Monday, February 11, 2008

ကွန်ပျုတာနဲ့ သိပ်နီးသလား။မျက်လုံးရောဂါရမည်

ကွန်ပျုတာကိုကြည့်နေရင်းဇက်ကြောတွေတက်လာခေါင်းတွေမှုါ်လာလျှင် မျက်လုံးများကို ခေတ္တမှိတ်ထားလိုက်ပါ။ကွန်ပျုတာနှင့် အနည်းငယ်ခွာလိုက်ပြီးကုလားထိုင်ကိုကျောမှီ ကာ ကိုယ်ကိုလျော့ခထားလိုက်ပါ။ကွန်ပျုတာ ကြည့်ရသည့်မှာ မှုံဝါး နေသလို ဖြစ်နေလျှင်ကွန်ပျုတာကြောင့်လား ၊ ငါထိုင်နေတဲ့နေရာ က မမှန်လို့လားပြန်ပြီးစစ်ဆေးကြည့်သင့်သည်။
ကွန်ပျုတာနှင့်မည်မျှခွာ၍ကြည့်သင့်ပါသနည်း။ထိုမေးခွန်းကိုပညာရှင်
များကစမ်းသပ်စစ်ဆေးခဲ့ကြပါသည်။နောက်ဆုံးအဖြေထုတ်ခဲ့ကြသည့်
မှာ40စင်တီမီတာ(16လက်မ)အကွာမှကြည့်သင့်သည်ဟုအဖြေထုတ်ခဲ့
ကြဟုအဖြေထွက်လာသည်။ထိုအကွာဝေးမှ ကြည့်ခြင်းသာလျှင်မျက်စိအတွက်အကောင်းဆုံးဟုသုံးသပ်ကြသည်။
စာအုပ်တစ်အုပ်ကိုဖတ်လျှင်လည်း ထိုအကွာဝေးလောက်ရှိသင့်သည်ဟုဆိုကြသည်။ကွန်ပျုတာမော်နီတာကကြီးပြီးရုပ်ထွက်ပြတ်သားလျှင်50စင်တီမီတာ(20လက်မ)အကွာ
လောက်မှကြည့်သင့်သည်။
မော်နီတာ၏အလင်းအမှောင်၊ စာအရွယ်အစားအားလုံးကိုလည်းမျက်လုံးနှင့် ကိုက်ညီစေရန်စီစဉ်သင့်သည်။ကွန်ပျုတာမော်နီတာ၏အနေအထားမှာမျက်လုံး၏အအောက်ဘက်ကျကျတွင် ရှိနေရမှာဖြစ်ပြီးမော်နီတာထိပ်ဖျားနှင့်ကိုယ့်မျက်လုံးတစ်တန်းတည်းဖြစ်နေလျှင်ပိုကောင်းသည်။မော်နီတာကိုမော့ပြီကြည့်နေရသည့်အနေ
အထားမျိုးမဖြစ်သင့်ပေ။
အမှောင်ခန်းအတွင်းကွန်ပျူတာတစ်လုံးတည်း၏အလင်းရောင်နှင့်အလုပ်လုပ်နေသည်လည်းမဖြစ်သင့်ပေ။မောနီတာကိုတိုက်ရိုက်နေရောင်သို့မဟုတ် အလင်းရောင်ထိုးနေသည်လည်းမဖြစ်သင့်ပေ။သင့်တင့်မျှတသော
အလင်းရောင်အတွင်းစှုးရှပြီးမျက်လုံးမကျိန်းစပ်နေစေရန်သတိပြုရမည်။
ကွန်ပျုတာနှင့်အလုပ်လုပ်ရသည်မှာကြာလာလျှင်လမ်းထလျှောက်ပေး
သင့်သည်။ရေထသောက်ခြင်း၊ ဆီးသွားခြင်းမကြာခဏပြုလုပ်ပေးသင့်သည်။ရေမဆာလျှင်လည်းထ
သောက်တတ်စေရန်လေ့ကျင့်ပေးပါ။ဖြစ်နိုင်လျှင်15မိနစ်တစ်ကြိမ်ခန့်ထပေးပါ။မျက်တောင်မခပ်စိုက်ကြည့်မှုမျိုးကိုမလုပ်သင့်ပေ။မျက်လုံး
ညောင်းလာလျှင်ထပ်မံအားစိုက်သင့်ပေ။အာရုံပြောင်းပြီးအဝေးကိုလှမ်း
ကြည့်ခြင်းသို့မဟုတ် မျက်လုံးမှိတ်ပြီးနားခြင်းများပြုလုပ်သင့်ပါသည်။

No comments: