Friday, February 22, 2008

ကျွန်တော်ရဲ့သူငယ်ချင်း၏အရှက်ကြီးပုံ

ကျွန်တော်တွင်အရှက်ကြောက်အလွန်ကြီးသောသူငယ်ချင်းတစ်
ယောက်ရှိပါတယ် ။သူကမိန်းကလေးထက်များစွာအလွန်ကိုအရှက်
အကြောက်ကြီးပါသည်။တစ်ခါတစ်ရံရှက်ကြောက်ကြီးလွန်းလို့သူနဲ့တွဲသွားတွဲလာလုပ်ရတာအရမ်းစိတ်ညစ်မိပါတယ်။သူမျိုးအရှက်
အကြောက်ကြီးတာမျိုးတစ်ခါမှမတွေ့ဖူးပါဘူး။သူနာမည်က မောင်
နိုင်နိုင်ထူးလိုခေါ်ပါတယ် ။သူခမျာမုန့်စားရမှာတောင်အရှက်အကြောက်ကြီးတယ်။မုန့်တောင်
သွားမ၀ယ်ဘူး။ရှက်လွန်းလို့တဲ့။သူအစားကျွန်တော်ပဲသွားဝယ်ပေး
လိုက်ရပါသည်။နေ့လယ်ထမင်းစားချိန်ရောက်လို့ဆိုင်မှာ မုန့်တွေသွားဝယ်စားကြသူက မိန်းကလေးတွေရှိနေလို့တဲ့ ဆိုင်နားရောက်ပြီးအခန်းထဲကိုပြန်ရောက်လာတယ်။သြော် ရှက်လွန်းလို့ပါတဲ့။ ရော် ။ကျွန်တော်ပဲသွားဝယ်ပေးလိုက်ရပါတယ် ။
မုန့်ကိုတောင် ၀ယ်ပြီးသူနားမှာမထားနဲတဲ့။လျိုပြီးပေးပါတဲ့။မိန်းကလေး
တွေကြည့်နေရင်ရှက်စရာကြီးတဲ့။ဟင် ကျွန်တော်အံလည်းသြသွားတယ်။ရီလည်းရီချင်လာတယ် ။ဒေါသလည်းထွက်လာတယ် ။ဒါနဲကျွန်တော်လည်းအမြင်ကတ်ပြီးသူ့
မုန့်ကိုမပေးပဲကျွန်တော်နားမှာထားလိုက်ပြီး လိုချင်ရင်လာယူလို့ပြောလိုက်ပြီးမုန့်ကိုဦးစွာစားနေပါတယ် ။ဒါနဲသူလည်းအတင်းလိုက်ယူတယ်။ကျွန်တော်လည်းရွေ့တယ် ။
ဒါနဲသူကိုသနားလွန်းလို့ပေးလိုက်ရပါတယ်။ကျွန်တော်လည်းကျွန်တော်
မုန့်ကိုကျွန်တော်ကိုစားနေတုန်းသူကိုဖျတ်ကနဲလည့်ကြည့်တဲ့အချိန်မှာသူမုန့်ထုတ်ကပြောင်လို့။ပြီးတော့မိန်းကလေးများကိုသူကိုယ့်နဲ
တစ်ဖက်ကွယ်ပြီးမုန့်ကိုအပီပဲ ပါးစပ်သို့အတင်းထိုးထည့်နေပါတယ်။ကျွန်တော်တောင်လန့်သွားတယ်။ပါးစပ်မှာလည်းဖောင်းနေလိုက်တာ။အတင်းထိုးထည့်စားပြီးတော့အမှိုက်ကိုအောက်တွင်ထည့်လိုက်ပါသည်။ကျွန်တော်လည်းငိုအားထက်ရီအားသန်ရမလိုပင်ဖြစ်သွားသည်။ဘယ်လိုလူမျိုးပါလိမ့်။တစ်ခါမှမမြင်ဖူးပါဘူး။ကျွန်တော်လည်းအမြင်ကတ်စွာပင်သူကိုမေးလိုက်သည်။နင်မိန်းမ မယူဘူးလားလို့ မေးလိုက်တာ ယူမှာပေါ့တဲ့ ။ဟင်ဒီလောက်အရှက်အကြောက်ကြီးတဲ့သူကမိန်းမတော့ယူမယ်တဲ့။ဟွန်းမပြောလိုက်ချင်ဘူး။အမှိုက်လည်းကိုယ့်တော်ချောကြီးသွားမပစ်
တော်မှုပါ။အမှိုက်ပုံးကမိန်းကလေးနားမှာရှိနေလိုတဲ့။ကဲ။ ကျွန်တော်ဒေါသထွက်လာပြီ။သူကိုကိုက်စားမှာ လား မိန်းကလေးက။
ဆန်ကြမ်းကပိုနွဲ့နေပြန်ပြီ။နင်သွားပစ်ရင်ငါအမှိုက်ပါယူသွားပေးလိုက်
ပါတဲ့။အမြင်ကတ်စွာပင်လုံးဝပဲ မယူပေးတော့ပါ ။ဒီအထိတော့တရားတော့လွန်လာပြီ။လုပ်ပေးနေမှန်းသိလို့။သူအမှိုက်ကိုကျွန်တော်ဆီသို့လာထားတယ်။ကျွန်တော်လည်းလုံးဝပဲ ။သူအမှိုက်ကိုမယူပေးပဲ သူကိုပြန်ပေးလိုက်ပြီး ကိုယ့်ဟာကိုယ့်သွားပစ်လိုက်တယ်။ဆိုင်မှာတောင်မစားဘူး။ဘာလို့လဲဆိုတော့ရှက်လို့တဲ့။အခန်းထဲမှာမုန့်စားရင်တောင်ငုတ်ပြီးစားတဲ့ကောင်။နောက်နေ့လည်းသူအပြင်လုံးဝမထွက်ပါ။ကျွန်တော်လည်းတစ်ခါပဲဝယ်ပေးနိုင်တယ်။နောက်တစ်ခါလုံးဝမ၀ယ်ပေးနိုင်တော့ဘူး။ကိုယ့်ဟာကိုယ့်ပဲသွားဝယ်စားလိုက်တယ်။ဒီနေ့တော့ဒီကောင်တော့ရှက်လွန်းလို့ ငတ်သွားပြီ။
အမြင်ကတ်လိုမ၀ယ်ပေးတော့ဘူး။သူကထစိတ်ပေါက်လိုက်ရသေး
တယ်။ကျွန်တော်ကတော့စားချင်ရင်လိုက်လာလို့ပြောလိုက်တယ်။ဒါပဲ။အော်ဒီကောင်ရဲ့ရှေ့ရေး ၊အနာဂတ်တော့ဘယ်လိုခရီးဆက်ဦးမသိဘူး။သူအစားပဲရင်မောတယ်။
ထို့ကြောင်အရှက်ဆိုတာလိုတာထက်ပိုရင်မကောင်းဘူး။ရှက်လွန်းလို့လည်းဘ၀မှာထွန်းပေါက်သင့်သလောက်မထွန်းပေါက်နိုင်ဘူး။
ထို့ကြောင့်နေရာတိုင်းတွင်အရှက်ကြောက်မကြီးသင့်ပါလို့ပြောရင်း…….

No comments: