Monday, December 10, 2007

ဘိတ်-လွမ်းချင်း

ဆယ်စုနှစ်……..နှစ်ခါခွဲ
ကျွန်တော်တို့မြို့လေးက
ရေတွေဝိုင်းတုန်းပါပဲ
ရေတက်ရေကျမရှိ
မြို့သူမြို့သားများ…..မနက်တိုင်းကိုက်ကျေးကိုက်
ကျွန်စဖြစ်တဲ့ နိုင်ငံရဲ့တစ်ဖက်တဲ့ခြေထောက်
မောရစ်ကောလစ်ရောက်တယ်
ရဲဘော်သုံးကျိပ်ရဲ့ချိုင်းထောက်
မင်းကွန်းဆရာတော်ကြီးလဲရောက်တယ်
ဒီရေတောများစိမ်းတယ်
ရော်ဘာတောများစိမ်းတယ်
ဒူးရင်းသီးလည်းပေါတယ်
တညင်းသီးလည်းပေါတယ်
ငပိလည်းပေါတယ်
ဘိတ်ကလာတဲ့ “ ငံပြာရည် “
စားဖူးသူများရယ်လို့
စားဖူးသူများရယ်လို့
မောင်သီ ၊ လွင်မိုး ၊ မေသန်းနု
ကျွန်းရဲ့ပုလဲများ
ခွာရခက် မုတ်ကောင်ထဲ
ဝင်အောင်းခွင့်ရတဲ့…….ရတနာ
ရေကြာကြာလည်းငုတ်နိုင်ရမည်
ဇာတိကိုငုတ်မပြုနိုင်သေး
ဘုရားပေါ်က
ပင်လယ်ကြီးကိုငေးကြည့်တဲ့
မြိတ်မြို့လေးရဲ့ အလှဟာ
မြင်သူတိုင်းငေးနိုင်သော
မြို့လေးတစ်မြို့ပါပဲ

No comments: