Saturday, February 23, 2008

ကောင်းရာနိုးနိုး အသိပေးစကားစုများ

သူတပါးက ကဲ့ရဲ့လာတဲ့အခါ အပြစ်တင်လာတဲ့အခါမှာ ရှူးရှူးရှားရှား မဖြစ်ပဲ ခေါင်းကိုညိတ်ပြီး ပြုံးပြုံးလေး နေနိုင်တာဟာ ခမာဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံတာပါပဲ"
ဦးသုခ
ကောင်းသော ကိစ္စ မှန်သမျှ တစ်ရက်လျှင် တစ်ချက်ကျ အကြံ မထွက်တတ် ၊ မကောင်းသော အလိုရမ္မက်တို့၏ ဖုံးကွယ်မှုကိုကား အမြဲခံနေရရှာသည် ၊ သို့ကြောင့် အကြံကောင်း တစ်ချက် ပေါ်လာလျှင် ဆက်ဆက်သာ လက်ဦးအောင် ဖမ်းလုပ်တတ်မှ ကောင်းဘ၀အင်အား ကြီးထွားမည် ။"
မဟာဗောတိမြိုင်ဆရာတော်

မီးဆိုလျှင် လောင်တုန်းဆွဲနှုတ် မည်းရုံသာ ၊ စွဲသွားလျှင် နှုတ်မရ ပြာကျသွားမည်"
မဟာဗောတိမြိုင်ဆရာတော်

ဘ၀နဲ့ PingPong ကစားပွဲ အတော်တူတယ်၊ ကိုယ်မှန်ရင်လဲ ကိုယ်အမှတ်ရတယ်၊ ကိုယ်နဲ့ ယှဉ်ပြိုင်နေတဲ့သူ မှားရင်လည်း ကိုယ်အမှတ်ရတယ်"
ဦးထင်လင်းကျော် (အခွန်ဦးစီး

" လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး ဖတ်ဖို့အရေးကြီးဆုံး ဖတ်စာအုပ်နှစ်အုပ် ရှိတယ် ၊ တစ်အုပ်က 'မိမိကိုယ်' ဆိုတဲ့စာအုပ် ၊ နောက်တစ်အုပ်က 'မိမိပတ်ဝန်းကျင်' ဆိုတဲ့စာအုပ် ၊ အဲဒီစာအုပ်နှစ်အုပ်ကို သေသေချာချာဖတ်ပြီး အကြောင်းအကျိုး ဆက်စပ်တွေးမယ်ဆိုရင် လောကမှာ အောင်မြင်နိုင်တယ် ၊ မြတ်စွာဘုရားဆိုရင် မိမိကိုယ်ကို အဖတ်ကောင်းလို့ ဘုရားအဖြစ်ကိုရခဲ့တာပဲ"
အရှင်ဆန္ဒာဓိက
မီးကြားမကပ်မိလေနှင့် ဟပ်မိလျှင် အခွာရ ခက်သည်"
မဟာဗောတိမြိုင်ဆရာတော်

" နတ္တိလောကေ အနိန္ဒိတော - လောကမှာ အကဲ့ရဲ့လွတ်သောသူမရှိ"
ဆရာကြီး ဦးလေးမြင့်

ထားမေတ္တာရော ပွားမေတ္တာပါ ပြည့်ဆုံအောင် ကြိုးစားကြစေချင်ပါတယ်"
အရှင်ဆန္ဒာဓိက

" ကိုယ့်သမိုင်းကို ကိုယ်တန်ဖိုးထားသည့်သူတို့သည် သမိုင်းစဉ် ရှင်သန်ရေး၏ အားတစ်ပါးဖြစ်သော သာသနာရေးကို အားပေးကြရမည်သာ ဖြစ်ပါသည်"
ဒေါက်တာမတင်ဝင်း (ပညာရေး
)
ထားမေတ္တာရော ပွားမေတ္တာပါ ပြည့်ဆုံအောင် ကြိုးစားကြစေချင်ပါတယ်"
အရှင်ဆန္ဒာဓိက

No comments: