Monday, December 31, 2007

အသေးအဖွဲကလေးများ

မီးပွားကလေးသည် မြို့ ကိုပြာကျစေနိုင်၏ ။ စကောတစ်ချပ်လွင့်ရုံနှင့် တိုင်းပြည်ပျက်ဖူး၏ ။ မနု၏ထဘီသည် သီပေါနန်းကျသည့်တိုင်အောင်ခရီးရောက်၏။ နှစ်သည်စက္ကန့်ကစ၏ ။ ရေစက်ကလေးများမှပင်လယ်ဖြစ်ရ၏ ။ ကြီးသောရာဇာဝတ်မှုများသည် စုံထောက်များသည် မှန်ဘီလှုးနှင့်ကြည့်မှမြင်ရသောအမှတ်ကလေးတစ်ခုခုမှစပြီးပြစ်မှုကျုးလွန်သူကို တစ်ကျွန်းစက်တိုင်သို့ရောက်စေကြလေသည် ။ ထို့ကြောင့် သေးငယ်သောအရာများကိုမလေးမစားမပြုအပ်။
အသေးအဖွဲ့ကလေးများတွင်ပေါ့လျော့ခြင်းသည်ကြီးကျယ်သောအရေးတို့ကိုဖြစ်ပေါ်စေတတ်၏။
ထို့ကြောင့်သေးငယ်သောအရာကလေးများကို ပြု အပ်လေ့သည်။အနည်းငယ်မျှ ကျေးဇူးပြုဖူးသဖြင့် နောင်အခါတွင်မြောက်မြားစွာ ကျေးဇူးအဆပ်ခံရသူတွေရှိကြလေသည် ။ အသေးအဖွဲ တစ်ခုကို ဂရုမစိုက်သဖြင့်အကြီးအကျယ်ပျက်စီးကြ၏။အသေးအဖွဲ ကလေးများကိုမြင်တတ်သောမျက်စိမြင်တတ်သော သတိသည်ကြီးသောအကျိုးကိုပေးနိုင်လေသည် ။ထိုကြောင့်ဘာကိစ္စမဆိုအရေးတစ်ကြီးလုပ်သင့်ပါတယ်။

No comments: