Monday, December 31, 2007

ဘူးတစ်လုံးဆောင်အိုအောင်မဆင်းရဲ

သင်ကြီးပွားတိုးတက်ရန်ကိုသင်မှတစ်ပါး သာလျှင်ပိတ်ပင်တားထားနိုင်၏။ အသင်၏စီးပွားရေးအတွက်အကောင်းဆုံးသောလက်နက်သည်အသက်၏အတွေးစိတ်ဖြစ်၏။မလုပ်မီရှေးအဖို့တွင်တွေးရသည်မဟုတ်ပါလော။
အတွေးသည်အသိဥာဏ်တည်းဟူသောမီး၏အလင်းဖြစ်၏။အသိ ဥာဏ်တည်းဟူသောမီး၏အလင်းဖြစ်၏။အသိဥာဏ်ရှိသမျှ(၀ါ)မရှုးသွပ်သမျှဆင်းရဲအောက်ကျစွာနေရဖို့ အကြောင်းမရှိပေ။အသင်သည်ဒီဘ၀မှာသာ လူဖြစ်မည်မဟုတ်။အတိတ်ဘ၀တွင် မေ၇မတွက်နိုင်အောင်ရှိ၏။အတိတ်ကံတွေလည်း မရေတွက်နိုင်။
တစ်ချို့သူတို့မှာတစ်ရှူးစိတ်မျိုးရှိတတ်၏။ခဏပဲ တော်တော်ကြာပြောတာပဲ ဟုပြောကြ၏။ထိုစိတ်မျိုးသည်အသက်ကိုတိုစေတတ်၏။ထို့အပြင်ကောင်းသောစိတ်ဟုမဆိုနိုင်ချေ။
အကြောင်းမှုကား ခဏပဲဟူသောစကားအရခဏဒေါသထွက်ရင်ခဏအတွင်းစိတ်ပြေပြီး ၊နောက်ခဏထစ်ကနဲတစ်စုံတစ်ရာဖြစ်လျှင် ဒေါသကြီးတတ်လေရာ၊ အမြဲ စိတ်တိုသူနှင့် မခြားလှချေ။
တစ်ချို့ကား မည်သူဖြင့်ငါကိုဘယ်လိုသဘောထားတာပဲ ၊ သူစကားက ငါ့ကိုစောင်းတာပဲ ၊ ယနေ့ စကားပြောဘူး။ ဘာများဖြစ်သလဲမသိဘူး ။ ငါ့ကိုကောက်ကောက်နေတာပဲ။စသည့်ဖြင့်အပြစ်ကိုမြင်တတ်၏။အထ အနကောက်တတ်ပါမှ အပါး အလိမ္မာ အသိ အနပ်ဟု မှတ်ထင် ကြ၏။
ထိုစိတ်မျိုးသည်မိမိကိုယ်ကိုအမြဲဆင်းရဲစေပြီးနီးစပ်သူ ၊ အတူနေသူတို့ကို ပူလောင် စေလေရာ အစစ်မှန် လန့်ထိတ်သောစိတ် ၊ မအောင်မြင် သောစိတ ၊ဆင်းရဲ စေသောစိတ်မျိုးဖြစ်၏။
ဒေါသ အမျက်ထွက်လိုလျှင်ပါးစပ်ကိုပိတ်ပြီးထားလေ ။ ထိုအခါမျိုးတွင်ပြောမိဆိုမိလျှင် ဓာတ်ခိုးနှင့်မီးတွေ့သလိုတဟုန်းဟုန်း ဖြစ်တတ်`။ တစ်စုံတစ်ရာပြောလိုလျှင် ထိုအခါ ထိုအခါမျိုးတွင်တိုးတိုးပြောရမည်။ကျယ်ကျယ်ပြောလျှင် ကဆုန်းစိုင်းပြီးထွက်လာတတ်လာသည်။လူတစ်ယောက်သည် အသင်နှင့်ရန်ဖြစ်ဖို့ကြံလျှင် သူ့ဘာသာသူ ရန်သူဖြစ်နေပါစေ။ အသင်ကားပါးစပ်ကိုမဟ လေနှင့်။ မကြားဟန်ပြုပြီးနေရမည်။ အ တန်သည့်အခါ အ ရမည်။ ပင်း တန်သည့်အခါ ပင်းရမည် ။ ကန်းတန်သည့်အခါကန်းရမည်။နှာခေါင်းသည်ချီးကိုမနမ်း ။ နှခေါင်းသည်ရှူသင့်မရှူသင့်ကိုအလိုလိုသိ၏။
မခံချင်သောစိတ်သည် လွန်စွာဒုက္ခ ပေး၏။ မကြားဘဲနေ ။မမြင်ဘဲနေလျက် ထိုစိတ်၏ရန်ဘေးမှလွတ်ကင်းလေသည်။အသင်တွင်အပြစ်မရှိဘဲလျှက် ပရိသတ်အလယ်တွင်စော်ကားရိုင်းပျစွာအပြောခံရသဖြင့်ပြန်ပြီချေခြင်းသည် ပြန်ပြီးရိုင်းစိုင်းခြင်းပင်ဖြစ်၏။
ပြုံးပြီးနေလျှင်စော်ကားသူ ရှက်လိမ့်မည်။ထပ်ပြီးစော်ကားလျှင် ပရိသတ်သည်သက်`ဘက်တွင်ရှိ၏။
ထိုကြောင့် ငါစိတ်ကိုနိုင်ရမည် ငါစိတ်ကိုနိုင်ရမည် ။ဟူသောဂါထာ ကိုအမြဲစိတ်တွင်ရွတ်ပါလေ ။
လူနှစ်ယောက်အကြောင်းတစ်ခုခုနှင့်ပတ်သက်ပြီးဆွေးနွေးကြရာရာ မှ ငြင်းခုန်ခြင်း ဖြစ်ကြရာ တစ်ယောက်က ဖန်ခွက်ထဲက ၀ိုင်အရက်နှင့်တစ်ယောက်မျက်နှာကိုစိတ်ဆိုးပြီးပက်လိုက်၏။အပက်ခံရသူက ပြုံးလျက်အေးအေးဆေးဆေးမျက်နှာကိုပ၀ါဖြင့်သုတ်ပြီး စကားဆက်ပြန်အောင်မလုပ်ပါနဲ့လေ။ မေ့တောင်သွားပြီ ၊ ခုတင်က ဘာပြောလိုက်ပါလိမ့် ဟု ပြန်ပြီးပြောကာစဉ်းကားပြီးမိမိ၏စကားကိုဆက်ပြောလေသည်။
ဒေါသနှင့်ကလေးကိုဆုံးမသောမိဘ ၊ဆရာတို့သည် ရှေး ဦးစွာ မိမိကိုယ်ကိုပိုမိုပြီးဆုံးမသင့်၏။စိတ်ကိုချုပ်ခြင်းသည်လွန်စွာအသုံးဝင်၏။စိတ်ကိုချုပ်ခြင်းသည် သတိဥာဏ်ကိုမြဲစေ၏။ဒေါသသည်ရန်တိုးလေသည် ။စကားအပြောအဆိုတွင်ရုန်ရင်းကြမ်းတမ်းစွာ ဆဲဆိုတိုင်းထွာခြင်းသည် စိတ်ကိုမချုပ်တည်းနိုင်သူတို့၏လက္ခဏာဖြစ်လေ၏။အချို့သောသူတို့သည် အိမ်တွင်ဖြစ်ပျက်သမျှကိုအရပ်သိအောင်ပြောတတ်၏။ဆွေမျိုးသားချင်းအိမ်သားအပြစ်အတင်းကိုပြောကြလေသည်။ထိုအလေ့အကျင့်သည်စိတ်အားသတ္တိသိမ်ဖျင်းစေသောအကျင့်၊ စိတ်ဆင်းရဲခြင်း၏အကြောင်းအရင်းများဖြစ်ကြလေသည် ။
ကြီးပွားအောင်မြင်သူသည် တကယ်အရေးထဲတွင် တကယ့်အခက်ခဲကြီးများထဲတွင်အေးအေးနှင့်စိတ်ကိုချုပ်နိုင်သူဖြစ်၏။အကြောင်းကိုချုပ်ခြင်း ၊ အရဲကိုချုပ်ခြင်း ၊ အစွမ်းကိုချုပ်ခြင်း ၊ ဒေါသကိုချုပ်ခြင်း နှင့် သည်းညည်းခံခြင်းသည် အောင်မြင်ခြင်း၏ခံတပ်ကြီးများဖြစ်ကြလေသည်။စိတ်ကိုမချုပ်တည်းသမျှ လောကတွင်ကြီးမြင့်ခြင်းအဖြစ်သို့ရောက်မည်ဟုမရှိချေ။
(က)မလုပ်ကောင်းသောမပြုကောင်းအပ်သောအမှုကိုမပြုဘူး
(ခ) မပြောအပ်သောစကားကိုမပြောဘူး
(ဂ)မကြံအပ်သေအကြံကိုမကြံဘူး
(ဃ)မလိုက်အပ်သောအလိုကိုဆိုလို၏။
ထိုကြောင့်ဒေါသ ကိုစိတ်ထိန်းပါ။ အလိုမလိုက်ကြပါနဲလိုတိုက်တွန်းရင်း..............

No comments: