Friday, December 28, 2007

အသုံးအဖြုန်း ခွဲခြားနားလည်

အရေးကြီးသည်က အသုံးနှင့် အဖြုန်းကိုခွဲခြား နားလည်ဖို့ပင်ဖြစ်၏။ ကုန်သင့်တာကုန်ပါ။ သုံးသင့်တာသုံးပါ ။ ၀တ်သင့်တာဝတ်ပါ။ စားသင့်တာစားပါ။ သို့သော်အပိုဆာလာအပျော်ပါး အမော်ကြွားကိစ္စတွေအတွက် မကုန်သင့်တာ မကုန်ပါစေနှင့်။ မကုန်သင့်တာကုန်လျှင် အဖြုန်း ဘက်သို့ ပါသွားမည်ဖြစ်၏။ အဖြုန်းအးကြီးလျှင် လည်း လူချမ်းသာဖြစ်ဖို့ လွယ်မည်မဟုတ်။လူချမ်းသာတို့ ကိုလိုက်ကြည့်ပါ။ သုံးသင့်သည်ကိုသာ သုံးသောလူမျိုး ဖြစ်သည် ကိုတွေ့ရပါလိမ့်မည် ။ငွေသည် ရှာရဖွေရသူအတွက်ခက်ခဲပေမယ့် သုံးသူဖြုန်းသူအတွက်အလွန်လွယ်ကူ၏ ။
အများစုသည် ပထမ အရွယ် တွင် ထွက်ငွေသာရှိမည် ဖြစ်၏ ။ အလုပ်အကိုင် မရှိသေးသဖြင့် ၀င်ငွေကရှိဦးမည် မဟုတ် ။ ထိုသို့ ၀င်ငွေ မရှိခင် အရွယ်မှာ ငွေတန်ဖိုးနားလည်ဖို့ငွေကိုကျစ်ကျစ်လျစ်လျစ် သုံးတတ်ဖို့ အလွန်အရေးကြီး၏ ။ ငွေတန်ဖိုး နားလည်အောင် ၊ ကျစ်ကျစ် လျစ်လျစ် သုံးတတ်အောင် မိဘဆရာ သမားတို့ က သွန်သင်ဆုံးမရ၏ ။
ချမ်းသာချင်သူသည် ၀င်ငွေ ကောင်းဖို့ လို၏ ။ ၀င်ငွေကောင်းအောင် ၊ ၀င်ငွေ ကောင်းသောအတတ်ပညာ ၊ ၀င်ငွေ ကောင်းသော အလုပ်အကိုင် ရှိဖို့လို၏ ။အတတ်ပညာ အဆင့်မြင့်မြင့်တတ်ထားပါမှ ၀င်ငွေကောင်းမည် ဖြစ်၏ ။ ၀င်ငွေကောင်းပြီး စည်းနှင့် ကမ်းနှင့် နေထိုင် အသုံးပြု တတ်မှသာလူချမ်းသာဖြစ်နိုင်၏။

No comments: