Monday, February 11, 2008

ခြေထောက်စိုပြေလှပအောင်ပြုလုပ်နည်း

လိုအပ်သော ပစ္စည်းများ -
၁။ ပလတ်စတစ် ဇလုံကြီး တစ်လုံး
၂။ ဆား - ထမင်းစားဇွန်း ၃ ဇွန်း
၃။ နို့မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း

ပြုလုပ်ပုံ -
၁။ ခြေထောက်ကို ဦးစွာ သန့်စင်အောင် ဆေးကြောပါ။
၂။ ပလတ်စတစ် ဇလုံထဲကို ခြေထောက်စိမ်မလောက် ရေနွေးစပ်ထည့်ပါ။ ကြက်သီးနွေးအဆင့်ဆို အဆင်ပြေနိုင်ပါတယ်။ ကိုယ်ခံနိုင်သလောက်အပူကို ချိန်ဆကြည့်ပါ။ သတိ! ရေနွေးပူလောင်ရင် တာဝန်မယူပါ။
၃။ ဆား ၃ ဇွန်း၊ နို့မှုန့် ၃ ဇွန်း ကို ရေနွေးထဲ ထည့်ပြီး သမအောင်မွှေပါ။
၎။ ပြီးရင် ထိုဇလုံထဲမှာ ခြေနှစ်ချောင်းကို အသာအယာစိမ်ပြီး လက်နှင့် ပွတ်သတ်နှိပ်နယ်ပေးပါ။
၅။ ၁၅ မိနစ်လောက်အကြာ ဇိမ်ခံပြီးရင် ခြေထောက်ကို ခြောက်သွေ့အောင် သုတ်ပြီး ၁၀ မိနစ်လောက် ခဏထားပါ။ ပြီးရင် ရေနဲ့ ဆေးချလို့ ရပါပြီ။ ချက်ချင်းဆေးချင်ရင်တော့ ရေနွေးနဲ့ ဆေးနိုင်ပါတယ်။ ရေအေးနဲ့ ဆေးရင် အပူ အအေး မမျှမှာ စိုးလို့ပါ။

ပြီးသွားရင်တော့ ဖြူစင် ကြည်လင်နေတဲ့ ကိုယ့်ခြေထောက်ကိုယ် သဘောကျနေမယ်လို့ ထင်ပါတယ်။

No comments: