Thursday, February 28, 2008

သမီး မိန်းကလေး(မိန်းကလေးများအတွက်ဖတ်ရန်)

ရှေးစကားပုံဖြစ်တဲ့ “သမီးတစ်ကောင်၊ နွားတစ်ထောင်” ဆိုတာ ဒီခေတ်ကြီးအတွက်တော့ အရမ်းကိုသင့်တော်သော စကားပုံတစ်ခု ဖြစ်နေပါပြီ။ . . .

သတင်းစာထဲမှာပါတဲ့ သတင်းတစ်ခု.ပါလာတယ်
စင်္ကာပူက စံချိန်တစ်ခုကို ချိုးသွားနိုင်တဲ့ ကလေးတယောက် အကြောင်းပါ။ တခြားစံချိန်တော့ မဟုတ်ပါဘူး။ အသက်အငယ်ဆုံး ကိုယ်ဝန်ဆောင်စံချိန်ပါ။ အဲ့ဒီကောင်မလေးဟာ အသက် ၉ နှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် ၆လ ကိုယ်ဝန်ကို လွယ်ထားသူပါ။ သူမဟာ အချစ်ဆိုတာကိုလည်း သိမှာမဟုတ်ပါဘူး။ စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ။ သူမရဲ့မိဘတွေဟာ တနေကုန် အလုပ်သွားရလေ့ရှိပါတယ်။ မြန်မာပြည်လို မဟုတ်ပဲ လုံခြုံတဲ့ နိုင်ငံလို့ ယူဆလို့ပဲလားတော့ မသိပါဘူး၊ သူမရဲ့မိဘတွေဟာ အလုပ်သွားချိန်မှာ သူမကိုတယောက်တည်း ထားခဲ့လေ့ရှိပါတယ်။ သူမဟာ သူမရဲ့ကျောင်းက ၁၄ နှစ်အရွယ် ကောင်လေးကို သူမရဲ့မိဘများ အလုပ်သွားချိန်မှာ သူမရဲ့ အိမ်ကိုခေါ်ခဲ့တာပါ။
သူမရဲ့အမေဖြစ်သူက ဒီအရွယ်ငယ်သေးတယ်ထင်လို့ ဒီအကြောင်းနဲ့ပတ်သတ်လို့ မဆုံးမ၊မသင်ပြခဲ့ပါဘူး။ မြန်မာပြည်မှာတော့ ဒီအရွယ်မှာ ဒါမျိုးဖြစ်တယ်ဆိုတယ် ရှားမယ်ထင်တာပါပဲ။ ဒီနိုင်ငံမှာ ကလေးတွေကြည့်တဲ့ ကာတွန်းကားတွေကအစ Violation တွေပါနေတာပါ။ ကလေးတွေက အတုမြင် အတတ်သင်ရာကနေ ဒါမျိုးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ ဒီနိုင်ငံဟာ တိုးတက်ပါတယ်၊ ဖွံ့ဖြိုးပါတယ်၊ ပညာပေးလုပ်ငန်းတွေ၊ Counseling Section တွေလည်းရှိပါတယ်။ နိုင်ငံကလည်းသေးတော့ တော်တော်ထိထိရောက်ရောက်ကို လုပ်နိုင်ပါတယ်။ စာသင်ကျောင်းတွေကအစ ဒီကိစ္စနဲ့ပတ်သတ်လို့ ပညာပေးဟောပြောပွဲတွေ ရှိပါတယ်။ အမေရိကန်မှာဆိုရင် အလယ်တန်းမှာ ကာကွယ်တဲ့ပစ္စည်းတွေကအစ အခမဲ့ဝေပါတယ်။ တရုတ်ပြည်လိုနိုင်ငံမှာတောင် အဲ့ဒါနဲ့ပတ်သတ်လို့ ပညာပေးဘာသာရပ် တစ်ခုအနေနဲ့ ကျောင်းတွေမှာ သင်ကြားပါတယ်။ ဒါပေမယ့်လည်း ပညာပေးရာကနေ (ပညာပေးပုံ မဟုတ်လို့ လို့ထင်ပါတယ်။) စမ်းသပ်ကြည့်ချင်လာအောင် ကလေးတွေကို လုပ်ဆောင်သလို ဖြစ်သွားစေတက်ပါတယ်။ မြန်မာပြည်မှ လွဲရင် နိုင်ငံတော်များများမှာ အင်တာနက်ကိုလွတ်လပ်စွာ သုံးနိုင်နေကြတော့ ကလေးတွေလည်း အရွယ်မတန်ခင်မှာ မမြင်သေးသင့်တာတွေ မြင်လာတာပေါ့၊ ဒါကတော့ ပွင့်လင်းလွန်ပြီး၊ လွတ်လပ်လွန်းလို့ ဖြစ်လာတဲ့ ဆိုးကျိုးတွေပါ။
အထူးသဖြင့် ကလေးတွေအတွက် ကျွန်တော်ထင်တာကတော့ ပညာပေးလုပ်ငန်းတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ ပညာပေးပုံ၊ ရုပ်ရှင်၊ ဗွီဒီယို၊ အင်တာနက် စတဲ့ Media တွေ၊ ကလေးတွေရော၊ မိဘတွေရော၊ ဆရာ၊ဆရာမတွေရောရဲ့ Mindset စတဲ့ တော်တော်များများ အချက်တွေကိုပါ တချိန်တည်း၊ တပြိုင်တည်း ပြုပြင်နိုင်မှ ရနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါမျိုးလုပ်ဖို့ဆိုတာလည်း အင်မတန်ကို ခက်ခဲပါတယ်။
ဒီလိုခေတ်မျိုးမှာ သားယောကျာ်းလေး မွေးထားတဲ့ မိဘများကတော့ ကူးစပ်ရောဂါ မရှိလာဖို့ပဲ ပူရမှာပါ။ သမီးမိန်းခလေးမွေးထားမိရင်တော့ ဖုံးမနိုင်၊ ဖိမရ၊ အရှက်တကွဲ မဖြစ်ဖို့ပါ ပူကြရပြီပဲ။ အရင်က မြန်မာပြည်မှာ သမီးမိန်းခလေး အရွယ်ရောက်မှ ဒါမျိုးတွေ ပူရတာပါ။ အခုတော့ မွေးကတည်းကစပြီး ဂရုတစိုက်ကို ရှိသင့်နေပါပြီ။ ရှေးစကားပုံဖြစ်တဲ့ “သမီးတစ်ကောင်၊ နွားတစ်ထောင်” ဆိုတာ ဒီခေတ်ကြီးအတွက်တော့ အရမ်းကိုသင့်တော်သော စကားပုံတစ်ခု ဖြစ်နေပါပြီ။ ။ ဒါဟာဖတ်သင့်တယ်လိုယူဆပြီး ၀က်ဆိုဒ်တစ်ခုပေါ်ကတင်ပေးလိုက်ပါတယ်လို့။

3 comments:

Forget-Me-Not said...

ကိုကျော်လှိုဦးရေ...
စိတ်တော့ မရှိပါနဲ့။ အဲ့ဒီပို့စ်က ကျွန်မ အိမ်မက်မှာ ရေးထားတာပါ။ နောင်အခါ ကျွန်မရဲ့ ပို့စ်တွေကို ယူသုံးမယ်ဆိုရင် ကျွန်မကို တချက်လောက်တော့ အရင်လာ ပြောစေချင်ပါတယ်။ မပြောဖြစ်ပဲ ယူသုံးခဲ့တယ်ဆိုရင်လည်း ခရက်ဒစ် (သို့) မူရင်းစာရေးသူ နှင့် ဝဘ်ကို ဖော်ပြပေးစေချင်ပါတယ်။ ကျေးဇူးပါပဲရှင်။

saipan said...

ဒီပို့စ်ကို ဖတ်ရတာ မိဘတွေအတွက်ရော သားသမီးတွေအတွက်ပါ ကောင်းပါတယ် ဘယ်သူရေးတာပဲဖြစ်ဖြစ် အဓိကကတော့ သိစေချင်တာပါပဲ ပြီးတော့ အင်တာနက်ကရလာတဲ့ အချက်အလက်ကို တခြားရည်ရွယ်ချက်နဲ့အသုံးပြုထားတာလည်းမဟုတ်ပါဘူး ဖတ်မိတာကို ပြန်တင်ပေးထားတဲ့စေတနာရယ် အင်တာနက်ကရတဲ့အကြောင်းကို ရေးထားတဲ့အတွက် စာရေးသူကိုလေးစားပါတယ် မူရင်းစာရေးသူကလည်း နားလည်ပေးမယ်ဆိုရင်တော့ပိုကောင်းမယ်လို့ထင်ပါတယ်

Unknown said...

စောက်တောသားpostတင်တဲ့ကောင်