Saturday, December 15, 2007

အသုံးအဖြုန်းခွဲခြားနားလည်ရေး

အရေးကြီးသည်ကအသုံးနှင့်အဖြုန်းကိုခွဲခြား နားလည်ဖို့ပင်ဖြစ်၏။ကုန်သင့်တာကုန်ပါ၊သုံးသင့်တာသုံးပါ ။ဝတ်သင့်တာဝတ်ပါ။စားသင့်တာစားပါ။သို့သော် အပိုဆာလာ အပျော်အပါး အမော်အကြွား ကိစ္စ တွေအတွက် မကုန်သင့်တာ မကုန်ပါစေနှင့်။မကုန်သင့်တာကုန်လျှင် အဖြုန်းဘက်သို့ပါသွားမည်ဖြစ်၏။အဖြုန်းအားကြီးလျှင် လည်းလူချမ်းသာဖြစ်ဖို့လွယ်မည်မဟုတ်။လူချမ်းသာတို့ကိုလိုက်ကြည့်ပါ။သုံးသင့်သည်ကိုသာသုံးသောသူမျိုးဖြစ်သည်ကိုတွေ့ရပါလိမ့်မည်။
ငွေသည် ရှာဖွေရသူအတွက် ခက်ခဲ ပေမယ့်သူံးသူ ဖြုန်းသူအတွက်အလွန်လွယ်ကူ၏ ။ဘုရားလက်ထက်ကကုဋေ160ကြွယ်ဝသော သူဌေးဇနီးမောင်နှံကိုကြည့်ပါ။မိဘများကတော့ နှစ်ပေါင်းများစွာချွေးနှင့်သွေးနှင့်ရင်းပြီးရှာဖွေခဲ့၇၏ ။သူတို့လက်ထဲရောက်တော့ သောက်စားပျော်ပါး ဖြုန်းတီးပစ်လိုက်တာခဏလေးနှင့်ကုန်သွား၏ ။အရာရာအတက်အခက်သလောက် အဆင်း က အလွန်လွယ်ကူ၏ ။လျှောချလိုက်လျှင် ဝေါ ခနဲကျသွားမည်သာဖြစ်၏ ။
ထိုကြောင့်အသုံးမဖြုန်းမကြီးကြရန်တိုက်တွန်းလိုက်ပါသည်။
ထိုစာကို ဓမ္မပိယဆရာတော်ရဲ့ “ လူချမ်းသာ” စာအုပ်မှဖော်ပြပေးလိုက်ပါသည်။

No comments: