင်ငံခြားဆောင်းပါးတစ်ပုဒ်က ရွှေတိဂုံစေတီတော်မှာ မြန်မာတွေလှူထားတဲ့ ရွှေတန်ချိန်ဟာ 63တန်ရှိတယ်လို့ ဆိုပါတယ် ။ဒီရွှေတန်ချိန်ကို ကာလပေါက်ဈေးနဲတွက်ရင်ဒေါ်လာဘီလီယံချီရှိပါတယ်။ရွှေတိဂုံစေတီတော်တစ်ဆူတည်းနဲ့တင် မြန်မာပြည်ဟာ အရှေ့တောင်အာရှနိုင်ငံမှာ အချမ်းသားဆုံးဖြစ်ပါတယ် ။ သမိုင်းနဲ့ချီခဲ့တဲ့ မြန်မာတွေရဲ့ဒါနဖြစ်ပါတယ်။
လူမှုဗေဒပညာရှင်နဲ့ မနုဿဗေဒပညာရှင်တွေကတော့ မြန်မာတို့ရဲ့ဒါနစိတ်ကိုလှုမှုစီးပွားရေးဘက်မှာပါ ထပ်ဖြည့်ထည့်လိုက်ရင်မြန်မာပြည့်ရဲ့ လှုမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးမှုကို အများကြီး တိုးမြှင့်သွားနိုင်တယ် လို့ ထောက်ပြကြတယ်။
တစ်ချို့ပညာရှင်တွေကျပြန်တော့ ဒါကိုပဲ တစ်မျိုး ကောက်ယူကြတယ် ။ဆင်းရဲ့နေတဲ့သူများ ၊ ဘ၀ကံမကောင်းလို့ဒုက္ခဖြစ်နေကြရသူများ ၊ ကျောင်း၊ ဆေးရုံတွေ ထက်ဘာသာရေးဘက်မှာ အဆများစွာ ပိုလှူနေကြတာကိုပညာရှင်တစ်ယောက်ကမြန်မာတွေဟာမေတ္တာ ၊ ကရုဏာနည်းပါတယ်လို့ကောက်ချက်ချဖူးပါတယ် ။
ဒါကိုစပိုင်ရိုကလက်မခံပါဘူး။မြန်မာတွေဟာ ဇာတကနဲကြီးပြင်းခဲ့ကြသူတွေဖြစ်တယ် ။ဘုရားရှင် ရဲ့ ဘ၀ဖြစ်စဉ်တွေကိုကြည့်ရင်စွန့်လွန်မှု ။ အနစ်နာခံမှု ။မေတ္တာနဲ့ကရုဏာကြီးမားမှုတွေချည်းဖြစ်တယ် ။မြန်မာတွေဟာအဲဒီ စိတ်ဓာတ်တွေနဲ့ရင်းနှီးပြီး ဖြစ်တယ်။ဘာသာရေးဆိုင်ရာ အလှုဒါနတွေကဲနေတာကတော့ အလှူ ၊ ကုသိုလ် ၊ဒါန ပေါ်တွင်စိတ်အားထက်သန်နေကြောင်း၊ အခြားကုသိုလ်ရေးထက်ဘာဘသာရေးဘာကိုကုသိုလ်ပြုရတာလွယ်ကူကြောင်းဖြစ်တယ်လို့မှတ်ချက်ချတယ် ။
ဘယ်လိုပဲမြင်မြင် စိတ်ထားတတ်ရင်ဒါန ဟာအကျိုးနှစ်ရပ်ဖြစ်ထွန်းစေတယ်လို့ ဆရာတော် အရှင် တိဿလက နိုင်ငံခြားသားတွေကိုဟောပြဖူးပါတယ် ။အဲဒီအကျိုးနှစ်ရပ်ကတော့" တစ်ဖက်မှာ ယုတ်ညံ့တဲ့ အတ္တစိတ်ကိုဟန့်တား ပေးပြီး အခြားတစ်ဖက်မှာ စင်ကြယ်တဲ့ အတ္တကင်းစိတ်ကို တိုးပွား" စေခြင်းပါပဲ။ထို့ကြောင့် မြန်မာတို့ အလှူဒါန စိတ် ကမ္ဘပေါ်မှာမရှိပါဘူး။ထို့ကြောင့်မြန်မာတို့ရဲကအလှူစိတ်ဓာတ်ဟာဂုဏ်ဘာပဲပြောကြပြောကြယူစရာကောင်းလှပါသည်။

Read More...

Tuesday, January 29, 2008

သာစွာဌာနေ မြိတ်ခရိုင်မြေ

ခြေဆင်း။ ။ မြန်ပြည်တောင်ပိုင်းက တိုင်းသာရီမှာလေ .... မြို့နယ်ခရိုင်သုံးခ ဖွဲ့စည်းကာလေ ..... တည်ရှိနေ..အေးချမ်းသာယာလှပေ....မြိတ်ခရိုင်မြေ။
(A)။ ။ ရေပြာပြာဝိုင်းလို့ကာနေ....ကြည့်နှုးစရာစုံပေ.....စိမ်းညိုညိုတောင်တန်းတွေ....ခရုကမာ အရောင်အသွေးစုံလင်ပေ..သဲသောင်ကမ်းခြေ...သာယာလှပေ...ဖွံ့ဖြိုးတိုးတက်တဲ့မြေမှာလေ....ဒူးရင်း၊ မင်းကွတ်၊စပါးသီးနှံတွေ....ရေသယံဇာတပေါကြွယ်လို့နေ...သာစွဌာနေ...မြိတ်ခရိုင်မြေ။
(B)။ ။ယဉ်ကျေးမှုအမွေအနှစ်တွေ.....ပြောမကုန်နိုင်ပေ....ကုန်းမို့မို့ခယ်တောင်မှာလေ...သိမ်တော်ကြီးနှင့် အံဖွယ်တန်ခိုးကြီးဘုရားတွေ.....လက်အုပ်မိုးကာ စုံဆန်ကာလေ..ခရီးလမ်းပန်းး ဖွံ့ဖြိုးတိုးတက်နေ...ထက်အောက်စုံဆန်ကာလေ...အရုဏ်ဦးရောင်ခြည်ပမာလေ. ဘက်စုံဖွံ့ဖြိုးတိုးတက်နေ..သာစွာဌာနေ...မြိတ်ခရိုင်မြေ...လှမ်းလာခဲ့ပါအဆွေ။

Read More...

Monday, January 28, 2008

ရွေးချယ်ခွင့်

သူငယ်ချင်း
မင်းသိတဲ့အတိုင်း။

စည်းစိမ်ဥစ္စာ
ရတနာတောင်ထု၊ ပိုင်ဆိုင်မှုကို
အကြောင်းပြုပြီးလည်းကောင်း

အတတ်လည်းရှိ
အသိပညာလည်းပါ
ကျွမ်းကျင်လာမှု
အကြောင်းပြုပြီးလည်းကောင်း

ဂုဏ်တွေ၊ သိက္ခာတွေ
ပင်လယ်ရေမက၊ လဟာလေမက
မြေမက ၊မိုးမက
ရှိကြသည့်အထဲ။

ဂုဏ်သိက္ခာကို
ကြိုက်ရာရွေးခွင့်
ပေးသဖြင့်ငါ၊ရနိုင်ပါမှု။

မိုက်တယ်ပြောပြော
တုံးတယ်ပြောပြော
အတယ်ပြောပြော

အတတ်လည်းရှိ
အသိပညာကျွမ်းကျင်ရာ၏။
သိက္ခာနှင့်ဂုဏ် ၊ အစွမ်းကုန်ပါ
ရှာယူမှာတည့်။

ဘာပဲပြောပြော
ဘယ်သူပဲပြောပြော
ဘယ်လို့ပဲပြောပြော
ပြောချင်ရာပြောသူငယ်ချင်း။ ။


ဒီကဗျာလေးကိုကျွန်တော်ကြိုက်လို့တင်ထားတာလေ။
ဘယ်လို့လဲ။

Read More...

Sunday, January 27, 2008

ကျွန်တော်တို့ -ဘိတ်မြို့လေးအကြောင်း

ငွေပင်လယ်ကြီးဝန်းရံ ညို မှောင်တောင်တန်းဆီရံ ငွေဇင်ယော်တွေ ၀ဲဝဲလိုပျံ ဝေးကမျှော်ရည်မှန်း လွမ်းဆွတ်စေတာအမှန် သဘာဝအလှတွေရယ် မာရိတ်မြို့လိုရှေးကခေါ်တွင်တယ် ၊ ဖူးလိုမျှော်စေခြင်း လေးကျွန်းဆီးမီးသိမ်တော်ကြီးကိုကွယ် ရှုမျော်ဖွယ် မြစ်ဆိပ်ကမ်း ကို လှမ်းလို့တွေရမယ် ။ ရွေသာလျောင်း ဘုရားကြီးကိုသွား ကာဖူးကြမယ် လှေကလေးစီးကာပျော်စရာကွယ် လိုက်ပို့ချင်ပါတယ် ရေတံခွန် စိမ့်စမ်းစုံလင်များလှတယ် ပေါ်တော်မူစေတီဦးမှာ အတူတူဖူးကြမယ် တောင်ညီနောင်သမိုင်းကို ပြောကာပြမယ် အရောက်လှမ်း လို့ သာလာပါကွယ် လက်တွဲလိုလိုက်ပြချင်တယ် ပုလဲမြို့တော်ကိုအရောက်လို့လာပါကွယ် ခင်မင်တတ်သောအပြုံးရယ် ဖြုစင်တတ်သောနှလုံးရယ် ပျူပျူဌာဌာဧည့်ခံလို့ကျွေးမွေးပါမယ် သဘောထားဖြူစင်တယ် ယဉ်ကျေးမှုတွေရယ် မပြန်ချင်အောင်ကိုကွယ် အသည်းထဲကိုစွဲသွားစေရမယ်

Read More...

Monday, January 21, 2008

စိတ်၏အမိန့်

အောင်မြင်ခြင်းကို အဝေးသို့ မထားနှင့်၊ယခုလက်ငင်း လုပ်သော အလုပ်တွေကို တစ်ခုပြီး တစ်ခု အောင်ရမည်ဟုစူးစိုက်စွာလုပ် ၊ စူးစိုက် စွာအမိန့်ပေးလေ။ အလုပ်တစ်ခုပြီးတစ်ခုအောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသောလှေခါးများဖြစ်လေသည်။ စိတ်မပျက်သမျှ စီးပွားဥစ္စာ ကျန်းမာခြင်းပါ ပျက်သောလည်း ကြောက်စရာမလိုချေ ။စိတ်အားပျက်မှ အကုန်ပျက်၏ ။"ပျက်လျှင်အစဉ် ၊ ပျက်လျှင်ခဏ" မသေမချင်း အားမလျှော့ရ ၊ ဖြစ်ရမည် ။ ဟူသောစိတ်ကို အမြဲထားပါလေ ။အပျက်ကို မတွေးလေနှင့်။ မထင်နဲ့လေ။အတွေးအထင်သည် ကမ္ဘာပေါ် အဆိပ်အထန်ဆုံးဖြစ်သည်။စိတ်ကြွယ်ဝမှ လူကြွယ်ဝ၏ ။ စိတ်မွဲလျှင် လူမွဲတတ်လေသည် ။ အိပ်ရာထ မလေးစေရ ၊နိုးလျှင် ထတတ်သော အကျင့် ကိုဖြစ်စေရမည် ။ အိပ်ပျော်ခါနီး တွင် ငါ ဘယ်အချန်နိုးမည်ဟုပျော်သည့်တိုင်အောင်အမိန့်ပေးလေ။ အချိန်မှန်အောင် ကြိုးစားလေ ။အချိန်မှန်ဖို့ ကို အမိန့်ပေးလေ ။ စိတ်လေလွင့်ခြင်းသည် အချိန်မမှန်ခြင်းကိုဖြစ်စေတတ်၏ ။ရည်ရွယ်ချက် တစ်ခုကိုအမြဲတည်စွာထား။ထို့ရည်ရွယ်ချက်သို့ပေါက် ရောက်စေမည့်အရာဟူသမျှကိုရှာကြံလုပ်ကိုင်လေ။ အောင်မြင်ခြင်းကို အဝေးသို့မထားပါနှင့် ။ယခုလက်ငင်း လုပ်သောအလုပ်တွေကို တစ်ခုပြီးတစ်ခု အောင်ရမညဟု စူးစိုက် စွာအမိန့်ပေးလေ ။ အလုပ် တစ်ခုပြီး တစ်ခုအောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသော လှေခါးများဖြစ်ကြလေသည်။ အလုပ်ကြီးတစ်ခုခုကိုလုပ်ရာတွင် အလုပ်၏ အစိတ်အပိုင်း တွေများစွာရှိ၏ ။ထို အလုပ်ကြီး တစ်ခုလုံး၏ အောင်မြင်ခြင်း ဖြစ်ဖို့ရန် ထိုအစိတ်အပိုင်းတွေကို ရှေးဦးပထမ တစ်ခုပြီးတစ်ခ အောင် မြင်ကြိုးစားရမည် ။ မိမိ၏ အလုပ်မျးတွင်အစီအစဉ် ရှိစေရမည် ။အစီအစဉ် မရှိ လျှင် ရှုပ် ပွေပြီးနေလိမ့်မည် ။ရှုပ်ပွေ အားကြီးလျှင် အလုပ်လုပ်လေ ။အလုပ် သည် အရှုပ် ကို အရှင်းဖြစ်စေ၏ ။ မိမိကိုယ်ကိုမိမိရိုသေရမည် ။ထိုအခါ ကမ္ဘာ လောကသည် ပိုမို ပြီးရို သေလိမ့်မည် ။

Read More...

Friday, January 18, 2008

ဘိတ်-လွမ်းချင်း

ဆယ်စုနှစ်……..နှစ်ခါခွဲ
ကျွန်တော်တို့မြို့လေးက
ရေတွေဝိုင်းတုန်းပါပဲ ရေတက်ရေကျမရှိ
မြို့သူမြို့သားများ…..မနက်တိုင်းကိုက်ကျေးကိုက်
ကျွန်စဖြစ်တဲ့ နိုင်ငံရဲ့တစ်ဖက်တဲ့ခြေထောက် မောရစ်ကောလစ်ရောက်တယ်
ရဲဘော်သုံးကျိပ်ရဲ့ချိုင်းထောက် မင်းကွန်းဆရာတော်ကြီးလဲရောက်တယ်
ဒီရေတောများစိမ်းတယ် ရော်ဘာတောများစိမ်းတယ်
ဒူးရင်းသီးလည်းပေါတယ် တညင်းသီးလည်းပေါတယ်
ငပိလည်းပေါတယ် ဘိတ်ကလာတဲ့ “ ငံပြာရည် “ စားဖူးသူများရယ်လို့
စားဖူးသူများရယ်လို့
မောင်သီ ၊ လွင်မိုး ၊ မေသန်းနု ကျွန်းရဲ့ပုလဲများ
ခွာရခက် မုတ်ကောင်ထဲ ၀င်အောင်းခွင့်ရတဲ့…….ရတနာ ရေကြာကြာလည်းငုတ်နိုင်ရမည် ဇာတိကိုငုတ်မပြုနိုင်သေး ဘုရားပေါ်က
ပင်လယ်ကြီးကိုငေးကြည့်တဲ့ မြိတ်မြို့လေးရဲ့ အလှဟာ
မြင်သူတိုင်းငေးနိုင်သော မြို့လေးတစ်မြို့ပါပဲ

Read More...

ဓမ္မဒူတအရှင်ဆေကိန္ဒရဲ့ အသိပေးစကားစုများ

မိတ်ဆွေတို့
ဓမ္မဒူတအရှင်ဆေကိန္ဒက
" စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့ စိတ်နဲ လဲလိုက်ပါ။
ရှုပ်နေရင် ရှင်းတဲ့စိတ် ၊ ပူနေရင် အေးတဲ့စိတ် ၊ နောက်နေရင်ကြည်တဲ့စိတ် နဲ့
ချင်းချင်းလဲလိုက်ပါ"

"လေးစားထိုက်တဲ့သူရဲ့ စကားကိုမှ နားထောင်ကြတာ။
ကိုယ့်စကားနားထောင်စေချင်ရင်နေ့ပေါ့"

"ငါအတော်ဆုံး လို့ ထင်နေရင် "အဖျင်းဆုံး"အဆင့်သို့ ရောက်သွားပြီ။ "
" အမြင့်ရောက်မှအမြင်ကျယ်တာထက်၊
အမြင်ကျယ်မှအမြင့်ရောက်တာကပိုကောင်းတယ်."
ဖြစ်ချင်တာကိုဦးစားပေးရင်ဖြစ်နိုင်တာကိုသာ ဆုံးရှုံး လိုက်ရပြီ။
ဖြစ်နိုင်တာကိုသာဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။"
ဒီ စကားစုတွေဟာ အရှင်ဆေကိန္ဒ ရဲ့ အသိပေးထားတဲ့စကားစုတွေပါ။
ကျွန်တော်အတွက်တော့အဖိုးတန်ပါတယ်။
မိတ်ဆွေတို့လည်းမှတ်သားရတဲ့စကားစုတွေပါ။

Read More...

Friday, January 4, 2008

လူဖြစ်စဉ်တန်း

လူရဲ့ဖြစ်စဉ်ကိုကြည့်လျှင် ကလေးကနေ လူငယ်၊ လူငယ်ကနေ လူလတ် နဲ့ လူလတ်နဲ့ကနေလူကြီးဖြစ်လာတာပဲ။ရှင်းရှင်းလေး။
လူဟာမိမိပတ်ဝန်းကျင်ထဲမှာကြီးပြင်းလာရာက ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုနဲ့ လွှမ်းမိုးမှုကိုမလွဲမသွေ ခံရစမြဲ ။တံငါနားနေတံငါ ၊မုဆိုးနားနီးမုဆိုး ဆိုရိုးစကားရှိတယ်မဟုတ်လား။ ကလေးရဲ့ပတ်ဝန်းကျင်ထဲမှာ အနီးကပ်ဆုံးကအမေ။အမေကကိုးလလွယ် ဆယ်လမွေး လာတဲ့မိမိကလေးရဲ့ချေးသေး တို့ကိုသုတ်သင်ပေးရတဲ့အပြင် ရင်ခွင် ထဲမှာ ပိုက်ထွေးပြီးနို့ချိုတိုက်ကျွေးရသေးတယ်။မိဘသာသုံးနှုန်းပြီးဘမိ မသုံးနှုန်းလို့အမေကအရင်လေ။
ပုခက်လွှဲတဲ့မိခင်လက်ဟာကမ္ဘာကိုအုပ်စိုးနိုင်တယ် ဆိုထားလို့ မိခင်ကအုပ်စိုးမှာမဟုတ်ဘဲ အနီးကပ်ဆုံးရှိတဲ့မိခင်လက်နဲ့လွှဲပေးတဲ့ပုခက်ထဲရှိကလေးကိုမိခင်ဆိုဆုံးမတဲ့အပေါ်တည်ပြီးမိခင်ကောင်းရင် သူ့ကလေးပါကောင်းတယ်လို့ဆိုလိုတာဖြစ်တယ်။၏
သိနေ၊ တွေ့နေ ၊ ကြုံနေကြမှာပါ ။ မိခင်အလှကြိုက်ရင်သူ့ကလေးလည်း အလှကြိုက်တာပဲ။မိခင်စရိုက်ကြမ်းရင်သူ့ကလေးည်း စရိုက်ကြမ်းတာပဲ.မိခင်တိုင်းကလေးတိုင်းဒီလိုမဖြစ်ကြပါဘူးလို့ ငြင်းရင်းအများနဲ့အနည်းရှိစမြဲ ဖြစ်ပေမယ့် အများကများစမြဲ။ကလေးတိုင်းစကားပြောတတ်ရင်သူ့ပတ်ဝန်းကျင်မှာမိခင်သာအနီးကပ်မဟုတ်တော့ဘဲဖခင်၊ ညီအစ်ကို မောင်နှမ ၊ အဘိုးအဘွား ၊ အဒေါ် ဦးလေး တို့အထိ ကျယ်ပြန့်လာရော။နောက်ပိုင်းမှာသူငယ်ချင်းကျောင်းသွား
ဖော်၊ ကျောင်းသွားဘက် ရယ်လို့ပတ်ဝန်းကျင်ပိုကျယ်ပြန့်လာ
တာဓမ္မတာ။အဲဒီလိုပတ်ဝန်းကျင် ကျယ်ပြန့်လာလေ သူငယ်ချင်းတွေ၊ ကျောင်းသွားဖော်သွားဖက်တွေ အပြင်ကျောင်းနေဘက်တွေ ပါတိုးလာပြီ။
ဒီလိုအချိန်ကာလမှာ ကိုယ့်ကလေးဟာ လူငယ်ပိုင်းကိုရောက်လာပြီမို့ လူငယ်ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုနဲ့လွှမ်းမိုးမှုကိုခံရစပြုလာတာကို မိဘမောင်နှမ တွေက သိထားဖို့လိုတယ် ။ သိထားဖို့လိုတဲ့အထဲမှာအဓိကအချက်ကသူငယ်ချင်းအကောင်းနဲအဆိုးကိုခွဲခြားသိပြီးကိုယ့်သားသမီးကိုသူငယ်ချင်းကောင်း
တွေနဲ့ပေါင်းသင်းသွားလာဖို့ရှင်းပြရမယ်။ဒီလူငယ်အရွယ်မှာသူငယ်ချင်းကိုခင်မင်ရင်းနှီးတာသဘာဝပဲ။အိမ်မှာနေရင်အကန့်
အသတ်နဲ့ဘောင်ရှိနေပြီးသူငယ်ချင်းတွေနဲ့ သွားလာပြောဆိုပြုမှုကြရာမှာပိုပြီးလွပ်လပ်တော့သူငယ်ချင်းတွေကိုပိုမိုခင်မင်ရင်းနှီးတဲ့သဘောရှိတာကိုမိဘမောင်နှမတွေကနားလည်ကြရမယ်။ဒါကြောင့်ပတ်ဝန်းကျင်ရှိသူငယ်ချင်းတွေထဲကကောင်းတဲ့သူငယ်ချင်းတွေရှိကြရင်ကိုယ့်သားသမီးတွေလည်းကောင်းသလိုဆိုးတဲ့သူတွေရှိရင်လိုက်ဆိုးကြရောပဲ။
ဒဲဒီလိုဆိုးလာကြရင် လူကြီးမိဘတွေကြိမ်းလားမောင်းလား ရိုက်လား ၊ နှက်လား လုပ်တတ်ကြရဲ့ ။ သေသေချာချာစဉ်းစားကြည့်ရင် ဘယ်ကလေးမှ မွေးကတည်းက ဆိုးတာမဟုတ်ဘဲ ပတ်ဝန်းကျင်ထဲမှာ ဖခင် မောင်နှမ နဲ့ လူကြီးတွေဖြစ်လို့ဆိုးသွမ်းလူငယ်ဖြစ်ရတာပထမ နဲ့ အဓိကတရားခံတွေဟာမိဘနဲ့လူကြီးတွေပဲ။မိဘလူကြီးတွေ
ကိုယ့်ကိုယ်ကိုမညှာမတာဝေဖန်စကြည့်ရင်မှန်နေတာတွေ့ရ
လိမ့်မယ်။ကျောင်းကခဲတံခဲဖျက်စတာကလေးတွေခိုးယူလာတဲ့သားကိုအမေအားပေးလာရာကအဲဒီသားအရွယ်ရောက်ပြီး ဓားပြမှုနဲ့ထောင်ကျတဲ့အခါ သားကအမေကိုတိုးတိုးကလေးပြောစရာရှိတယ်လို့ သားပါးစပ်နားနီးစပ်အောင် အမေကနားကပ်ပေးတော့သားကအမေ့နားရွက်ကိုကိုက်ဖြတ်လိုက်ပြီး သားငယ်ငယ်တုန်းကခိုးတာကိုမဆုံးမဘဲအားပေးတဲ့အမေ
ကြောင့်သားအခုဓားပြမှုနဲ့အဖမ်းခံထောင်ကျတာ တဲ့။အမေကိုသားကပညာပေးလိုက်တာပဲ။ထို့ကြောင့်ချစ်တာနဲ့နှစ်တာကိုခွဲခြားသိနိုင်ကြပါစေလို့။
အရေးကြီးဆုံးသိထားပြီး စံပြဖို့လိုတာက လူငယ်ကလူလတ်နဲ့ လူကြီး ပတ်ဝန်းကျင် ထဲမှာ ကြီးပြင်းလာရတာမို့လူလတ်နဲ့လူကြီးတွေကလူငယ်တွေလေးစားတဲ့အနေအထားရှိနေကြရမှာဖြစ်တယ်။လူငယ်ဟာသိချင်ယတ်။တတ်ချင်တယ် ။ တီထွင်ချင်တယ် ။ တက်ကြွတယ် ။စွန့်စားရဲတယ် ။ စွန့်လွတ်ရဲတယ် ။ ဒါတွေအားလုံးကိုချုပ်လိုက်ရင် လူငယ်ဟာပြတ်သားတယ်။
လူလတ်ဟာလူငယ်ရဲ့အားမာန်ကိုရယူချင်တယ် ။လူကြီးကိုလည်းအားကိုးအားထားချင်တယ်။ဒီတော့လူလတ်ဟာလူငယ်နဲ့လူကြီးကြားဟိုလိုဒီလိုလိုနဲ့ဖြစ်နေရော။ဒါတွေ
အားလုံးကိုချုပ်လိုက်ရင်လူလတ်ဟာလူငယ်နဲ့လူကြီးကြားမှာလပ်နေတယ်။
လူကြီးကတော့ ငါလူကြီးလို့ အထက်စီးရချင်တယ် ။အခွင့်ထူးခံဖြစ်ချင်တယ်။ဘ၀င်မြင့်ချင်တယ်။နေရာတကာအထူးသဖြင့် မိမိသားသမီး ဆွေမျိုးတွေအပေါ်ဗိုလ်ကျလွှမ်းမိုးချင်တယ်။ငါလူကြီး ငါခိုင်းတဲ့အတိုင်းလုပ် ဒါပဲ လို့အမိန့်ပေးချင်တယ် ။ဇရာအိုလာတော့စေတနာထက်ဘယာကြောင့်ဘာသာရေး
ဘက်ကူးလာရော ။ မတော်မတရားတွေအနိုင်ကျင့်မှုတွေများခဲ့လေလေ သေရမှာ နီးလာလေလေ ဘုရားထီးကို တအားမှီ တော့တာပဲ။ဒါကြောင့် လူငယ် လူလတ်နဲ့ လူကြီးထဲက နေ နိုင်ငံတကာမှာ လူငယ်ဟာအနာဂတ်ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ယုံကြည့်ကြ
ပြီးလူငယ်ပြုစူပျိုးထောင်ရေးကိုဦးစားပေးလုပ်ဆောင်နေကြတာဖြစ်တယ်။
အင်း….လူငယ်တွေကတော့ အားကောင်းကောင်းမောင်းသန်ကြားတက်ကြွစွန့်စွန့်စားစားရှိ
ကြတယ်။ရာထူးတို့ငွေတို့ရဖို့စိတ်မရှိကြဘူး။
ဘာတဲ့ သေမြေကြီး ရှင်ရွှေထီး ဆိုရိုးစကားဟာ လူငယ်တွေအတွက်ပဲ။ကိုင်း ..လူငယ်အပေါင်းတို့မြေကြီးနဲ့ရွှေထီးဘယ်ဟာရွှေးကြမလဲ။
အရေးကြီးဆုံးက အရှိန်အဟုန် နဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ICTကတယ်ခေတ်မီတဲ့Englishနဲ့
အမီလိုက်ကြပေတော့ ။မမီလို့ကတော့ထီခနဲဆိုတာနဲ့အကွဲပဲ။ အပြဲပဲ။ အလဲပဲ ။………….အဲ… အဲ မြေကြီးပဲ။

Read More...